လေးစားအပ်ပါသော ကမ္ဘောဇဘဏ် Customer များအားလုံး မင်္ဂလာပါ။
ကမ္ဘောဇဘဏ်၏ Core Banking စနစ် အဆင့်မြှင့်တင်ခြင်းကို အစိုးရရုံးပိတ်ရက်များဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့ သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်မှ၊ ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကမ္ဘောဇဘဏ်သည် Customer များကို အကောင်းမွန်ဆုံး ဘဏ်ဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက် တစိုက်မတ်မတ် ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။ ယခု Core Banking စနစ် အဆင့်မြှင့်တင်ခြင်းသည် ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် Customer များ၏ ဘဏ်ဝန်ဆောင်မှုအသုံးပြုခြင်းအတွေ့အကြုံ တိုးတက်မြင့်မားလာစေရန် အထောက်အကူပြုသွားမည်ဟု ယုံကြည်ထားပါသည်။
ယခုကဲ့သို့ Core Banking စနစ် အဆင့်မြှင့်တင်နေစဉ် ကာလအတွင်း ကမ္ဘောဇဘဏ်၏-
■ အွန်လိုင်းဘဏ်ဝန်ဆောင်မှုများ (iBanking နှင့် mBanking)
■ Debit နှင့် Credit Card ဝန်ဆောင်မှုများ နှင့်
■ အချို့သော ATM စက်များနှင့် KBZPay ဝန်ဆောင်မှုများကို ယာယီအသုံးပြုနိုင်မည် မဟုတ်ကြောင်း လေးစားစွာဖြင့် ကြိုတင် အသိပေးအပ်ပါသည်။
Core banking စနစ် အဆင့်မြှင့်တင်နေစဉ်ကာလအတွင်း ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ စာရင်းကို သိရှိနိုင်ရန် အောက်ဖော်ပြပါပုံတွင် ဖတ်ရှုနိုင်ပါသည်။
Core banking စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ အမေးအဖြေများတွင် ဖတ်ရှုနိုင်ပါသည်။
ဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက ကမ္ဘောဇဘဏ် Customer များကို အချိန်နှင့် တပြေးညီ အသိပေးသွားမည် ဖြစ်ပါသည်။
အထူးသတိပြုရန်မှာ ဘဏ်ဝန်ထမ်းများအနေဖြင့် ယခု Core Banking စနစ် အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး Customer များ၏ အချက်အလက်များကို ဆက်သွယ်တောင်းဆိုခြင်း ပြုမည်မဟုတ်ကြောင်းနှင့်၊ မသမာသူများမှ KBZPay OTP တောင်းဆိုခြင်း၊ Password တောင်းဆိုခြင်းနှင့်၊ အခြား ကိုယ်ရေးအချက်အလက် တောင်းဆိုခြင်းများ ရှိလာပါက သတိပြုရှောင်ရှားစေရန် ကြိုတင် အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ Core Banking စနစ် အဆင့်မြှင့်တင်နေသည့် အချိန်ကာလအတွင်း အဆင်မပြေမှု တစုံတရာရှိခဲ့ပါက သည်းခံနားလည်ပေးပါရန်နှင့်၊ Customer များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ယာယီမရရှိနိုင်သော ဝန်ဆောင်မှုများ စာရင်း
ဝန်ဆောင်မှုများ | ရရှိနိုင်သော ဝန်ဆောင်မှုများ နှင့် မရရှိနိုင်သောဝန်ဆောင်မှုများ |
|||||
---|---|---|---|---|---|---|
ဧပြီလ ၇ ရက်နေ့ | ဧပြီလ ၈ ရက်နေ့ | ဧပြီလ ၉ ရက်နေ့ | ဧပြီလ ၁၀ ရက်နေ့ | ဧပြီလ ၁၁ ရက်နေ့ | ဧပြီလ ၁၂ ရက်နေ့ | |
ဘဏ်ခွဲများ | ဘဏ်ဖွင့်ရက် | အစိုးရရုံးပိတ်ရက် | အစိုးရရုံးပိတ်ရက် | အစိုးရရုံးပိတ်ရက် | အစိုးရရုံးပိတ်ရက် | အစိုးရရုံးပိတ်ရက် |
KBZ Call Center | ၂၄နာရီ ၇ရက်ပတ်လုံး | ၂၄နာရီ ၇ရက်ပတ်လုံး | ၂၄နာရီ ၇ရက်ပတ်လုံး | ၂၄နာရီ ၇ရက်ပတ်လုံး | ၂၄နာရီ ၇ရက်ပတ်လုံး | ၂၄နာရီ ၇ရက်ပတ်လုံး |
KBZ Mobile/Internet Banking | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
Debit Cards (POS တွင် ငွေပေးချေမှု, E-commerce ငွေပေးချေမှု) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
အကြွေး၀ယ်ကတ် (အခြားဘဏ် POS တွင် ငွေပေးချေမှု, E-commerce ငွေပေးချေမှု) | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် |
အကြွေး၀ယ်ကတ် (ငွေပြန်လည်ပေးဆပ်ခြင်း) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
Prepaid Cards (POS တွင် ငွေပေးချေမှု, E-commerce ငွေပေးချေမှု) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
ATM စက်မှငွေထုတ်ခြင်း (KBZ Bank ကတ်ဖြင့်) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် |
ATM စက်မှငွေထုတ်ခြင်း (အခြားဘဏ်ကတ်ဖြင့်) | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
POS Machine (KBZ Bank ကတ်ဖြင့်) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | ရရှိနိုင်ပါသည် | မနက် ၁၁ နာရီတွင်ရရှိပါမည် |
POS Machine (အခြားဘဏ်ကတ်ဖြင့်) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPay ဝန်ဆောင်မှုများ |
||||||
အခြား KBZPay ဝန်ဆောင်မှုများ (ဖုန်းဘေလ်ဖြည့်ခြင်း, KBZPay အကောင့်အချင်းချင်းငွေလွှဲခြင်း, KBZPay Market, QR ဖြင့်ငွေပေးချေခြင်း လက်ဆောင်ကဒ်ဝယ်ယူခြင်း, Mini Apps အစရှိသဖြင့်.) | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် |
KBZPay နှင့်ချိတ်ဆက်ထားသော ဘဏ်အကောင့် လက်ကျန်ငွေ စစ်ဆေးခြင်း | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPay နှင့်ချိတ်ဆက်ထားသော ဘဏ်အကောင့်မှ (ငွေသွင်း/ငွေထုတ်) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPayနှင့် ဘဏ်အကောင့် ချိတ်ဆက်ခြင်း | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPay QuickPay တွင်ငွေပေးချေခြင်း | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPay နှင့် ဘေလ် ပေးဆောင်ခြင်း | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
နိုင်ငံခြားငွေလဲလှယ်နှုန်း | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPay သို့ MPU မှငွေသွင်းခြင်း (KBZ Bank ကတ်ဖြင့်) | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မနက် ၁၁ နာရီတွင်ရရှိပါမည် |
KBZPay သို့ MPU မှငွေသွင်းခြင်း(အခြားဘဏ်ကတ်ဖြင့်) | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် |
KBZPay ဖြင့် ATM မှ ငွေထုတ်ခြင်း | ည ၁၁ နာရီ ၄၅ မိနစ် မတိုင်ခင်ရရှိနိုင်ပါသည် | မရရှိနိုင်ပါ | မရရှိနိုင်ပါ | မရရှိနိုင်ပါ | ရရှိနိုင်ပါသည် | ရရှိနိုင်ပါသည် |