Announcements

အမြင့်ဆုံးအတိုးနှုန်း ၇% နှင့် Cash Call Deposit အကောင့်

အမြင့်ဆုံးအတိုးနှုန်း ၇% နှင့် Cash Call Deposit အကောင့်

ဇန်နဝါရီလ ၁ ရက် ၂၀၂၅ ခုနှစ်မှ စတင်ကာ ကမ္ဘောဇဘဏ်၏ ခေါ်ယူအပ်ငွေစာရင်း - ငွေစာရင်းအကောင့် (Cash Call Deposit Account) ၏ အတိုးနှုန်းထားများအား ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။ကမ္ဘောဇဘဏ်၏ Cash Call Deposit Account တွင်✦ ကျပ် ၃ ဘီလီယံအောက် အပ်နှံသူများအနေဖြင့် အတိုးနှုန်းထား ပြောင်းလဲခြင်းမရှိဘဲ✦ ကျပ် ၃ ဘီလီယံနှင့်အထက် အပ်နှံသူများသာ အတိုးနှုန်းထား ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဖော်ပြပါ Cash Call Deposit Account ၏ ပြောင်းလဲသတ်မှတ်ထားသော အတိုးနှုန်းထားများအား အသေးစိတ်သိရှိနိုင်ရန် ကမ္ဘောဇဘဏ်ရဲ့ ဖော်ပြပါ Website Link (https://bit.ly/4gBa4u6) တွင် သွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဇန်နဝါရီ 2, 2025ဇန်နဝါရီ 2, 2025 In Announcements
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၃၁ ဒီဇင်ဘာလ၊ ၂၀၂၄ တွင် ထုတ်ပြန်ထားသော မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေး အများပြည်သူသို့ အသိပေး ကြေညာချက်အား KBZPay အသုံးပြုသူများ သိရှိစေရန် ပြန်လည် မျှဝေအပ်ပါသည်။ ကြေညာချက် အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
ဒီဇင်ဘာ 31, 2024ဇန်နဝါရီ 2, 2025 In Announcements
ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ သတိပေးချက်

ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ သတိပေးချက်

အသုံးပြုသူများအတွက် လုံခြုံစိတ်ချရသည့် ငွေကြေးဝန်ဆောင်မှုများ ရရှိစေရေးသည် KBZPay ၏ အဓိက ဦးစားပေးဖြစ်ပါသည်။ လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ် ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်မှ သိရှိသတိပြုမိထားပြီး ဖြစ်ကြောင်းနှင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်။ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှု နှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ပါသည်။  အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များအား လုံခြုံစိတ်ချစွာထားရှိရန် အရေးကြီးပုံကိုလည်း...
ဒီဇင်ဘာ 31, 2024ဒီဇင်ဘာ 31, 2024 In Announcements
ငွေစုဘဏ်အပ်ငွေစာရင်းများ၏ ငွေသွင်းရက်တိုးမြှင့်ထားကြောင်း အထူးသတင်းကောင်း

ငွေစုဘဏ်အပ်ငွေစာရင်းများ၏ ငွေသွင်းရက်တိုးမြှင့်ထားကြောင်း အထူးသတင်းကောင်း

ချစ်ခင်လေးစားရပါသော ကမ္ဘောဇဘဏ်၏ Customer များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ငွေစုဘဏ်အပ်ငွေစာရင်းများတွင် အပ်နှံသည့် အချိန်ကာလကို ပုံမှန်ထက် ပိုမိုတိုးမြှင့်ထားကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ မင်္ဂလာရှိသော နှစ်သစ်အခါသမယမှာ အတိုးနှုန်းများ ဝေဆာတိုးပွားစွာ ရရှိနိုင်ဖို့အတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လအထိ (၃) လတာ အစီအစဉ်ကာလအတွင်း  ✦ အပ်ငွေအတွက် ပုံမှန်အတိုးတွက်ချက်ရက်များဖြစ်တဲ့ လစဉ် လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့များအစား ✦ လဆန်း (၁) ရက်နေ့မှ (၇) ရက်နေ့များအထိ တိုးမြှင့်ထားပြီဖြစ်ပါတယ်။ ယခုအစီအစဥ်မှာ ကမ္ဘောဇဘဏ်ရဲ့ ငွေစုဘဏ်အပ်ငွေစာရင်းများအားလုံး (Savings Account၊ Special Cash Savings Account နဲ့ Minor Account...
ဒီဇင်ဘာ 27, 2024ဒီဇင်ဘာ 27, 2024 In Announcements
ခရစ်စမတ်နှင့် နှစ်သစ်ကူးအချိန်အခါအတွက် ကမ္ဘောဇဘဏ်မှ ယူဆောင်လာသည့် အထူးသတင်းကောင်းအစီအစဉ်

ခရစ်စမတ်နှင့် နှစ်သစ်ကူးအချိန်အခါအတွက် ကမ္ဘောဇဘဏ်မှ ယူဆောင်လာသည့် အထူးသတင်းကောင်းအစီအစဉ်

ချစ်ခင်လေးစားရပါသော လူကြီးမင်းတို့အတွက် ကမ္ဘောဇဘဏ်မှ စာရင်းသေအပ်ငွေစာရင်းကို ဖွင့်လှစ်ရာတွင် ပုံမှန်ထက် ပိုမိုသာလွန်သော အမြင့်မားဆုံးအတိုးနှုန်းများ ရယူနိုင်ခွင့်၊ လျှောက်ထားခ အခမဲ့ဖြင့် KBZ Credit Cards (MPU and VISA) အသစ်ပြုလုပ်နိုင်ခွင့်များအပြင် အမှတ်တရ အထူးလက်ဆောင်များပါ ရရှိနိုင်မည့်အစီအစဉ်ကြီးနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ❝ပျော်ပျော်ရွှင်ရွှင် KBZ ခရစ္စမတ်အစီအစဥ်❞ အစီအစဉ်ကာလအတွင်းမှာ - ✦ အတိုးနှုန်းများ မြင့်မားစွာ ပေးအပ်လျက်ရှိတဲ့ ရက် (၉၀)နှင့် ရက် (၁၈၀) စာရင်းသေအပ်ငွေစာရင်းများကို မည်သည့်ကမ္ဘောဇဘဏ်ခွဲမှာ လူကိုယ်တိုင် ဖြစ်စေ၊ KBZ Online Banking (m/iBanking) မှတဆင့်ဖြစ်စေ၊ Auto Roll-over (အလိုအလျောက် သက်တမ်းတိုးမြှင့်သည့်စနစ်) ဖြင့်ဖြစ်စေ အကောင့်သစ်ဖွင့်လှစ်သူများအနေဖြင့်...
ဒီဇင်ဘာ 11, 2024ဒီဇင်ဘာ 19, 2024 In Announcements
 KBZ Credit Card များဖြင့် ငွေပေးချေပြီး ပြန်အမ်းငွေ  ၃ဆ အထိ ကံစမ်းရယူမယ်

 KBZ Credit Card များဖြင့် ငွေပေးချေပြီး ပြန်အမ်းငွေ  ၃ဆ အထိ ကံစမ်းရယူမယ်

ငွေရှင်းဖို့လိုအပ်တိုင်း KBZ Credit Card များနဲ့ ငွေပေးချေကာ ၁,၀၀၀,၀၀၀ ကျပ်အထိကံစမ်းရယူနိုင်မယ့် ကမ္ဘောဇဘဏ်ရဲ့ ဒီဇင်ဘာလ အထူးအစီအစဥ်တစ်ခုနဲ့ မိတ်ဆက်လို့ပေးချင်ပါတယ်။ ဒီအစီအစဥ်မှာပါဝင်ဖို့အတွက် လူကြီးမင်းတို့ရဲ့ KBZ Credit Card တွေကိုအသုံးပြုပြီး KBZ POS စက်များမှာ ငွေပေးချေလိုက်ရုံနဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်။  သတ်မှတ်ချက်အနေနဲ့ -  ✦ အစီအစဉ်ကျင်းပနေစဉ် ကာလအတွင်းမှာ ဘောင်ချာတစ်စောင်ကို ၁၀၀,၀၀၀ ကျပ်နှင့်အထက်ငွေပေးချေမှု ပြုလုပ်ထားမှသာ အစီအစဥ်မှာပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်။  ✦ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ကမ္ဘောဇဘဏ်ရဲ့ December Lucky Draw အစီအစဥ်ရဲ့ ငွေသားအထူးဆုများကို ရယူခံစားနိုင်မှာပဲဖြစ်ပါတယ်။  ဆုလက်ဆောင်များကတော့ -  ✤ အထူးဆုလက်ဆောင် ပထမဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၃)...
နိုဝင်ဘာ 29, 2024နိုဝင်ဘာ 29, 2024 In Announcements
Marketplace မှာ အိမ်အတွက်လိုအပ်တာများဝယ် နေ့စဥ်ပြန်အမ်းငွေရယူမယ်

Marketplace မှာ အိမ်အတွက်လိုအပ်တာများဝယ် နေ့စဥ်ပြန်အမ်းငွေရယူမယ်

Marketplace by City Mart မှာအိမ်အတွက်လိုအပ်တာတွေဝယ်ရင်း KBZ Credit Card တွေနဲ့ ငွေပေးချေမယ်ဆိုရင် ပြန်အမ်းငွေများရရှိနိုင်မယ့်အစီအစဥ်ကောင်းတစ်ခုရှိလို့နေပါပြီ။ ဒီအစီအစဥ်မှာဆိုရင်-  ✤ marketplace – Golden Valley  ✤ marketplace – 6.5 Miles ✤ marketplace – Junction City တို့မှာ ဘောင်ချာတစ်စောင်လျှင် ၁၅၀,၀၀၀ ကျပ်နှင့်အထက်စျေးဝယ်ပြီး KBZ POS တွေမှာ ငွေပေးချေတဲ့အခါ 5% Cashback အများဆုံး ၁၂,၀၀၀ ကျပ်အထိပြန်အမ်းငွေများရယူနိုင်မှာဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် KBZ Credit Card အမျိုးအစားတွေကတော့ MPU, UPI, VISA အားလုံးအကျုံးဝင်မှာဖြစ်ပါတယ်။  ပြန်အမ်းငွေများကိုတော့...
နိုဝင်ဘာ 14, 2024ဒီဇင်ဘာ 11, 2024 In Announcements
သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၁။ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော၊ ငွေရေးကြေးရေး နှင့် ငွေရေးကြေးရေးဈေးကွက်တည်ငြိမ်ရေးကို မလိုလားသောအဖျက်သမားများသည် Social Media Platform ဖြစ်သည့် Facebook Group များဖြစ်သော “အခေါက်ရွှေ ရောင်းသူ ဝယ်သူ တိုက်ရိုက်” Public Group   နှင့် “Gold” Public Group  စသည်တို့မှတဆင့် Profile အတုများ၊ Lock ချထား Profile များ၊ အမည်မဖော်ရဲသဖြင့် Anonymous participant အမည်များ အသုံးပြု၍ မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ် ရှိနေကြောင်း၊  အသစ်များအစားထိုးဖွယ်ရှိနေကြောင်း၊ ဘဏ်များပိတ်သိမ်းတော့မည်ဖြစ်ကြောင်း စသည်ဖြင့် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကို ပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ် ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ် ဈေးကစားရန်၊ ကုန်ဈေးနှုန်း...
နိုဝင်ဘာ 11, 2024နိုဝင်ဘာ 11, 2024 In Announcements
အချိန်ကာလကြာမြင့်စွာ အသုံးမပြုဖြစ်သော ဘဏ်စာရင်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

အချိန်ကာလကြာမြင့်စွာ အသုံးမပြုဖြစ်သော ဘဏ်စာရင်းများနှင့်ပတ်သက်၍ အသိပေးကြေညာချက်

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များ။ ဘဏ်စာရင်းများအား ၇ နှစ်နှင့် အထက်  အသုံးပြုခြင်းမရှိပါက အသုံးမပြုသောဘဏ်စာရင်း (Dormant) အဖြစ်သတ်မှတ်ပြီး စာရင်းထိန်းသိမ်းခအဖြစ် နှစ်စဉ် ၃,၀၀၀ ကျပ်ကိုပေးဆောင်ရမည်ဖြစ်ပါသည်။  လူကြီးမင်းတွင် ၇ နှစ်နှင့်အထက်  အသုံးပြုခြင်းမရှိသည့် ဘဏ်စာရင်းများရှိပါက အဆိုပါဘဏ်စာရင်းများအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲတွင် ကိုယ်တိုင် Transaction ပြုလုပ်ပေးရန်လိုအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက KBZ Bank Call Center 09951018555 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
နိုဝင်ဘာ 11, 2024နိုဝင်ဘာ 26, 2024 In Announcements
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ KBZPay Center များတွင် KBZ Credit Card ဝန်ဆောင်မှုများရယူနိုင်ပါပြီ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ KBZPay Center များတွင် KBZ Credit Card ဝန်ဆောင်မှုများရယူနိုင်ပါပြီ

ကမ္ဘောဇဘဏ် Customer များနှင့် KBZPay အသုံးပြုသူများအတွက် - ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ KBZPay Center (၂၈) ခုမှာ KBZ Credit Card နှင့် ပတ်သက်သော ဝန်ဆောင်မှုများကို နိုဝင်ဘာ ၅ ရက် ၂၀၂၄ ခုနှစ်မှ စတင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။  KBZPay Center တွေမှာ ကမ္ဘောဇဘဏ်၏ Visa, MPU-UPI, MPU အကြွေးဝယ်ကတ်များနှင့် ပတ်သက်သော အောက်ပါ ဝန်ဆောင်မှုများကို လျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။  (၁) New Secured Credit Card Application (အပ်ငွေနောက်ခံပြုထားသော အကြွေးဝယ်ကတ် လျှောက်ထားခြင်း) (၂) Supplementary...
အောက်တိုဘာ 29, 2024နိုဝင်ဘာ 4, 2024 In Announcements