Open an Account & Deposit 100,000 MMK To Enjoy Free Dai-ichi Guard Life Insurance Campaign Terms & Conditions

Open an Account & Deposit 100,000 MMK To Enjoy Free Dai-ichi Guard Life Insurance Campaign Terms & Conditions

၁။ Eaxi Account၊ Savings Account နှင့် Fixed Deposit Account အသစ်ဖွင့်လှစ်သည့် individual customer များအတွက် ပြုလုပ်သော Dai-ichi Guard (KBZ Protect) Campaign သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ  ၁၄ရက်နေ့မှ ၂၀၂၅ ခုနှစ် ဂျူလိုင်လ ၃၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ 

၂။ ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ယခု Campaign တွင်ပါဝင်ရန် သတ်မှတ်ကာလအတွင်း ကနဦးစွာ Eaxi Account၊ Savings Account နှင့် Fixed Deposit Account ဘဏ်စာရင်းအသစ်ဖွင့်ရန် လိုအပ်ပါသည်။ Eaxi Account၊ Savings Account နှင့် Fixed Deposit Account ဘဏ်စာရင်းအသစ် ဖွင့်လှစ်သည့်အချိန်တွင် ၎င်းဘဏ်စာရင်းတွင် အနည်းဆုံးအပ်နှံငွေ ပမာဏတစ်သိန်း (၁၀၀,၀၀၀) ကျပ်မှစတင်ထည့်သွင်းပြီးပါက Dai-ichi Guard (KBZ Protect) အသက်အာမခံအကာအကွယ် ကိုခံစားခွင့် ကနဦး အခွင့်အရေးရရှိမည်ဖြစ်ပါသည်။ 

၃။ Customer များသည် ဤ Campaign ကာလအတွင်း အပိုဒ်(၂) ပါအချက်အလက်များနှင့်ပြည့်စုံပြီး  Dai-ichi ၏ Financial Advisor မှ မေးမြန်းသော မေးခွန်းများကို ဖြေဆိုအောင်မြင်မှသာလျှင် Dai-ichi Guard (KBZ Protect) Campaign ၏ အသက်အာမခံအကာအကွယ် အကျိုးခံစားခွင့်ကိုရရှိနိုင်မည်ဖြစ်သည်။

၄။ Customer သည် Dai-ichi Counter မရှိသော ဘဏ်ခွဲတွင် အကောင့်ဖွင့်လှစ်ခဲ့လျှင် ယခု ပေးအပ်သော အသက်အာမခံအကာအကွယ်ကိုရရှိရန် Dai-ichi Counter ရှိသော ဘဏ်ခွဲသို့ ရုံးဖွင့်ရက် (၃) ရက်အတွင်း သွားရောက်ရမည်ဖြစ်သည်။ 

၅။ ဤ Campaign တွင် ပါဝင်ခွင့်ရှိသော Customer ၏ အသက်အရွယ်အပိုင်းခြားမှာ ၁၈ နှစ်မှ ၆၄ နှစ်အထိ သတ်မှတ်ထားပါသည်။ 

 ၆။ အသက်အာမခံ အကာအကွယ်ရရှိနိုင်သည့် ကာလမှာ Customer များသည် Dai-ichi မှ Dai-ichi Guard (KBZ Protect) ပေါ်လစီ E-certificate ထုတ်ပေးသည့်နေ့မှစ၍ ၆ လပြည့်သည်အထိ ဖြစ်ပါသည်။

၇။ ဤ Campaign ကာလအတွင်း Customer တစ်ဦးမှ Eaxi Account၊ Savings Account နှင့် Fixed Deposit Account ဘဏ်စာရင်း (၁)ခုထက်ပို၍ဖွင့်လှစ်နိုင်ပါသည်။ Dai-ichi အနေဖြင့် သတ်မှတ်ချက်ပြည့်မီသော Customer တိုင်းကို Dai-ichi Guard (KBZ Protect) အသက်အာမခံပေါ်လစီ E-certificate ကိုထုတ်ပေးမည်ဖြစ်သည်။ သို့ရာတွင် Customer တစ်ဦးသည် အကြောင်းကြောင်းကြောင့် Dai-ichi Guard (KBZ Protect)  E-certificate အစောင်ရေ မည်မျှပင်ရရှိထားသည်ဖြစ်စေ အကျိုးခံစားခွင့် Claim ပေးအပ်ပါက တစ်ကြိမ်သာလျှင် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

၈။ ဤ Campaign တွင် ရရှိမည့် Dai-ichi Guard (KBZ Protect) အသက်အာမခံအကာအကွယ်သည် Customer သေဆုံးခြင်း သို့မဟုတ် ထာဝရမသန်စွမ်းဖြစ်ခြင်းတို့ အတွက်သာ ခံစားခွင့်ရှိမည်ဖြစ်သည်။ ဤ Guard (KBZ Protect) ၏ အသက်အာမခံအကာအကွယ်ကို Eaxi Account၊ Savings Account နှင့် Fixed Deposit Account ဖွင့်လှစ်ခဲ့သည့် စာရင်းပိုင်ရှင်ကိုယ်တိုင်အတွက်သာလျှင် ရရှိနိုင်မည်ဖြစ်သည်။

၉။ ဤ Campaign တွင် ခံစားခွင့်ရှိသော အသက်အာမခံအကာအကွယ်အကျိုးခံစားခွင့်၏ ပမာဏမှာ သိန်းနှစ်ဆယ်ကျပ် (၂,၀၀၀,၀၀၀/-) တိတိ ဖြစ်ပြီး ဤ အသက်အာမခံအကာအကွယ်အကျိုးခံစားခွင့် အတွက် သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် Eaxi Account၊ Savings Account နှင့် Fixed Deposit Account ပိုင်ရှင်များအနေဖြင့် ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ 

၁၀။ ဤ Campaign တွင် ပါဝင်သော အသက်အာမခံအကာအကွယ်အကျိုးခံစားခွင့် ကို claim နိုင်ရန် အတွက် အကျိုးခံစားခွင့်ရှိသူ သည် ပထမဦးစွာ Dai-ichi မှ Financial Advisor (သို့မဟုတ်) customer service (သို့မဟုတ်) Dai-ichi counterရှိသော ကမ္ဘောဇဘဏ် သို့ဆက်သွယ်ရမည်ဖြစ်သည်။ ဆက်သွယ်ရာတွင် လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ Dai-ichi ၏ customer services သို့ ဖုန်းဖြင့်လည်းကောင်း၊ Dai-ichi ၏ customer service email ([email protected]) သို့လည်းကောင်း ဆက်သွယ်နိုင်ပါသည်။  ပြန်လည် claim နိုင်မည့်ကာလမှာ Dai-ichi မှ သတ်မှတ်ထားသော ကာလအတွင်းသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ 

 ၁၁။ Dai-ichi Counter ရှိသော ကမ္ဘောဇဘဏ်ခွဲများတွင်သာ ၎င်းဝန်ဆောင်မှုကိုရရှိခံစားနိုင်မှာဖြစ်ပြီး ဘဏ်ခွဲ တည်နေရာများကို ယခု Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

၁၂။    အကျိုးခံစားခွင့်ရှိသူ သည် Dai-ichi ၏ Financial Advisor နှင့်တွေ့ဆုံပြီးလျှင်  Dai-ichi မှတောင်းဆိုသော  လိုအပ်သည့်အချက်အလက်များကို  ပေးရမည်ဖြစ်ပြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းချက်များ အတိုင်း ဆက်လက် ဆောင်ရွက်မှသာလျှင် အသက်အာမခံအကာအကွယ်အကျိုးခံစားခွင့် ကိုရရှိမည်ဖြစ်သည်။  

၁၃။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ Campaign ကာလ ကုန်ဆုံးသွားသော်လည်း  အသက်အာမခံအကာအကွယ်အကျိုးခံစားခွင့် အားခံစားခွင့် ရရှိသော Customer များသည် အပိုဒ် ၄ တွင် ဖော်ပြချက်များအတိုင်း အကျိုးခံစားခွင့် ရရှိမည် ဖြစ်ပါသည်။

၁၄။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၅။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ Customer နှင့် ကမ္ဘောဇဘဏ်တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၇။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၈။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၉။ ကမ္ဘောဇဘဏ်၏ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Dai-ichi ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။