Language
Uncategorized
အပ်ငွေစာရင်းအသစ်များဖြစ်သည့် ငွေစာရင်းအကောင့်အသစ်-ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်းများနှင့် ပတ်သက်သည့်မေးလေ့မေးထရှိသောမေးခွန်းများ
၁။ ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း နှင့် ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း အသစ်များ နှင့်ပတ်သက်သည့် အသေး စိတ် အချက်အလက်များမှာအဘယ်နည်း။ “ငွေစာရင်းအကောင့်-ခေါ်ယူအပ်ငွေစာရင်း” ဆိုသည်မှာ ငွေအပ်နှံသူသည် ငွေသားသာလျှင် (အထူးကိစ္စရပ်) အပ်နှံနိုင် ပြီး အကန့်အသတ်မရှိဘဲ ပြန်လည်ထုတ်ယူခြင်း၊ လွှဲပြောင်းခြင်းပြုလုပ်နိုင်သည့် အထူး သတ်မှတ်ထားသော ဘဏ်စာရင်းဖြစ်ပါသည်။ အတိုးနှုန်းနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်က အခါ အားလျော်စွာ သတ်မှတ်ထားသော အနည်းဆုံးထားရှိရမည့် လက်ကျန်ပမာဏသတ်မှတ်ချက်ကို လိုက်နာ လျက် နေ့စဉ်လက်ကျန်ပေါ်တွင် တွက်ချက်ပေးသွားမည် ဖြစ်ပါသည်။ “ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း” ဆိုသည်မှာ ငွေအပ်နှံသူသည် ငွေသားသာလျှင် (အထူးကိစ္စရပ်) အပ်နှံ နိုင်ပြီး အကန့်အသတ်မရှိဘဲ ပြန်လည်ထုတ်ယူခြင်း၊ လွှဲပြောင်းခြင်းပြုလုပ်နိုင်သည့် အထူး သတ်မှတ်ထားသောဘဏ်စာရင်းဖြစ်ပါသည်။ ထိုသို့သောငွေ စာရင်းမျိုးအတွက် မည်သည့် အတိုးကိုမျှ ပေးမည်မဟုတ်ပါ။ သို့ရာတွင် ထိုသို့သောငွေစာရင်းမျိုးအတွက် cheque book ဝန်ဆောင်မှုရမည်...
KBZ ဘဏ် ငွေစာရင်းအကောင့် အသစ်- ခေါ်ယူအပ်ငွေစာရင်း အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်းအတွက် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ ‘ဘဏ်’ ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်) ကို ဆိုလိုသည်။ ‘ငွေအပ်နှံသူ’ ဆိုသည်မှာ ဘဏ်တွင် ငွေစာရင်းအကောင့် အသစ် – ခေါ်ယူအပ်ငွေစာရင်း သည့် KBZ ဘဏ် ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။ ‘ငွေစာရင်းအကောင့်- ခေါ်ယူအပ်ငွေစာရင်း’ ဆိုသည်မှာ သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပြီး ငွေအပ်နှံသူက ငွေသားကိုသာ အပ်နှံထည့်သွင်းနိုင်ပြီး ထိုငွေစာရင်းမှ ငွေထုတ်ခြင်း (သို့မဟုတ်) စာရင်းပြောင်းလဲခြင်းတို့ကို ကန့်သတ်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တည်နေရာအခြေအနေ၊ ငွေပမာဏ နှင့် ငွေထုတ်ယူရန် အကြောင်းကြားသည့်...
KBZ ဘဏ် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်းများ အထွေထွေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ၏ ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်း များအတွက် စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ အဓိပ္ပာယ်သတ်မှတ်ချက်များ ‘ဘဏ်’ ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက် (ဘဏ်)ကို ဆိုလိုသည်။ ‘ငွေအပ်နှံသူ’ ဆိုသည်မှာ ဘဏ်တွင် ငွေစာရင်းအကောင့်အသစ်-စာရင်းရှင်အပ်ငွေစာရင်း ရှိသည့် KBZ ဘဏ်ငွေအပ်နှံသူ တစ်ဦးကို ဆိုလိုသည်။ ‘ချက်’ ဆိုသည်မှာ ဘဏ်မှ ငွေထုတ်ပေးရန် ငွေအပ်နှံသူ၏ အမိန့်လွှာကိုဆိုလိုသည်။ ‘ငွေစာရင်းအကောင့်-စာရင်းရှင်အပ်ငွေစာရင်း’ ဆိုသည်မှာ သီးသန့်ငွေစာရင်းအမျိုးအစားဖြစ်ပြီး ငွေအပ်နှံသူက ငွေသားကိုသာ အပ်နှံထည့်သွင်းနိုင်ပြီး ထိုငွေစာရင်းမှ ငွေထုတ်ခြင်း (သို့မဟုတ်) စာရင်းပြောင်းလဲ ခြင်းတို့ကို ကန့်သတ်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တည်နေရာအခြေအနေ၊ ငွေပမာဏနှင့် ငွေထုတ်ယူရန် အကြောင်းကြားသည့်...