“ အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်းများနှင့် Special Cash Fixed Deposit စာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” မေးလေ့မေးထရှိသော မေးခွန်းများ
စာရင်းသေအပ်ငွေစာရင်းများ၏ အတိုးနှုန်းတိုးမြှင့်ပေးသည့်အစီအစဉ်အား အချိန်ဘယ်လောက်ကြာ ပြုလုပ်မှာဖြစ်ပါသလဲ။ စာရင်းသေအပ်ငွေစာရင်းများ၏ အတိုးနှုန်းတိုးမြှင့်ပေးသည့်အစီအစဉ်မှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။) အစီအစဉ်တွင် ရရှိခံစားနိုင်မည့် အထူးအတိုးနှုန်းများကိုဖော်ပြပါ။ စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂၈ ရက်၂၀၂၂ ခုနှစ် အထိရယူခံစားနိုင်မည့် စာရင်းသေအပ်ငွေစာရင်းများ၏ တိုးမြှင့်လိုက်သောအထူးအတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -ရက်(၉၀) ပုံမှန်စာရင်းသေအပ်စာရင်းအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၉% -ရက်(၁၈၀) ပုံမှန်စာရင်းသေအပ်စာရင်းအတွက် တစ်နှစ်လျှင်အတိုးနှုန် ၉.၂၅% -ရက်(၉၀) ငွေစာရင်းအကောင့်-စာရင်းသေအပ်ငွေစာရင်းအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၉ ဤအစီအစဉ်တွင် အထူးအတိုးနှုန်းကိုမည်သူတို့ပါဝင်ခံစားခွင့်ရှိပါသလဲ။ ဤအစီအစဉ်တွင်...