ကမ္ဘောဇဘဏ်မှ Top Employer 2024 အဖြစ် အသိအမှတ်ပြုခံရခြင်း

ကမ္ဘောဇဘဏ်သည်  ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ပြည်တွင်းအဖွဲ့အစည်းတစ်ခုအနေနှင့် သာမက ဘဏ်လုပ်ငန်းနှင့်ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများအနက် ပထမဆုံးအနေဖြင့် ထိပ်တန်း လုပ်ငန်းရှင် (Top Employer) အဖြစ် အသိအမှတ်ပြုလက်မှတ်ကို ရရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ဖော်ပြလိုက်ပါသည်။ ဤအသိအမှတ်ပြုဆုတံဆိပ်ကို ၁၉၉၁ခုနှစ်မှစတင်၍ နိုင်ငံတကာအဖွဲ့အစည်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာနည်းဗျူဟာများကို စစ်ဆေးကွပ်ကဲနေသောTop Employers Institute မှပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျွန်ပ်တို့၏ ဝန်ထမ်းများ အတွက် ပိုမိုကောင်းမွန်၍ အောင်မြင်သော အခွင့်အလမ်းများ ရရှိစေနိုင်ရန် နှင့် သာလွန်ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ရန် ထားရှိထားသော ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို မီးမောင်းထိုးပြသလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေပြုကာ ဝန်ထမ်းအင်အား ၁၃,၀၀၀ ကျော်အတွက် သာလွန်ကောင်းမွန်၍ တစ်ဉီးနှင့်တစ်ဉီး အပြန်အလှန် အထောက်အကူပြုနိုင်ပြီး၊ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သော လုပ်ငန်းခွင်ကောင်းတစ်ခုကို ဖန်တီးပေးရန် ရည်မှန်းချက်ထားဖော်‌ဆောင်လျက်ရှိပါသည်။ 

ကျွန်ုပ်တို့အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်အပေါ် ရင်းနှီးမြှုပ်နှံမှုသည် ရေရှည်အောင်မြင်မှုရရှိရန် အဓိကဖြစ်သည်ဟု ယုံကြည်သည့်အလျောက်  Top Employer အဖြစ်အသိအမှတ်ပြုခံရခြင်းသည် နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ပိုမိုကောင်းမွန်သော ထိပ်တန်းလုပ်ငန်းခွင်တစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ခြင်း ပြယုဂ်ဖြစ်ပါသည်။

ဤအောင်မြင်မှုသည် အနာဂတ်တွင် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အဖြစ် ဖန်တီးရန် အင်အားဖြစ်စေသည့်အပြင် ကျွန်ုပ်တို့အနေဖြင့် လုပ်ဆောင်နေမြဲဖြစ်သော စုံလင်ကွဲပြားပြီး အားလုံးပူးပေါင်းပါဝင်နိုင်သော လုပ်ငန်းခွင်အတွင်း ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများရရှိစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

#TopEmployer2024 #TopEmployerMyanmar #TeamKBZBank #Leadership #Innovation #Growth #EmployeeWellbeing #DiversityAndInclusion #FutureOfBanking