ကမ္ဘောဇဘဏ်မှ HerBiz Cohort 1 “ Leveraging the Success of Women’s Business” ၏ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနား

ကမ္ဘောဇဘဏ်နှင့်  Business Coalition for Gender Equality (BCGE) တို့ ပူးပေါင်းပြီး အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကို ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုမြင့်မားလာစေရန် လေ့ကျင့်ပေးသည့် HerBiz Cohort 1 “ Leveraging the Success of Women’s Business” ၏ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကို ဖေဖော်ဝါရီလ (၆) ရက်နေ့၊ KBZ Learning Academy တွင် ကျင်းပခဲ့ကြောင်း ဂုဏ်ယူစွာဝေမျှပေးလိုက်ပါသည်။

ကမ္ဘောဇဘဏ်သည် စုံလင်ကွဲပြားမှုကို တန်ဖိုးထားကာ အားလုံးပါဝင်နိုင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ရန် အလေးအနက်ထားသည့်အလျောက်  အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် ထိုရည်မှန်းချက်ကို ထောက်ပံ့ပေးသော လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်ပါသည်။ BCGE နှင့် ပူးပေါင်း၍ (၄) လကျော် ကြာမြင့်ခဲ့သော HerBiz Cohort 1 တွင် MSME ကဏ္ဍရှိ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်(၂၀) ဦးအတွက် ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် သင်တန်း အစီအစဥ်များ၊ Mentor များနှင့် အနီးကပ်ဆွေးနွေးမှုအစီအစဥ်များ ပါဝင်ပါသည်။

ဤ Herbiz Cohort 1 သင်တန်းဆင်းအခမ်းအနားကို ကမ္ဘောဇဘဏ်မှ Managing Director Mr. Devanandan Batumalai နှင့် BCGE ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဒေါ်အေးအေးစန်းတို့၏ အဖွင့်အမှာစကားဖြင့် စတင်ခဲ့ပြီး BCGE ၏ Country Director ဒေါ်ကျော့ကေသီဝင်း မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသူ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များမှ ဖြတ်သန်းကျော်ဖြတ်ခဲ့ရသော ဘဝလမ်းခရီးအကြောင်းများ၊ Mentor နှင့် သင်တန်းသူများအကြား စိတ်ဝင်စားဖွယ် အပြန်အလှန် ဆွေးနွေးမှုများနှင့် ယခု HerBiz အစီအစဥ်ကြောင့် ပြောင်းလဲတိုးတက်မှုများ အကြောင်း ဝေမျှပြောကြားခဲ့ပါသည်။ ကမ္ဘောဇဘဏ် အနေဖြင့်လည်း အမျိုးသမီး ခေါင်းဆောင်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးသော ဤအစီအစဉ်အား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးခွင့်ရခဲ့သည့်အတွက် ဝမ်းသာဂုဏ်ယူပါသည်။

ကမ္ဘောဇဘဏ်သည် ဤကဲ့သို့သော အစီအစဥ်များမှတဆင့် မြန်မာနိုင်ငံစီးပွားရေးကဏ္ဍရှိ အမျိုးသမီးများကို ပံ့ပိုးကူညီရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

#KBZBank #HerBizCohort  #WomenEmpowerment #BCGE #MSMEs