Author: khinchanthar

Home / khinchanthar
ကမ္ဘောဇဘဏ်လီမိတက် Legal and Compliance Function ၏ ဌာနခွဲတစ်ခုဖြစ်သော Compliance Department မှ ကမ္ဘောဇဘဏ် သို့ ဝင်ရောက်လာကြသည့် ဝန်ထမ်းအသစ်များ အား AML / CFT နှင့် ပတ်သက် သည့် Awareness Training အား KBZ Bank Learning and Development Center တွင် သင်ကြားပေးခြင်း
အမျိုးသားနေ့ ဘဏ်ပိတ်ရက် ကြေညာခြင်း

အမျိုးသားနေ့ ဘဏ်ပိတ်ရက် ကြေညာခြင်း

၂၀၂၂ ခုနှစ် နိုဝင်ဘာလ  ၁၇ ရက်နေ့သည် အများပြည်သူရုံးပိတ်ရက် အမျိုးသားနေ့ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ပြီး  ငွေကြေးဆိုင်ရာကိစ္စရပ်များကို  KBZ Online Banking (mBanking၊ iBanking) နှင့်  KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
နိုဝင်ဘာ 16, 2022နိုဝင်ဘာ 16, 2022 In Announcements
“ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ။ 

“ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ။ 

“ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်တွင် မည်သူတို့ပါဝင်နိုင်ပါသလဲ။ “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်တွင် KBZ Bank VISA Credit Card ဖြင့်  ငွေပေးချေသူများအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။  “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်ကို မည်သို့ ပါဝင်နိုင်ပါမည်နည်း။ “ငွေကျပ် ၁၀ သိန်းအထိ...
နိုဝင်ဘာ 13, 2022နိုဝင်ဘာ 13, 2022 In Uncategorized
တန်ဆောင်တိုင်ဘဏ်ပိတ်ရက်ကြေညာခြင်း

တန်ဆောင်တိုင်ဘဏ်ပိတ်ရက်ကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂) ခုနှစ် နိုဝင်ဘာလ (၇)  ရက်နေ့သည် တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  တို့မှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
နိုဝင်ဘာ 4, 2022နိုဝင်ဘာ 4, 2022 In Announcements
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လုပ်ခလစာလွှဲပြောင်းခြင်းအတွက် ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်းအပြင် နိုင်ငံတော်မှ အပိုဆောင်းငွေထည့်သွင်းပေးခြင်း

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ လုပ်ခလစာလွှဲပြောင်းခြင်းအတွက် ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်းအပြင် နိုင်ငံတော်မှ အပိုဆောင်းငွေထည့်သွင်းပေးခြင်း

 ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ သ‌င်္ဘောသားလစာ (သို့) အခြားသောလုပ်ခလစာငွေများကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လွှဲပို့ရာတွင် အမေရိကန် ၁ ဒေါ်လာ သို့မဟုတ် ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေအပေါ်  ကမ္ဘောဇဘဏ်မှ အကောင်းဆုံး ငွေလွှဲနှုန်း နှင့် နိုင်ငံတော်မှ အပိုဆောင်းငွေ ၃၀ ကျပ်အား ငွေလွှဲထုတ်ယူသည့်အခါတွင် ယနေ့မှစ၍ ထပ်မံထည့်သွင်းပေးမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။  ငွေလွှဲထုတ်ယူရာတွင်လည်း ကမ္ဘောဇဘဏ်ခွဲများတွင် ရက်ချိန်းယူစရာမလိုဘဲ အကန့်အသတ်မရှိ ငွေသားပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်၏ နိုင်ငံခြားငွေလွှဲဝန်ဆောင်မှုများ အကြောင်း အသေးစိတ်သိရှိလိုပါက KBZ Bank Call Center: 09-951018555 (သို့) Worker Remittance Team: 09-443211683 သို့ လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
နိုဝင်ဘာ 1, 2022နိုဝင်ဘာ 1, 2022 In Announcements
ကမ္ဘောဇ Business Customer အတည်ပြုကတ်  ကိုင်ဆောင်သူများအတွက် အကျိုးခံစားခွင့်နှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

ကမ္ဘောဇ Business Customer အတည်ပြုကတ်  ကိုင်ဆောင်သူများအတွက် အကျိုးခံစားခွင့်နှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

■ ကုမ္ပဏီသည် ကတ်တွင်ဖော်ပြထားသည့်အခွင့်အရေးများကိုအသုံးပြုမည်ဆိုပါက ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇ ဘဏ်သို့ဖြစ်စေ၊ ကတ်အသုံးပြုနိုင်သော သတ်မှတ်ထားသည့်ကမ္ဘောဇဘဏ်ခွဲများသို့ဖြစ်စေ လာရောက်ချိန်တွင် ကတ်အားယူဆောင်လာရန်လိုသည်။ ကတ်၏ အထူးအခွင့်အရေးများရရှိစေရန်အတွက် ကတ်ကိုင်ဆောင်သူသည် ကတ်အားတပါးတည်းယူဆောင်လာရမည်။ ■ ကုမ္ပဏီသည် ကတ်တွင်ဖော်ပြထားသည့်အခွင့်အရေးများကိုအသုံးပြုမည်ဆိုပါက ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇ ဘဏ်သို့ဖြစ်စေ၊ ကတ်အသုံးပြုနိုင်သော သတ်မှတ်ထားသည့်ကမ္ဘောဇဘဏ်ခွဲများသို့ဖြစ်စေ လာရောက်ချိန်တွင် ကတ်အားယူဆောင်လာရန်လိုသည်။ ကတ်၏ အထူးအခွင့်အရေးများရရှိစေရန်အတွက် ကတ်ကိုင်ဆောင်သူသည် ကတ်အားတပါးတည်းယူဆောင်လာရမည်။ ■ ကတ်အား ကုမ္ပဏီကသာလျှင် သီးသန့်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီကခန့်အပ်တာဝန်ပေးထားသည့် ကတ်ကိုင် ဆောင်သူမှအပ အခြားသောမည်သည့်ပုဂ္ဂိုလ်မျှ သုံးစွဲခြင်းမရှိစေရ။ ■ လက်ရှိတွင် ဤကတ်အား ကမ္ဘောဇဘဏ်ခွဲများအားလုံးတွင် အသုံးမပြုနိုင်သောကြောင့် ကုမ္ပဏီသည် ဘဏ်ခွဲများသို့ သွားရောက်ခြင်းမပြုမှီ ကတ်အားအသုံးပြုနိုင်မည့်ဘဏ်ခွဲများနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ဝက်ဘ်ဆိုဒ် သို့မဟုတ် ကမ္ဘောဇဘဏ်သို့ဆက်သွယ်၍ ကတ်အားအသုံးပြုနိုင်မည့်...
နိုဝင်ဘာ 1, 2022နိုဝင်ဘာ 3, 2022 In Uncategorized
“ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

“ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဥ်ကာလသည် ၁၄.၁၁.၂၀၂၂ မှ ၁၈.၁၂.၂၀၂၂ အထိဖြစ်သည်။ ၂။ “ငွေကျပ် ၁၀ သိန်းအထိ အထူးဆုများ ရယူနိုင်ဖို့ VISA FIFA World Cup Campaign ကိုပါဝင်ဆင်နွဲကြပါစို့” အစီအစဥ်အား KBZ Bank VISA Credit Card ဖြင့် ငွေပေးချေသူများအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ ၃။ ဤအစီအစဥ်တွင် ငွေပေးချေသူသည် ကန့်သတ်ထားသည့် ပမာဏမရှိပဲ KBZ Bank VISA Credit Card ဖြင့်...
အောက်တိုဘာ 30, 2022နိုဝင်ဘာ 14, 2022 In Uncategorized
တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

တုန့်ပြန်ကျေးဇူး အတိုးနှုန်းအထူး

ကမ္ဘောဇဘဏ်မှာ Cash Account Saving (Special Account) ဖွင့်လှစ်ထားပြီးဖြစ်တဲ့ customer များသာမက အကောင့်သစ်စတင်ဖွင့်လှစ်မယ့် customer များ အတွက် အတိုးနှုန်း ၈% ရရှိနိုင်မယ့် အထူးအစီအစဉ်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။  ငွေစာရင်းအကောင့်-ငွေစုဘဏ်အပ်ငွေစာရင်း၏ ရရှိနိုင်သည့်အကျိုးကျေးဇူးများမှာ - တစ်နှစ်လျှင် အတိုးနှုန်း ၈% - အပ်နှံငွေ ၁၀,၀၀၀ ကျပ်မှစတင်ဖွင့်လှစ်နိုင်ခြင်း - ဒီဂျစ်တယ်နည်းလမ်းမှတစ်ဆင့် ငွေကြေး စီမံနိုင်စေသည့် mBanking အားအသုံးပြုနိုင်ခြင်း တို့ဖြစ်ပါတယ်။ အထူးအတိုးနှုန်းကို ခံစားခွင့်ရရှိနိုင်မယ့်ကာလကတော့ နိုဝင်ဘာလ ၁ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်တဲ့အတွက် နိုဝင်ဘာလနှင့် ဒီဇင်ဘာလရဲ့ အမြင့်ဆုံးအတိုးနှုန်းကိုရယူနိုင်ဖို့ အခုပဲ လက်ရှိ Cash Account-Saving...
အောက်တိုဘာ 25, 2022နိုဝင်ဘာ 4, 2022 In Announcements
ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေငြာခြင်း

ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ကြေငြာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် customer များ (၂၀၂၂) ခုနှစ် အောက်တိုဘာလ (၂၄)  ရက်နေ့သည် ဒီပါဝလီနေ့ ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ဘဏ်ခွဲများပိတ်ထားသော်လည်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို   KBZ Online Banking (mBanking ၊ iBanking) နှင့်  KBZPay  တို့မှတစ်ဆင့် အချိန်မရွေး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
အောက်တိုဘာ 21, 2022အောက်တိုဘာ 21, 2022 In Announcements
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာတိုးတက်အကောင်ထည်ဖော်ဆောင်ရွက်နေမှုများ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ ထုတ်ပြန်ချက်

မြန်မာနိုင်ငံဘဏ်များအသင်း၏ အသင်းဝင်ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ‌ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေး (AML/CFT) ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘဏ်များအသင်းမှ အသင်းဝင်ဘဏ်များအသီးသီးသို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁၃) ရက်နေ့တွင်  ထုတ်ပြန်ချက်တစ်ရပ်ကို ဖြန့်ဝေခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် AML/CFT ဆိုင်ရာ တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊AML/CFT ဆိုင်ရာဆပ်ကော်မတီအား ဖွဲ့စည်းခြင်း၊AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနယ်ပယ်(၃)အကောင်အထည်ဖော်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ချက်များ၊ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) သို့ သတင်းပေးပို့ချက်များပေးပို့ခြင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ခြင်း၊AMl/CFT ဆိုင်ရာ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊လူအများအပြားသေကြေစေသော လက်နက် ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်း စသည့်ကိစ္စရပ်များအား အသင်းဝင်ဘဏ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘဏ် များအသင်းမှ အသိပေးထုတ်ပြန်ခဲ့ပါသည်။ အသေးစိတ်ကြည့်ရှုရန်
အောက်တိုဘာ 17, 2022အောက်တိုဘာ 17, 2022 In Corporate News, News MM