Author: khinchanthar

Home / khinchanthar
တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

၂၀၂၁ ခုနှစ်  နိုဝင်ဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့သည် တန်ဆောင်တိုင်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး customer များအနေဖြင့် ငွေကြေးကိစ္စများကို  KBZ mBanking, iBanking နှင့် KBZPay တို့ မှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း လေးစားစွာ အကြောင်းကြားအပ်ပါတယ်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
နိုဝင်ဘာ 16, 2021နိုဝင်ဘာ 16, 2021 In Announcements
ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များအတွက် မေးလေ့မေးထရှိသော မေးခွန်းများ

ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များအတွက် မေးလေ့မေးထရှိသော မေးခွန်းများ

စာရင်းသေအပ်ငွေ (Fixed Deposit) ဆိုသည်မှာ အဘယ်နည်း။ စာရင်းသေအပ်ငွေ (Fixed Deposit) ဆိုသည်မှာ သတ်မှတ်ထားသည့်ကာလအပိုင်းအခြား (Tenor) အလိုက် အပ်နှံငွေထားရှိ နိုင်ပြီး အဆိုပါအပ်နှံငွေအပေါ်ရရှိသည့် အတိုးနှုန်းသည် အခြားသောအပ်ငွေစာရင်းများနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားစွာရရှိနိုင်သည့် အပ်ငွေစာရင်းအမျိုးအစား တစ်ခုဖြစ်ပါသည်။ ထို့အပြင် အခြားအပ်ငွေစာရင်းများနှင့် မတူဘဲ အပ်နှံငွေ၊ အပ်နှံထားသည့် ကာလအပိုင်း၊ သက်တမ်းစေ့ရောက်မည့်နေ့ရက်၊ အတိုးနှုန်းစသည့် အချက်အလက်များပါရှိသည့် Certificate of Term Deposit ကိုလည်း ဘဏ်မှ ထုတ်ပေးမည်ဖြစ်ပါသည်။ စာရင်းသေအပ်ငွေစာရင်း၏ စာရင်းပိတ်သိမ်းခြင်း၊ စာရင်းလွှဲပြောင်းခြင်းတို့အား ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်နိုင်ပါသလား။ မဆောင်ရွက်နိုင်ပါ။ စာရင်းသေအပ်ငွေစာရင်း၏ စာရင်းပိတ်သိမ်းခြင်း၊စာရင်းလွှဲပြောင်းခြင်းတို့အား စာရင်းပိုင်ရှင် (ပူးတွဲ စာရင်းဖြစ်ပါက ပူးတွဲစာရင်ပါစာရင်းပိုင်ရှင်အားလုံး)ကိုယ်တိုင်သာ ဆောင်ရွက်နိုင်ပါသည်။...
နိုဝင်ဘာ 11, 2021ဇန်နဝါရီ 12, 2024 In Uncategorized
ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များ

ထပ်မံတိုးမြှင့်လိုက်သော စာရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များ

ကမ္ဘောဇဘဏ်မှ အောက်တိုဘာလ ၂၅ရက်နေ့မှစ၍  တိုးမြှင့်လိုက်သော စားရင်းသေအပ်ငွေစာရင်း၏ အတိုးနှုန်းအသစ်များကို customer များ ခံစားရယူနိုင်ပြီဖြစ်ပါသည်။
ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် ဒီဇင်ဘာလ နှစ်ကုန်ပိုင်းအထိ အခမဲ့ငွေလွှဲနိုင်ပါပြီ

ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း KBZ i/mBanking တို့မှတဆင့် ဒီဇင်ဘာလ နှစ်ကုန်ပိုင်းအထိ အခမဲ့ငွေလွှဲနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များ  ကမ္ဘောဇဘဏ် Online Banking အသုံးပြုသူ customer များအတွက် ငွေလွှဲဝန်ဆောင်မှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ကမ္ဘောဇဘဏ်နေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်ပြီး KBZ mBanking နှင့် iBanking တို့မှတဆင့် ငွေလွှဲခ "အခမဲ့" အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။ ယခုဆက်လက်ပြီး ဤအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှစ်ကုန်ပိုင်းထိ ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်သောကြောင့် ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း (မြန်မာကျပ်ငွေ) အတွက် KBZ mBanking နှင့် iBanking မှ ငွေလွှဲမှုများကို အခမဲ့ဖြင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။  mBanking နှင့်...
နိုဝင်ဘာ 3, 2021နိုဝင်ဘာ 3, 2021 In Announcements
မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ်

မြင့်မားသောအတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းသစ်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ  ကမ္ဘောဇဘဏ်မှ customer များအတွက် ပိုမိုများပြားသော အတိုးနှုန်း ၈.၅% ရရှိနိုင်သည့် ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေစာရင်းအား မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ Customer များအနေဖြင့် ကမ္ဘောဇဘဏ် ရက် ၃၀ အထူးငွေသား စာရင်းသေအပ်ငွေစာရင်းအား တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် သွားရောက်ဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။ ရက် ၃၀ အထူးငွေသားစာရင်းသေအပ်ငွေ စာရင်းသစ်အား အောက်ပါ customer များမှ ပေးသွင်းငွေ ကျပ်ငွေ ၁,၀၀၀,၀၀၀ ဖြင့် ဖွင့်လှစ်နိုင်ပါသည်။ လူပုဂ္ဂိုလ်များ (တစ်ဦးချင်း သို့မဟုတ် နှစ်ဦး၊ သုံးဦးစသဖြင့် တွဲဖက်စာရင်းများ) အဖွဲ့အစည်းများ (NGO, INGO, Pagoda Trustees, Universities, etc)...
အောက်တိုဘာ 25, 2021အောက်တိုဘာ 26, 2021 In Announcements
သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များ ကြေညာခြင်း

၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိသည် သီတင်းကျွတ်ရုံးပိတ်ရက် ဘဏ်ပိတ်ရက်များဖြစ်ပါသောကြောင့် ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ပိတ်ထားမည်ဖြစ်ပြီး ပိတ်ရက်များအတွင်း ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို KBZ iBanking/mBanking နှင့် KBZPay များမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ လူကြီးမင်း၏ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။
အောက်တိုဘာ 18, 2021အောက်တိုဘာ 25, 2021 In Announcements
အကြွေး၀ယ်ကတ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

အကြွေး၀ယ်ကတ် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ဤနေရာ တွင် ထည့်သွင်းထားသောစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် ကျွန်ုပ်တို့မှ သင့်ကို အခါအားလျော်စွာ ထုတ်ပေးနိုင်သည့်ကတ်များနှင့်သက်ဆိုင်သည်။ သင့်အနေဖြင့် ဤစည်းမျဉ်း၊စည်းကမ်းအားလုံးကို ဖတ်ရှုနားလည်လက်ခံပြီးအချိန်တိုင်း လိုက်နာပါရန် သင်ကသဘောတူပါသည်။ (၁) သင်၏ကတ်လျှောက်ထားမှုကို ကျွန်ုပ်တို့သဘောတူပြီးနောက် သင့်အားထုတ်ပေးထားသော ကတ်နှင့် PIN တို့အား သင့်အနေဖြင့် လုံခြုံစွာ ထိန်းသိမ်းထားရပါမည်။ ၎င်းကတ်နှင့်ပတ်သက်၍ အသုံးပြုထားသောကိစ္စရပ်များအားလုံးအတွက် ကျွန်ုပ်တို့ထံတွင်တာဝန်မရှိစေရ။ (၂) ကတ်ပျောက်ဆုံးခြင်း (သို့) အခိုးခံရခြင်း (သို့) PINပေါက်ကြားခြင်းတို့ဖြစ်ပါက ကျွန်ုပ်တို့ထံ ချက်ချင်း အကြောင်းကြားရပါမည်။ အကြောင်း ကြားချက် ကျွန်ုပ်တို့ထံမရရှိမှီ တစ်ဦးဦးက သင့်ကတ်ကို အသုံးပြု၍ လုပ်ဆောင်သော လုပ်ငန်းအားလုံးအတွက် သင့်အနေဖြင့် တာဝန်ယူရ ပါမည်။ (၃) သင်၏ကတ်ပျောက်ဆုံးခြင်း (သို့) ကတ်ခိုးယူခံရခြင်း (သို့)...
အောက်တိုဘာ 5, 2021အောက်တိုဘာ 5, 2021 In Uncategorized
ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service ဝန်ဆောင်မှုအား ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခြင်း

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ  Customer များ ပိုမိုအဆင်ပြေစေရန်အတွက် Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Service  ဝန်ဆောင်မှုအား မြန်မာနိုင်ငံအနှံ့ရှိ ကမ္ဘောဇဘဏ်ခွဲပေါင်း ၂၀၀ကျော်တွင် ငွေပမာဏ အကန့်အသတ်မရှိ (No Withdrawal Limit) ၊ တုံကင်ယူရန်မလို (No Token) စနစ်ဖြင့် ပိုမိုလွယ်ကူလျင်မြန်စွာ ငွေသားထုတ်ယူနိုင်ပြီဖြစ်ပါသည်။  အသေးစိတ်သိရှိလို့ပါက KBZ Bank Call Center  09951018555 (သို့)Phone: 01-2307162, 09-443211683 Email: [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Western Union (ငွေလွှဲထုတ်ပေးခြင်း) Premium Serviceဝန်ဆောင်မှုရယူနိုင်သည့် ဘဏ်ခွဲစာရင်းများ ကြည့်ရူရန် - ဘဏ်ခွဲများစာရင်း
အောက်တိုဘာ 5, 2021အောက်တိုဘာ 5, 2021 In Announcements
Credit Card သက်တမ်းတိုးရန်လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ

Credit Card သက်တမ်းတိုးရန်လိုအပ်သော စာရွက်စာတမ်းအထောက်အထားများ

လခစားဝန်ထမ်းများဖြစ်ပါက■ နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)■ အိမ်ထောင်စုစာရင်း (မိတ္တူ)■ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာမူရင်း (သို့) နောက်ဆုံးလလျှပ်စစ်မီတာဘေလ် (မိတ္တူ)■ နောက်ဆုံး (၃) လစာ လစာဖြတ်ပိုင်းမူရင်း (သို့) ဘဏ်စာရင်းရှင်းတမ်း (၆) လစာ (ကမ္ဘောဇဘဏ်ဖြ င့် လစာရရှိသူဖြစ်ပါကတင်ပြရန်မလိုအပ်ပါ)(မှတ်ချက်။ သီးခြားတင်ပြရန်လိုအပ် သော ကတ်ကိုင် ဆောင်သူများသာ)■ အာမခံသူတစ်ဦး (မှတ်ချက်။ သီးခြားတင်ပြရန်လိုအပ်သောကတ်ကိုင်ဆောင်သူများသာ)■ လစာဖော်ပြထားသောဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာမူရင်း(မှတ်ချက်။ သီးခြားတင်ပြရန် လိုအပ်သောကတ်ကိုင်ဆောင်သူများသာ) ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက■ နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)■ အိမ်ထောင်စုစာရင်း (မိတ္တူ)■ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာမူရင်း (သို့) နောက်ဆုံးလလျှပ်စစ်မီတာဘေလ်(မိတ္တူ)■ ဘဏ်စာရင်းရှင်းတမ်း (၆) လစာ (ကမ္ဘောဇဘဏ်ဖြင့် ဝင်ငွေရရှိသူဖြစ်ပါက တင်ပြရန်မလိုအပ်ပါ)  (မှတ်ချက်။ သီးခြားတင်ပြရန်လိုအပ်သောကတ်ကိုင်ဆောင်သူများသာ)■ အာမခံသူတစ်ဦး (မှတ်ချက်။ သီးခြားတင်ပြရန်လိုအပ်သောကတ်ကိုင်ဆောင်သူများသာ)■ အနည်းဆုံး...
အောက်တိုဘာ 1, 2021ဇွန် 2, 2022 In Uncategorized