ကမ္ဘောဇဘဏ်နှင့် Tranglo တို့ပူးပေါင်းပြီး နိုင်ငံခြားငွေလွှဲ ပေးပို့မှုများကို ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးပြုသူ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှုပေးမည်
ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်နေ့ - မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့ရန် အဓိက ဝန်ဆောင်မှုပေးနေသည့် အာရှထိပ်တန်း ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သော Tranglo တို့သည် ငွေလွှဲဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer များ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ပေးအပ်သွားမည့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယား အစရှိသော နိုင်ငံများမှ မြန်မာ အလုပ်သမားများမှာ ပိုမို လွယ်ကူ၊ မြန်ဆန်ပြီး လုံခြုံစိတ်ချရသော...