Announcements

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အသက်သာဆုံး ငွေလွှဲခဖြင့် ငွေလွှဲနိုင်ပြီ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အသက်သာဆုံး ငွေလွှဲခဖြင့် ငွေလွှဲနိုင်ပြီ

မြန်မာနှစ်သစ်ကူးအချိန်အခါ ရောက်ရှိတော့မှာဖြစ်သည့်အလျောက် ပြည်ပမှ ပြည်တွင်းသို့ အသက်သာဆုံး ငွေလွှဲခဖြင့် ငွေလွှဲနိုင်မည့်သတင်းကောင်းအစီအစဉ်။ ယခုအစီအစဉ်ဟာဆိုရင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲပေးပို့ရာမှာ Western Union ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုပြီး ကုန်ကျစရိတ်သက်သာ၍ စိတ်ချလွယ်ကူစွာ ငွေလွှဲနိုင်စေဖို့ ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်စာရင်းနှင့် KBZPay အကောင့်များထဲသို့  အချိန်နှင့်တပြေးညီ တိုက်ရိုက်ငွေလွှဲပြုလုပ်တိုင်းမှာ ငွေလွှဲခသက်သာခွင့်ကို ခံစားရယူနိုင်ဖို့ ယခုပဲ Western Union မှတစ်ဆင့် ငွေလွှဲများ ပေးပို့ကြပါစို့။ 
ဟော့ပေါ့စားရင်း ချက်ချင်းလက်ငင်းကံစမ်းနိုင်ခွင့်

ဟော့ပေါ့စားရင်း ချက်ချင်းလက်ငင်းကံစမ်းနိုင်ခွင့်

ဟော့ပေါ့ချစ်သူများအတွက် ‌ငွေကျပ် ၅၀,၀၀၀ ကျော် တန်ဖိုးရှိ တစ်ဦးစာအခမဲ့သုံးဆောင်ခွင့်များအပြင် ၁၀,၀၀၀ ကျပ်အထိ ပြန်အမ်းငွေများစွာရယူခွင့်များကို ချက်ချင်းလက်ငင်း ပါဝင်ကံစမ်းနိုင်မယ့် အထူးသတင်းကောင်းအစီအစဉ်ကို ယူဆောင်လာခဲ့ပါပြီ။ 📍 Hot Pot City Ahlone 📍 Hot Pot Country  📍 Suki&Yakiniku (S&Y) - ဟော့ပေါ့စီးတီးအလုံ အပေါ်ထပ်နှင့် 📍 Suki&Yakiniku (S&Y) - တောင်ဥက္ကလာဆိုင်ခွဲတို့တွင် ဟော့ပေါ့တစ်ကြိမ်စားတိုင်းမှာ အနည်းဆုံး (၁)သိန်းကျပ်ဖိုးနှင့်အထက် သုံးဆောင်ပြီး KBZ POS စက်များတွင် KBZ Debit Cards (သို့) Credit Cards များဖြင့် ငွေရှင်းပါက - ငွေကျပ်...
ဖေ‌ဖော်ဝါရီ 25, 2025ဖေ‌ဖော်ဝါရီ 27, 2025 In Announcements
ကြိုတင်ကာတွေး ရင်သွေးစုဘူးအကောင့်ဖွင့်ကာ မိဘများဖန်တီးရယူနိုင်မယ့်အခွင့်အရေး

ကြိုတင်ကာတွေး ရင်သွေးစုဘူးအကောင့်ဖွင့်ကာ မိဘများဖန်တီးရယူနိုင်မယ့်အခွင့်အရေး

နှစ်ကိုယ်တူဘဝထဲကိုရောက်ရှိလာမယ့် ရင်သွေးကမ္ဘာငယ်လေးအတွက် အစီအစဥ်တွေဆွဲလို့နေပြီလား။  ဒါဆိုရင်တော့ ကလေးလေးအတွက် ဖေဖေမေမေတို့စိတ်ကူးမျှော်လင့်ချက်အပြည့်နဲ့အကောင်းဆုံးတွေ ပိုမိုဖန်တီးနိုင်အောင်လို့ ကမ္ဘောဇဘဏ်ရဲ့ ရင်သွေးစုဘူးအကောင့်ကို အခုပဲဖွင့်လိုက်ပါ။ ရင်သွေးစုဘူးအကောင့်ဆိုတာ ကလေးမီးဖွားဖို့ရည်ရွယ်ပြီး ငွေစု‌ဆောင်းလိုတဲ့ မိဘများ (သို့မဟုတ်)  မိခင်လောင်းများ ကလေးမီးဖွားဖို့ အထောက်အပံ့ စုငွေစုဆောင်းလိုတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေများ ဖွင့်လှစ်နိုင်တဲ့ အပ်ငွေစာရင်းဖြစ်ပါတယ်။ စုဆောင်းတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ငွေပမာဏကို လစဉ်ပုံမှန်စုဆောင်းနိုင်မှာဖြစ်လို့ မီးဖွားစဉ်ကုန်ကျမယ့် ငွေကြေးကုန်ကျစရိတ်တို့ကို ပူပန်ဖို့ မလိုတော့ပါဘူး။  အပ်နှံရမယ့် ကာလအပိုင်းအခြားနဲ့  အတိုးနှုန်းတွေအနေနဲ့-  ✔️ ၆ လ - တစ်နှစ်လျှင်အတိုးနှုန်း ၉.၅%✔️ ၉ လ - တစ်နှစ်လျှင်အတိုးနှုန်း ၉.၇၅%✔️ ၁ နှစ် - တစ်နှစ်လျှင်အတိုးနှုန်း ၁၀%...
ဖေ‌ဖော်ဝါရီ 25, 2025ဖေ‌ဖော်ဝါရီ 24, 2025 In Announcements
အကောင့်သစ်ဖွင့်ပြီး (၁)သိန်းကျပ် အပ်နှံ အခမဲ့ရယူနိုင်မယ့် Dai-ichi Guard (KBZ Protect) အသက်အာမခံ

အကောင့်သစ်ဖွင့်ပြီး (၁)သိန်းကျပ် အပ်နှံ အခမဲ့ရယူနိုင်မယ့် Dai-ichi Guard (KBZ Protect) အသက်အာမခံ

ချစ်ခင်လေးစားရတဲ့ Customers များအတွက် ငွေကြေးပိုင်းဆိုင်ရာ အကျိုးခံစားခွင့်များအပြင် Dai-ichi Guard (KBZ Protect) အသက်အာမခံကိုပါ အခမဲ့ရရှိနိုင်မယ့် ကမ္ဘောဇဘဏ်ရဲ့ အထူးအခွင့်အရေးကြီးအကြောင်း ကြေညာပေးချင်ပါတယ်။ ဒီအထူးအစီအစဉ်မှာဆိုရင် - ✦ Eaxi Account (လူပုဂ္ဂိုလ်စာရင်းရှင်အပ်ငွေစာရင်း - Current Account Individual)  ✦ Savings Account (ငွေစုဘဏ်အပ်ငွေစာရင်း) ✦ Fixed Deposit Account (စာရင်းသေအပ်ငွေစာရင်း) တို့ကို အသစ်ဖွင့်လှစ်ပြီး ငွေကျပ် (၁)သိန်းကျပ်နှင့်အထက် အပ်နှံထားရှိသူတိုင်းအတွက် အသက်ဆုံးပါးမှု၊ ထာဝစဉ် မသန်စွမ်းဖြစ်မှုများမှာ ကာကွယ်မှုရရှိနိုင်မယ့် Dai-ichi Guard (KBZ Protect) အသက်အာမခံကို (၆) လစာတိတိအကာအကွယ် ရရှိမှာ...
ဖေ‌ဖော်ဝါရီ 21, 2025ဖေ‌ဖော်ဝါရီ 21, 2025 In Announcements
KBZ Online Banking အသုံးပြုသူများအတွက် အထူးအစီအစဥ် မှ ဆုလက်ဆောင်ကံထူးသွားသူများ

KBZ Online Banking အသုံးပြုသူများအတွက် အထူးအစီအစဥ် မှ ဆုလက်ဆောင်ကံထူးသွားသူများ

KBZ Online Banking ဝန်ဆောင်မှုများကို သတ်မှတ် Campaign ကာလအတွင်း ပထမဦးဆုံးအကြိမ် စတင်အသုံးပြုပြီး ၁,၀၀၀ ကျပ် မှ (၁) သိန်းကျပ် အထိ ဖုန်းဘေလ်နှင့် ပြန်အမ်းငွေများစွာ ကံထူးသွားသူတွေကို ကြေညာပေးလိုက်ပါပြီ။ ကံထူးသူများကို SMS ဖြင့်လည်း အသိပေးအကြောင်းကြားသွားမှာဖြစ်ပါတယ်။ ယခုအစီအစဥ်ကို ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၂၅ ခုနှစ်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များ ရှိပါသည်။
ဖေ‌ဖော်ဝါရီ 19, 2025ဖေ‌ဖော်ဝါရီ 19, 2025 In Announcements
Senior Care Savings Account ဖွင့်ပြီး မွေးနေ့လက်ဆောင်ရယူပါ

Senior Care Savings Account ဖွင့်ပြီး မွေးနေ့လက်ဆောင်ရယူပါ

လစဥ်အတိုးရနိုင်မယ့် ငွေစုအကောင့်ဖွင့်ဖို့စဥ်းစားနေတဲ့လူကြီးမင်းများအတွက် KBZ Senior Care Savings Account ရှိလို့နေပါပြီ။  KBZ Senior Care Savings Account ဟာ အသက် ၆၀ နှစ်နှင့် အထက် လူကြီးမင်းများအတွက် ရည်ရွယ်ထားတာဖြစ်ပြီး မြန်ဆန်တဲ့ဝန်ဆောင်မှုများနဲ့အတူ ပိုမိုမြင့်မားတဲ့အတိုးနှုန်းများကိုလည်း ဝေဝေဆာဆာရရှိနိုင်မှာဖြစ်ပါတယ်။ KBZ Senior Care Savings အကောင့်ကို အသက် ၆၀ နှင့်အထက်လူကြီးများဖွင့်နိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်မှ မတ် ၃၁ ရက် ၂၀၂၅ ခုနှစ်အတွင်း အကောင့်လာရောက်ဖွင့်ပါက မွေးနေ့လက်ဆောင်များပေးသွားဦးမှာဖြစ်ပါတယ်။  ဒီအစီအစဥ်မှာပါဝင်ဖို့အတွက်ဆိုရင်တော့ - သတ်မှတ်ထားတဲ့အစီအစဉ်ကာလဖြစ်တဲ့ ဖေဖော်ဝါရီ ၃ ရက်မှ မတ် ၃၁ ရက်...
ဖေ‌ဖော်ဝါရီ 3, 2025ဖေ‌ဖော်ဝါရီ 3, 2025 In Announcements
တောင်ကိုရီးယားနိုင်ငံ Jeonbuk ဘဏ်နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှု စာချွန်လွှာရေးထိုးခြင်း

တောင်ကိုရီးယားနိုင်ငံ Jeonbuk ဘဏ်နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှု စာချွန်လွှာရေးထိုးခြင်း

ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကမ္ဘောဇဘဏ်နှင့် တောင်ကိုရီးယားနိုင်ငံ Jeonbuk ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှု စာချွန်လွှာ (MOU) ရေးထိုးခဲ့ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ ယခုကဲ့သို့ နည်းဗျူဟာကျ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် အောက်ပါ ကဏ္ဍများကို အဓိက ထား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။  တိုက်ရိုက်ငွေလွှဲခြင်း ၀န်ဆောင်မှု ပူးပေါင်းဆောင်ရွက်မှု - မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံအကြား အဆင်ပြေ ချောမွေ့စွာ ငွေလွှဲခြင်း လုပ်ငန်းစဉ်များကို အထောက်အကူပြုရန်၊ ကိုရီးယားနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသားများနှင့် နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းများကို အကျိုးပြုစေမည်ဖြစ်သည်။ ငွေကြေးဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်မှု - နှစ်နိုင်ငံစလုံးရှိ သုံးစွဲသူများ၏ ဘဏ္ဍာရေး...
ဇန်နဝါရီ 16, 2025ဇန်နဝါရီ 16, 2025 In Announcements
ပြည်ပနိုင်ငံများသို့ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ရောင်းချပေးနေပါပြီ

ပြည်ပနိုင်ငံများသို့ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ရောင်းချပေးနေပါပြီ

ကမ္ဘောဇဘဏ်အနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများ၏ အသေးသုံးနိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ကိုက်ညီသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ရောင်းချပေးလျက်ရှိပါသည်။
ဇန်နဝါရီ 15, 2025ဇန်နဝါရီ 15, 2025 In Announcements
KBZ ကတ်တွေနဲ့ Junction Center များမှာ ပြုံးပြုံးပျော်ပျော်စျေးဝယ်  သိန်း (၂၀) အထိ ကံထူးမယ်

KBZ ကတ်တွေနဲ့ Junction Center များမှာ ပြုံးပြုံးပျော်ပျော်စျေးဝယ်  သိန်း (၂၀) အထိ ကံထူးမယ်

KBZ Debit Card နှင့် Credit Card (MPU, UPI, VISA) များအသုံးပြုပြီး  Junction Center တွေမှာ စျေးဝယ်ထွက်တဲ့အခါ ဆုငွေ ကျပ် သိန်း ၂၀ အထိရနိုင်မယ့် စိတ်လှုပ်ရှားစရာအစီအစဥ်တစ်ခုကို ယူဆောင်လို့လာခဲ့ပါပြီ။   ဒီအစီအစဥ်မှာပါဝင်ရန် သတ်မှတ်ထားတဲ့ Junction Center တွေဖြစ်တဲ့ Junction City, Junction Square, Junction 8, Junction Mawtin နဲ့ Junction Nay Pyi Taw တို့ကို ရောက်တဲ့အခါ -  ✦ အစားအစာ ✦ အဝတ်အစား ✦ အလှအပရေးရာ နဲ့ မိမိစိတ်ကြိုက်ပစ္စည်း...
ဇန်နဝါရီ 10, 2025ဇန်နဝါရီ 14, 2025 In Announcements
အမြင့်ဆုံးအတိုးနှုန်း ၇% နှင့် Cash Call Deposit အကောင့်

အမြင့်ဆုံးအတိုးနှုန်း ၇% နှင့် Cash Call Deposit အကောင့်

ဇန်နဝါရီလ ၁ ရက် ၂၀၂၅ ခုနှစ်မှ စတင်ကာ ကမ္ဘောဇဘဏ်၏ ခေါ်ယူအပ်ငွေစာရင်း - ငွေစာရင်းအကောင့် (Cash Call Deposit Account) ၏ အတိုးနှုန်းထားများအား ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။ကမ္ဘောဇဘဏ်၏ Cash Call Deposit Account တွင်✦ ကျပ် ၃ ဘီလီယံအောက် အပ်နှံသူများအနေဖြင့် အတိုးနှုန်းထား ပြောင်းလဲခြင်းမရှိဘဲ✦ ကျပ် ၃ ဘီလီယံနှင့်အထက် အပ်နှံသူများသာ အတိုးနှုန်းထား ပြောင်းလဲသွားမှာဖြစ်ပါတယ်။ဖော်ပြပါ Cash Call Deposit Account ၏ ပြောင်းလဲသတ်မှတ်ထားသော အတိုးနှုန်းထားများအား အသေးစိတ်သိရှိနိုင်ရန် ကမ္ဘောဇဘဏ်ရဲ့ ဖော်ပြပါ Website Link (https://bit.ly/4gBa4u6) တွင် သွားရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
ဇန်နဝါရီ 2, 2025ဇန်နဝါရီ 2, 2025 In Announcements