KBZ Home Loan

သင့်စိတ်ကူးထဲက အိမ်လေးကို ကမ္ဘောဇအိမ်ရာချေးငွေ ဖြင့် ရယူလိုက်ပါ

ကမ္ဘောဇအိမ်ရာချေးငွေမှ customer တစ်ဦးချင်းစီရဲ့လိုအပ်ချက်အလိုက် ချေးငွေသက်တမ်းအမျိုးမျိုး၊ ကနဦးချေးငွေအမျိုးမျိုးကို ရွေးချယ်လျှောက်ထားနိုင်မယ့် အိမ်ရာချေးငွေအမျိုးအစားပေါင်းများစွာကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အိမ်ဝယ်ယူမယ့် customer တစ်ယောက်ချင်းစီရဲ့အခြေအနေတွေဟာ မတူညီနိုင်တဲ့အတွက် ကမ္ဘောဇအိမ်ရာချေးငွေအတိုင်ပင်ခံမှ ချေးငွေလျှောက်ထားတဲ့လုပ်ငန်းစဉ်တလျှောက်လုံးမှာ ကူညီလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။ Customer များ အခက်အခဲမရှိ ချေးငွေပြန်လည်ပေးဆပ်နိုင်ရန်အတွက် ကမ္ဘောဇအိမ်ရာချေးငွေမှ ချေးငွေသက်တမ်း ၂၅ နှစ်အထိလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ မိမိနဲ့အကိုက်ညီဆုံးဖြစ်မယ့် အိမ်ရာချေးငွေအမျိုးအစားကို အောက်ဖော်ပြပါ ကမ္ဘောဇအိမ်ရာချေးငွေများထဲကနေ ရွေးချယ်ကြည့်လိုက်ရအောင်။

အရင်းအမြစ် နှင့် လိုအပ်သည့် တွက်ချက်မှုများ

ရယူနိုင်မည့် အိမ်ရာချေးငွေပမာဏအတွက် ဂဏန်းပေါင်းစက်

သင့်၏ ဝင်ငွေအား အသုံးပြုပြီး သင်ရယူနိုင်မည့် အိမ်ရာချေးငွေ ပမာဏအား တွက်ချက်လိုက်ပါ။

ပြန်လည်ပေးအပ်ရမည့် ပမာဏအတွက် ဂဏန်းပေါင်းစက်

သင်၏ ပြန်လည်ပေးဆပ်ရမည့် အိမ်ရာချေးငွေ ပမာဏအား တွက်ချက်လိုက်ပါ။

လျှောက်ထားပုံ အဆင့်ဆင့်

အိမ်ရာချေးငွေ တစ်ခု ရယူရန် လိုအပ်သည့် အဆင့်များကို သိရှိနိုင်ရန်။

မေးလေ့မေးထရှိသည့် မေးခွန်းများ

အသုံးဝင်သည့် အကြောင်းအရာများနှင့် မေးလေ့မေးထရှိသည့် မေးခွန်းများ။

Ready to Apply for Conditional Pre-Approval?

There are a few things you’ll need to begin, such as your proof of identity, employment details and financial details such as income

Get a call from one of our
Home Loan Specialists


Request a call back
KBZ Home Loan

အိမ်ရာချေးငွေဆိုတာ ဘဝအတွက်အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အစောတလျင် ဆုံးဖြတ်ချက်မချမီ မှာ သိသင့်သိထိုက်တာမှန်သမျှကို ကြိုတင်သိရှိထားဖို့လိုအပ်ပါတယ်။ ကမ္ဘောဇအိမ်ရာချေးငွေဟာ ချေးငွေရယူထားတဲ့ကာလတစ်လျှောက်လုံး ချေးငွေပြန်လည်ပေးဆပ်မှုမှာ လုံးဝအပြောင်းအလဲမရှိတဲ့အတွက် စိတ်အေးသက်သာစွာ စိတ်ချထားနိုင်မှာဖြစ်ပါတယ်။ သင့်စိတ်ကူးထဲကအိမ်လေးကို ကနဦးပေးသွင်းငွေ ၅၀% ပေးသွင်းမယ်ဆိုပါကလည်း အထူးအတိုးနှုန်း ၁၁% နဲ့ရယူပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ချေးငွေသက်တမ်းအမျိုးအစားများစွာရှိပြီး အများဆုံးအနေဖြင့် ချေးငွေသက်တမ်း ၂၅ နှစ်အထိလည်း ရယူနိုင်မှာဖြစ်ပါတယ်။

KBZ Home Loan for Professionals

ဆရာဝန်၊ ရှေ့နေ သို့မဟုတ် ဗိသုကာပညာရှင်ကဲ့သို့ ကျွမ်းကျင်ပညာရှင်များအတွက် ကမ္ဘောဇအိမ်ရာချေးငွေမှာ သက်ဆိုင်ရာပညာရပ်အထောက်အထားအလိုက် Home Loan for Professionals အိမ်ရာချေးငွေကို လျှောက်ထားရယူနိုင်ပြီဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက homeloan@kbzbank.com (သို့မဟုတ်) ကမ္ဘောဇအိမ်ရာချေးငွေအတိုင်ပင်ခံနဲ့ဆက်သွယ်ဆွေးနွေးပြီး သင်ဟာ Home Loan for Professionals ချေးငွေနဲ့ကိုက်ညီမှုရှိမရှိကို သိရှိနိုင်ပါတယ်။

KBZ Home Loan for Partnership Business Owner

အစုအစပ်လုပ်ငန်းရှင်များအနေနဲ့ မိမိနဲ့တွဲဖက်လုပ်ကိုင်သူမှ ချေးငွေလျှောက်လွှာတွင်ပူးတွဲလက်မှတ်ထိုးပေးဖို့ သဘောတူမယ်ဆိုပါက “ Home Loan to Business Owners” အစီအစဉ်ဖြင့် စိတ်ကူးထဲမှကိုယ်ပိုင်အိမ်ကို ကမ္ဘောဇအိမ်ရာချေးငွေမှာ လျှောက်ထားနိုင်ပါပြီ။

KBZ Rental Income Home Loan

သင်က အိမ်ခြံမြေ၊တိုက်ခန်းငှားရမ်းခြင်းဖြင့် ဝင်ငွေရရှိနေသူတစ်ယောက်လား။ ကမ္ဘောဇဘဏ်လိမိတက်၏ အိမ်ရာချေးငွေ လျှောက်ထားပါကတိုက်ခန်း၊ကွန်ဒို၊မြေအဆောက်အဦ၊တွဲလျှက် နှင့် အခြားငှားရမ်းခြင်းမှ ရရှိလာသော ငှားရမ်းခများကိုပါဝင်ငွေအဖြစ် တွက်ချက်ပေးမည့် Rental Income Home Loan ကိုအခုဘဲလျှောက်ထားလိုက်ရအောင်။

KBZ Plot-Plus-Construction Home Loan

ကိုယ်ပိုင်မြေကွက်လေးဝယ်ပြီး မိမိစိတ်တိုင်းကျ အိမ်လေးကိုတည်ဆောက်ဖို့ စဉ်းစားနေတယ်ဆို ရင်တော့ ဒီ Plot Plus Construction Loan ကို လျှောက်ထားလိုက်ပါ။

KBZ Home Improvement Loan

သင့်နေအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ဖို့ ငွေကြေးအကူအညီလိုအပ်နေပါသလား။ နေအိမ်အဆောက်အဦအတွင်းအပြင်နှင့် အခြားအစိတ်အပိုင်းများကို ပြုပြင်မွမ်းမံလိုတဲ့ customer များအတွက် ပြင်ဆင်စရိတ်၏ ၇၀% အထိ ပြင်ဆင်စရိတ်ကာမိစေမယ့် ကမ္ဘောဇဘဏ်အိမ်ရာချေးငွေရဲ့ “Home Improvement Loan” က ကူညီပေးဖို့အသင့်ရှိနေပါတယ်။

KBZ Step Up Loan

Customer များအနေဖြင့် အိမ်ရာချေးငွေအစီအစဉ်များကို ပိုမိုစိတ်ဝင်စားလာသည့်အလျောက် ကမ္ဘောဇအိမ်ရာချေးငွေမှလည်း အိမ်ပိုင်ဆိုင်လိုသူ customer များအတွက် ပိုမိုသက်သာသောနှုန်းထားများဖြင့် စိတ်ကူးအိမ်ပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်ပေးလျက်ရှိပါသည်။ KBZ Step Up Loan ဖြင့် အိမ်ရာချေးငွေရယူလိုသူများသည် ပထမနှစ်တွင်အတိုးနှုန်း ၁၀% ၊ ဒုတိယနှစ်တွင် အတိုးနှုန်း ၁၁%၊ တတိယနှစ်မှ စတင်ပြီး ကျန်နှစ်များအတွက် ၁၀% ဖြင့်သာ ပေးချေရမည်ဖြစ်ပြီး ကနဦးပေးချေငွေ ၅၀% နှင့် အထက် ပေးပါက အတိုးနှုန်း ၁၁% သာ ပေးရန်လိုအပ်ပါသည်။

KBZ Home Construction Loan

သင့်စိတ်ကူးအိပ်မက်ထဲက အိမ်လေးတစ်လုံးကို စတင်ဆောက်လုပ်တော့မှာလား။ Home Construction Loan က သင့်စိတ်ကူးထဲကအိမ်လေးတစ်လုံးကို အမြန်ဆုံးအပြီးသတ်ရုပ်လုံးပေါ်လာစေဖို့ ကူညီပေးပါလိမ့်မယ်။ ဒီချေးငွေရဲ့ သိသာထင်ရှားတဲ့ အားသာချက်ကတော့ သင်အသုံးပြုတဲ့ ငွေပမာဏပေါ်မှာပဲ အရင်ဆုံး အတိုးသာပေးသွင်းထားရမှာဖြစ်ပါတယ်။ စိတ်ကူးထဲကအိမ်လေးဆောက်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီဆိုရင် အသေးစိတ်အချက်အလက်များ သိရှိနိုင်ရန်အတွက် homeloan@kbzbank.com ကိုဆက်သွယ်၍သော်လည်းကောင်း လူကြီးမင်းထံ ပြန်လည်ဆက်သွယ်စေရန် အတွက်တောင်းဆိုနိုင်ပါတယ်။

ဘာကြောင့် ကမ္ဘောဇ အိမ်ရာချေးငွေအား ရယူသင့်ပါသလဲ။

မြန်ဆန်တဲ့ လုပ်ငန်းစဉ်

လျှောက်ထားမှုအခြေအနေအား အမြဲ အသိပေးနေမည့် စနစ်

ကွဲပြားသည့် လိုအပ်ချက်များအတွက် ချေးငွေ ထုတ်ကုန်အမျိုးမျိုး

အထူး လျှော့ဈေးများ

ချေးငွေလျှောက်ထားခြင်း

Home Loan Calculator ကိုအသုံးပြုပြီး ရယူနိုင်မယ့်ချေးငွေပမာဏကို တွက်ချက်ပါ။

အနီးစပ်ဆုံး ကမ္ဘောဇဘဏ်ခွဲ/အိမ်ရာချေးငွေဌာနသို့သွားရောက်ပါ လျှောက်ထားရယူပါ။

လက်မှတ်ရေးထိုးထားသော အိမ်ရာချေးငွေလျှောက်လွှာနဲ့အတူ လိုအပ်သောစာရွက်စာတမ်းများအား ကမ္ဘောဇအိမ်ရာချေးငွေဌာန (သို့မဟုတ်) ကမ္ဘောဇဘဏ်ခွဲတွင် တိုက်ရိုက်တင်သွင်းပါ။

ချေးငွေလျှောက်ထားမှုလုပ်ငန်းစဉ်စတင်ပါပြီ

ချေးငွေလျှောက်ထားမှုအား စီစစ်ခြင်း

ကမ္ဘောဇဘဏ်အိမ်ရာချေးငွေစာရင်းရှင်အကောင့် ဖွင့်လှစ်ပြီး အိမ်ရာချေးငွေအတွက် ကျသင့်သည့် ဝန်ဆောင်ခများပေးသွင်းပါ။

ကမ္ဘောဇဘဏ်သို့ General Power လွှဲပြောင်းပြီး ဝန်ဆောင်ခများအားအပြီးသတ်ပေးချေပါ။

သင့်ချေးငွေအား ရောင်းချသူရဲ့ ကမ္ဘောဇဘဏ်အကောင့်အတွင်းသို့ လွှဲပြောင်းပေးလိုက်ပါပြီ

ချေးငွေပြန်လည်ပေးဆပ်ခြင်း

သတ်မှတ်ရက်မတိုင်မီ သင့်ရဲ့ အိမ်ရာချေးငွေပေးချေမှုအကောင့်အတွင်းသို့ လစဉ်ပေးဆပ်ရမည့်ပမာဏကို ထည့်သွင်းပါ

ပြန်လည်ပေးသွင်းရမည့် နေ့မတိုင်မီ customer ထံသို့ sms မှတစ်ဆင့် ၃ ရက် ကြိုတင်အကြောင်းကြားပါမည်

ချေးငွေသက်တမ်း ၁ နှစ် ပြည့်ပြီးပါက ချေးငွေအပြည့် (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို penalty fees ပေး၍ ပေးချေနိုင်ခြင်း။

ယခု Calculator သည် သင်ရယူလိုသော အိမ်တန်ဖိုး  နှင့် ကနဦးပေးချေငွေပမာဏ အပေါ်မူတည်ပြီး တစ်လလျှင် ပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏအား အကြမ်းဖျင်းတွက်ချက်နိုင်သည့် စံတွက်ချက်မှု တစ်ခုသာဖြစ်သည်။ အခြားသော အိမ်ရာချေးငွေအမျိုးအစားအတွက် သင်၏ ချေးငွေရယူနိုင်မှု နှင့် လစဉ်ပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏ အကြောင်းအား သိရှိလိုပါက KBZ Home Loan Sales အဖွဲ့အား အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှ တစ်ဆင့် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါသည်။

Created with Highcharts 6.0.4KBZ EMI CalculatorLoan: 82.4 %Loan: 82.4 %Interest: 17.6 %Interest: 17.6 %Highcharts.com
Created with Highcharts 6.0.4KBZ Bank Available Credit LimitLoan: 82.4 %Loan: 82.4 %Interest: 17.6 %Interest: 17.6 %Highcharts.com

See more >>

ကမ္ဘောဇအိမ်ရာချေးငွေကို ဘယ်သူတွေလျှောက်ထားနိုင်ပါသလဲ။

ကမ္ဘောဇအိမ်ရာချေးငွေကို လျှောက်ထားနိုင်ရန်အတွက် အိမ်ရာချေးငွေလျှောက်ထားသူသည် အသက် (၁၈) နှစ် ပြည့်ပြီး (၆၅) နှစ် ထက်မကြီးသော မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး လစဉ်ပုံမှန်ဝင်ငွေ ရရှိသူဖြစ်ရပါမည်။ အသေးစိတ်ထပ်မံသိရှိလိုပါက ကမ္ဘောဇအိမ်ရာချေးငွေ စင်တာ ဖုန်းနံပါတ် 09-444000700/800 ၊ 09-444111102/03 ၊ 01-556437၊ 01-556452 သို့လည်းကောင်း homeloan@kbzbank.com သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လစဉ်ပုံမှန်ဝင်ငွေရှိသော ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ပါက ကမ္ဘောဇအိမ်ရာချေးငွေ လျှောက်ထားနိုင်ပါသလား။

လျှောက်ထားနိုင်ပါသည်။

ချေးငွေလျှောက်ထားခြင်း လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အချိန်မည်မျှကြာမြင့်နိုင်ပါသနည်း။

အိမ်ရာချေးငွေအမျိုးအစားတစ်ခုချင်းစီ၏ ကြာမြင့်ချိန်မှာ လူကြီးမင်း လျှောက်ထားလိုသည့် ချေးငွေအမျိုးအစား၊ လိုအပ်သည့် စာရွက်စာတမ်းများ နှင့် စာရွက်စာတမ်း စီစစ်မှုများပေါ်တွင်မူတည်ပြီး ပြောင်းလဲနိုင်သည့်အတွက် ကြာမြင့်ချိန်အတိအကျအား ခန့်မှန်းရန်ခက်ခဲပါသည်။လူကြီးမင်း သတ်မှတ်ထားသောအချိန်ကာလအတွင်း ချေးငွေရယူခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်စေဖို့အတွက် ကမ္ဘောဇအိမ်ရာချေးငွေကျွမ်းကျင်ပညာရှင်များမှ ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါသည်။ ချေးငွေရယူလျှောက်ထားလိုပါက ကမ္ဘောဇအိမ်ရာချေးငွေစင်တာ ဖုန်းနံပါတ် 09-444000700/800 ၊ 09-444111102/03၊ 01-556437၊ 01-556452 သို့လည်းကောင်း homeloan@kbzbank.com သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆရာဝန် တစ်ဉီးအနေဖြင့် လျှောက်ထားနိုင်သည့် အထူးချေးငွေ အစီအစဉ်များ ရှိပါသလား။

ဆရာဝန်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်များအတွက် အိမ်ရာချေးငွေ လျှောက်ထားရယူနိုင်မည့် အထူးအစီအစဉ်ရှိပါသည်။ အသေးစိတ်အချက်အလက်များအတွက် ကမ္ဘောဇအိမ်ရာချေးငွေကျွမ်းကျင်သူများမှ ကူညီပံ့ပိုးပေးနိုင်ရန် ကမ္ဘောဇအိမ်ရာချေးငွေစင်တာဖုန်းနံပါတ် 09-444000700/800 ၊ 09-444111102/03၊ 01-556437၊ 01-556452 သို့လည်းကောင်း homeloan@kbzbank.com သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ထပ်မံသိရှိလိုသည့် အကြောင်းအရာများအတွက် မည်သို့ဆက်သွယ်မေးမြန်းနိုင်သနည်း။ 

ထပ်မံသိရှိလိုသော အကြောင်းအရာများအား ဖုန်းနံပါတ် 09-444000700/800 ၊ 09-444111102/03 ၊ 01-556437၊ 01-556452 ကို (မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ) တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန်အတွင်း မနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ အထိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲ များတွင်လည်း သွားရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

အိမ်ထောင်စုဇယားတစ်ခုတည်းတွင်ရှိသော မောင်နှစ်မ ၂ ဉီးမှ အတူတစ်ကွ အိမ်ရာချေးငွေလျှောက်ထားနိုင်ပါသလား။

မောင်နှစ်မ ၂ ဉီးလုံး အိမ်ထောင်မပြုရသေးပါက လျှောက်ထားနိုင်ပါသည်။

ချေးငွေသက်တမ်း ၁ နှစ်မပြည့်သေးခင် ချေးငွေပြန်လည်ပေးဆပ်လို့ရပါသလား။

ချေးငွေအားတစ်စိတ်တစ်ပိုင်းပေးဆပ်လိုပါက ချေးငွေပေးချေမှုအချိန်ဇယားအရ လစဥ်ပုံမှန်ပေးသွင်းရမည့်ပြန်လည်ပေးဆပ်ငွေပမာဏကို ၁၂လပြည့်သည်အထိ ပေးသွင်းရမည်ဖြစ်ပြီး ၁၃လမှ ၃၆လအတွင်း စောလျင်စွာပြန်လည်ပေးဆပ်လိုသောငွေပမာဏပေါ်တွင် ၁%အား early repayment fee အနေဖြင့် ထပ်ဆောင်းပေးအပ်ရမည်ဖြစ်သည်။
အကယ်၍ ချေးငွေသက်တမ်း ၃၆လအတွင်း ချေးငွေကိုပြန်လည်ပေးဆပ်လိုပါက early repayment fee အဖြစ် ကျန်ရှိနေသည့်ချေးငွေ၏ ၁% အား ထပ်ဆောင်းပေးအပ်ရမည်ဖြစ်သည်။
လပေါင်း ၃၆လနောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ပါက early repayment fee ပေးဆောင်ရန်မလိုအပ်ပါ။

ချေးငွေသက်တမ်း (၁၀) နှစ် မှ (၅) နှစ်သို့ ပြောင်းလဲလို့ရပါသလား။ 

ပြောင်းလဲလို့ရပါသည်။ ချေးငွေအား ၅ နှစ်အတွင်းပြန်လည်ပေးချေနိုင်သည်ဆိုသည့် ဝင်ငွေအချက်အလက်အထောက်အထား များပေးအပ်ရမည်ဖြစ်သည်။ သင်သည် ချေးငွေသက်တမ်း ၁ နှစ်ပြည့်ပြီးချိန်တွင် ချေးငွေသက်တမ်းအား ပြောင်းလဲနိုင်မည်ဖြစ်သည်။ 

သင်္ဘောသားတစ်ဉီးအနေဖြင့် အိမ်ရာချေးငွေ လျှောက်ထားလို့ရပါသလား။ 

လျှောက်ထားလို့ရပါသည်။

ပြည်ပမှ လာရောက်လုပ်ကိုင်သော နိုင်ငံခြားသား တစ်ဉီးအနေဖြင့် အိမ်ရာချေးငွေ လျှောက်ထားလို့ရပါသလား။ 

လျှောက်ထားလို့ရပါသည်။

ချေးငွေအား သတ်မှတ်ထားသည့် ရက်အတွင်းပြန်လည် မပေးအပ်နိုင်ပါက မည်ကဲ့သို့ ဖြစ်မည်နည်း။ 

ချေးငွေပြန်လည်ပေးအပ်ရမည့် နေ့အား ၅ ရက်အထိ နောက်ကျခွင့်ရှိပါသည်။ သို့သော ၅ ရက် ထက်ကြာမြင့်ပါက ပေးအပ်ရန်ကျန်ရှိနေသည့် ချေးငွေပမာဏ၏ ၁၅% အား ဒဏ်ကြေးအဖြင့် ထပ်ဆောင်းပေးအပ်ရမည်ဖြစ်သည်။ ချေးငွေအား ရက် ၃၀ ထက် နောက်ကျခွင့်မရှိပါ။ ရက် ၃၀ ထက် နောက်ကျပါက ချေးငွေရယူထားသည့် သဘောတူညီချက်အား ပယ်ဖျက်မည်ဖြစ်ပြီး ဘဏ် မှ လိုအပ်သည့် အရေးယူမှုများအား လုပ်ဆောင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရန်

Home Loan Center (Monday – Friday 9:30 a.m. to 4:00 p.m.)
Call : 01-556437, 01-556452
09-444111102/03, 09-444000700/800