Bank Guarantee Deposit Account
ဘဏ်အာမခံအပ်ငွေစာရင်း
ဘဏ်အာမခံအပ်ငွေစာရင်းဆိုသည်မှာ ကမ္ဘောဇဘဏ်တွင် ဘဏ်အာမခံအတွက် ငွေအပ်နှံသူမှဖွင့်လှစ်နိုင်သည့် ငွေစာရင်းအမျိုးအစားဖြစ်ပါသည်။ ဤငွေစာရင်းအမျိုးအစားသည် ဘဏ်အာမခံရည်ရွယ်ချက်အတွက် ငွေသွင်းခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်သော သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပါသည်။

ငွေသားထည့်သွင်းခြင်း၊ ငွေသားထုတ်ယူခြင်း
ဘဏ်အာမခံအပ်ငွေစာရင်းတွင် ငွေသားထည့်သွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ စာရင်းပြောင်းခြင်းများကို လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ ငွေအပ်နှံသူ၏ အခြားငွေစာရင်းများဖြစ်သော ပုံမှန်ငွေစာရင်းအကောင့်နှင့် ငွေစာရင်းအကောင့်တို့မှ ဘဏ်အာမခံအပ်ငွေစာရင်းသို့ စာရင်းပြောင်းနည်းဖြင့် ငွေထည့်သွင်းခြင်း၊ ပြန်လည်ထုတ်ယူခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ပါသည်။

စာရင်းဖွင့်လှစ်နိုင်သော Customer များ
ဘဏ်အာမခံအပ်ငွေစာရင်းအား တစ်ဦးချင်း၊ တွဲဖက်၊ သို့မဟုတ် စီးပွားရေးလုပ်ငန်း/အဖွဲ့အစည်း ဘဏ်စာရင်းအနေဖြင့် ဖွင့်လှစ်အသုံးပြုနိုင်ပါသည်။

ငွေစုဘဏ်စာအုပ်
ဘဏ်အာမခံအပ်ငွေစာရင်းသစ်ဖွင့်လှစ်ပါက ငွေစုဘဏ်စာအုပ် ရရှိမည်ဖြစ်ပါသည်။

အတိုးနှုန်း
ဘဏ်အာမခံအပ်ငွေစာရင်းတွင် အတိုးနှုန်းအား တစ်နှစ်လျှင် ၆% ဖြင့် နေ့စဉ် တွက်ချက် ပေးမည်ဖြစ်ပြီး သုံးလလျှင် တစ်ကြိမ် အတိုးထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

ကနဦးအပ်နှံငွေနှင့် အနည်းဆုံးလက်ကျန်ငွေ
ဘဏ်အာမခံအပ်ငွေစာရင်းသစ်ဖွင့်လှစ်ရာတွင် ကနဦးအပ်နှံငွေနှင့် ငွေစာရင်းတွင်ထားရှိရမည့် အနည်းဆုံးလက်ကျန်ငွေပမာဏသည် ကျပ် ၁,၀၀၀/- ဖြစ်ပါသည်။

Mobile Banking
ဘဏ်အာမခံအပ်ငွေစာရင်းကို ကမ္ဘောဇဘဏ်၏ Mobile Banking Application မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။
ကနဦးအပ်နှံငွေ
၁,၀၀၀ ကျပ်
အနည်းဆုံးလက်ကျန်ငွေ
၁,၀၀၀ ကျပ်
အတိုးနှုန်း
၆% (တစ်နှစ်လျှင်)
Why choose this account

Earn Interest
ဘဏ်အာမခံအတွက် အပ်ငွေစာရင်းဖွင့်လှစ်ရာတွင် တစ်နှစ်လျှင် ၆% ဖြင့် အတိုးရယူနိုင်ခြင်း

Easy Transfers
ဘဏ်အာမခံဝန်ဆောင်မှုရယူရန်အတွက် ငွေစာရင်းသို့ လွယ်ကူစွာ ငွေသားထည့်သွင်းခြင်း၊ ငွေသားထုတ်ယူခြင်း၊ စာရင်းလွှဲပြောင်းခြင်းများ ပြုလုပ်နိုင်ခြင်း

Accessibility
ဘဏ်အာမခံအပ်ငွေစာရင်းကို KBZ Mobile Banking App မှတစ်ဆင့် အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်ခြင်း
စာရင်းဖွင့်လှစ်ရာတွင် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများ
အမျိုးသားမှတ်ပုံတင်ကတ် (NRC) သို့မဟုတ် သက်တမ်းရှိသည့် နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံတော်အစိုးရက ထုတ်ပေးထားသည့် အသိအမှတ်ပြုကတ်တစ်ခုခု