Announcements

KBZ mBanking  နဲ့  ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြီး ၁သိန်းကျပ်ငွေသားဆုများ ကံထူးလိုက်ပါ

KBZ mBanking  နဲ့  ကမ္ဘောဇဘဏ်အကောင့်အချင်းချင်း ငွေလွှဲပြီး ၁သိန်းကျပ်ငွေသားဆုများ ကံထူးလိုက်ပါ

KBZ mBanking အသုံးပြုသူများအနေနဲ့ ငွေသား ၁သိန်းကံထူးနိုင်တာကို သိပြီးပြီလား? KBZ mBanking အသုံးပြုသူတစ်ယောက်စီတိုင်း KBZ mBanking မှာရှိတဲ့ “Transfer Other” feature ကိုအသုံးပြုပြီး ကမ္ဘောဇဘဏ်အကောင့်အချင်းချင်းသို့ ၂၄နာရီ ပိတ်ရက်မရှိငွေလွှဲပြီး ငွေသားကံစမ်းနိုင်မယ့် အခွင့်အရေးကိုရရှိနိုင်မှာပါ။
ဩဂုတ် 16, 2023ဩဂုတ် 16, 2023 In Announcements
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး‌အတွက် ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး‌အတွက် ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ဒီဂျစ်တယ်လ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင် ရွက်မှုဆိုင်ရာအခြေခံအုတ်မြစ် (Platform) များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊ လုံခြုံစိတ်ချရ သည့် ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများပြည်သူအကြား ငွေသားကိုင်တွယ်အသုံးပြုမှုများကို လျှော့ချနိုင် ရန်တို့အတွက် ဆောင်ရွက်လျက်ရှိပါသည်။      နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ငွေရေးကြေးရေးဆောင်ရွက်ချက်များ များပြားလာစေရန် ဘဏ်များသို့ ဒီဂျစ်တယ်လ်ဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြု ထားပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် QR Code Payment အတွက် National Standard (MMQR) သတ်မှတ်နိုင်ရန်  Technical Specification Version...
ဇူလိုင် 21, 2023ဇူလိုင် 21, 2023 In Announcements
ငွေကျပ် ၃ သိန်းဆု နှင့် အခြား ငွေသားဆုများ ဆွတ်ခူးဖို့ KBZ Card များနဲ့ ငွေရှင်းလိုက်ပါ

ငွေကျပ် ၃ သိန်းဆု နှင့် အခြား ငွေသားဆုများ ဆွတ်ခူးဖို့ KBZ Card များနဲ့ ငွေရှင်းလိုက်ပါ

KBZ Credit နှင့် Debit Card ကိုင်ဆောင်သူ Customer များအတွက် ငွေသားဆုများရယူနိုင်မယ့် စိတ်လှုပ်ရှားစရာ အစီအစဥ်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။
ဇူလိုင် 13, 2023ဩဂုတ် 22, 2023 In Announcements
ကမ္ဘောဇဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းရှိ Online Trading အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း

ကမ္ဘောဇဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းရှိ Online Trading အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဦးဆောင်၍ AD လိုင်စင်ရဘဏ်များနှင့် Customer များအကြား နိုင်ငံခြားငွေ ဝယ်ယူရောင်းချခြင်းအား Online Trading Platform ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ကမ္ဘောဇဘဏ်မှလည်း ပါဝင်လုပ်ဆောင်ခဲ့ပါသည်။
စာရင်းသေအပ်ငွေစာရင်းကို KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်လိုက်ပါ 

စာရင်းသေအပ်ငွေစာရင်းကို KBZ m/iBanking မှတစ်ဆင့် ဖွင့်လှစ်လိုက်ပါ 

စာရင်းသေအပ်ငွေစာရင်းအား အသစ်ဖွင့်လှစ်လိုသည့် Customer များအနေဖြင့် ဘဏ်ခွဲသို့လာရောက်စရာမလိုအပ်ဘဲ  KBZ iBanking (သို့) mBanking ရှိရုံဖြင့် စာရင်းကို လွယ်ကူစွာဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ စာရင်းဖွင့်ရာတွင် Individual(Single) အကောင့် နှင့် Corporate/Business အကောင့် စသည်ဖြင့်ဖွင့်လှစ်နိုင်ပြီး ကနဦးအပ်နှံငွေအား မိမိ၏ ပုံမှန်အပ်ငွေစာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ)  မှသာမက ငွေစာရင်းအကောင့်အပ်ငွေစာရင်း (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ) များမှလည်းလွှဲပြောင်းကာ ဖွင့်လှစ်နိုင်ပါတယ်။ သက်တမ်းပြည့်ပြီးချိန်တွင် လည်း မိမိ၏ ပုံမှန်အပ်ငွေစာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ) မှသာမက ငွေစာရင်းအကောင့်အပ်ငွေစာရင်းများ (ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ၊ စာရင်းရှင်အပ်ငွေ) ထဲသို့ လည်းပြန်လည်လွှဲပြောင်း ထည့်သွင်းနိုင်ပါတယ်။ KBZ m/iBanking မှတစ်ဆင့်...
KBZ Credit Card များနဲ့ Snoopy Mobile မှာ ဖုန်းဝယ်ယူပြီး ၁၅,၀၀၀ ကျပ်အထိ ပြန်အမ်းငွေများရယူလိုက်ပါ

KBZ Credit Card များနဲ့ Snoopy Mobile မှာ ဖုန်းဝယ်ယူပြီး ၁၅,၀၀၀ ကျပ်အထိ ပြန်အမ်းငွေများရယူလိုက်ပါ

ကမ္ဘောဇဘဏ်ရဲ့ Credit Card များကိုကိုင်ဆောင်ကြတဲ့ customer များအတွက် မိုဘိုင်းဖုန်း ဒါမှမဟုတ်မှမဟုတ် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများဝယ်ယူပြီး ပြန်အမ်းငွေများသာမက လျှော့‌စျေးများရရှိနိုင်မယ့် အစီအစဉ်တစ်ခုရှိလို့နေပါတယ်။
အမေရိကန် ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ‌ရောင်းချပေးနေပါပြီ

အမေရိကန် ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ‌ရောင်းချပေးနေပါပြီ

ကမ္ဘောဇဘဏ်အနေဖြင့် customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိရာ ယခုအခါ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ပညာတော်သင်သွားရောက်မည့်သူများ နှင့် ဆေးကုသမှုခံယူရန် ထွက်ခွာမည့်သူများအတွက် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှစတင်၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဝယ်ယူလိုသည့် customer များအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ကောင်တာ၊ မန္တလေးဘဏ်ခွဲ-၃၆ နှင့် တောင်ကြီးဘဏ်ခွဲ-၁ တို့တွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများတင်ပြ၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်သိရှိလိုပါက KBZ Call Center: 09-951018555 သို့...
ငွေပေးချေမှုတိုင်းအတွက် လွယ်ကူအဆင်ပြေတဲ့ KBZ Prepaid Card များ

ငွေပေးချေမှုတိုင်းအတွက် လွယ်ကူအဆင်ပြေတဲ့ KBZ Prepaid Card များ

အွန်လိုင်းကနေ လုပ်ငန်းအတွက်ငွေပေးချေမှုတွေ ပြုလုပ်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံတကာကို ခရီးသွားလာတဲ့အခါဈေးဝယ်စင်တာများနဲ့ စားသောက်ဆိုင်များမှာ ငွေပေးချေဖို့ပဲဖြစ်ဖြစ် KBZ Visa/ Mastercard Prepaid Card များကိုအသုံးပြုပြီးအဆင်ပြေလွယ်ကူစွာ ငွေပေးချေနိုင်ပါတယ်။
ကမ္ဘောဇဘဏ်ခွဲများရှိ ငွေပေးကောင်တာများ (OTC) တွင် ပုံမှန်အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူနိုင်သည့်ပမာဏတိုးမြှင့်ကြောင်း အသိပေးအကြောင်းကြားခြင်း

ကမ္ဘောဇဘဏ်ခွဲများရှိ ငွေပေးကောင်တာများ (OTC) တွင် ပုံမှန်အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူနိုင်သည့်ပမာဏတိုးမြှင့်ကြောင်း အသိပေးအကြောင်းကြားခြင်း

ကမ္ဘောဇဘဏ်ခွဲများ၏ ငွေပေးကောင်တာအသီးသီး(OTC)တွင် ပုံမှန်အပ်ငွေ စာရင်းများမှ ငွေသားထုတ်ယူရာတွင် အောက်ဖော်ပြပါပမာဏများအတိုင်း (၂၃-၅-၂၀၂၃) ရက်နေ့မှစတင်၍ ထုတ်ယူနိုင်ပြီဖြစ်ပါသည်။
Dai-ichi Life Insurance Myanmar မှKBZ Bank နှင့်ပူးပေါင်း၍Bancassurance ဝန်ဆောင်မှုများကိုကမ္ဘောဇဘဏ်ခွဲများနှင့်KBZPay စင်တာများတွင်ရရှိနိုင်တော့မည်ဖြစ်ပြီးယခုပူးပေါင်းဆောင်ရွက်မှုမှကမ္ဘောဇဘဏ်ဝန်ဆောင်မှုသုံးစွဲသူများအတွက်ဘက်ပေါင်းစုံမှကာကွယ်ပေးနိုင်သည့်အသက်အာမခံဝန်ဆောင်မှုများကိုပေးနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့၊ မေလ ၁၈ရက် ၂၀၂၃ ခုနှစ် – ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သော Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Dai-ichi Life Insurance Myanmar Ltd. (“Dai-ichi Life”) မှ ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) နှင့် ပူးပေါင်း၍ Bancassurance Partnership ကို စတင်လိုက်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှ သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြင်ဆင်ထားသည့် အသက်အာမခံ ဝန်ဆောင်မှုများကို KBZ ဘဏ်ဝန်ဆောင်မှု သုံးစွဲသူများထံသို့ ၎င်းတို့ချစ်ခင်ရသူများ အား ကာကွယ်ပေးနိုင်ရန် နှင့် အနာဂတ်အတွက် ငွေကြေးစုဆောင်းနိုင်ရန် ရည်ရွယ်ပါသည်။ Dai-ichi Life သည်...