“အပ်ငွေစာရင်း လုပ်ဆောင်ချက်များ၏ အထူးသက်သာခွင့်များ” အစီအစဉ်၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ
၁။ အစီအစဉ်ကာလသည် ၁၅.၁၁.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃ အထိဖြစ်သည်။ ၂။ ဤအစီအစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်၏ customer များသည် အပ်ငွေစာရင်းနှင့်ပတ်သက်သော သတ်မှတ်လုပ်ဆောင်ချက်အား ဘဏ်ခွဲများမှတစ်ဆင့် (သို့) m/iBanking မှတစ်ဆင့်ပြုလုပ်ရုံဖြင့် ဝန်ဆောင်ခများ ကင်းလွတ်ခွင့်/သက်သာခွင့် ရရှိနိုင်မည်ဖြစ်သည်။ ၃။ အစီအစဉ်တွင် customer များသည် အပ်ငွေစာရင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ဘဏ်ခွဲများမှလုပ်ဆောင်ရာတွင် ဝန်ဆောင်ခ ၁၀၀% အခမဲ့ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး m/iBanking မှတစ်ဆင့် လုပ်ဆောင်ရာတွင် ဝန်ဆောင်ခ ၅၀% သက်သာခွင့်ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါသည်။ ၄။ ဘဏ်ခွဲများမှ လုပ်ဆောင်ချက်များပြုလုပ်ရာတွင် အထက်ဖော်ပြပါ ဝန်ဆောင်ခ ကင်းလွတ်ခွင့်သည် မြို့နယ်တူ(same city) ဖြစ်စေ မြို့နယ်မတူ (different...