ကမ္ဘောဇဘဏ်ဝန်ထမ်းများ ခင်မင်ရင်းနှီးစွာ စုပေါင်းပါဝင်ခဲ့သော Employee Engagement Committee မှ ကြီးမှူးကျင်းပသည့် ကမ္ဘောဇဘဏ်၏ တူစုံနွှဲပျော် မိုးရာသီအားကစားပွဲတော် ကို ပြီးခဲ့သော ဇွန်လတွင် ကျင်းပခဲ့ပါသည်။ ဤပွဲတော်သည် ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ စုပေါင်းအားကစားပွဲတစ်ခုသာမဟုတ်ဘဲ ဝန်ထမ်းများ၏ စည်းလုံးခြင်း၊ အတူတကွတိုးတက်ခြင်းများကို ကိုယ်စားပြုခြင်းဖြစ်ပါသည်။ စိတ်ကျန်းမာရေးအသိပညာပေးလဖြစ်သော မေလအကုန်တွင် ကျင်းပခဲ့သည့် ဤအစီအစဥ်သည် စိတ်ကျန်းမာရေးက မိမိတို့ဘဝ၏ အောင်မြင်မှုအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း ပြသရန်လည်း ရည်ရွယ်ပါသည်။

ဤအစီအစဥ်တွင်တွင် ၀န်ထမ်းအချင်းချင်း ပိုမိုရင်းနှီးစေရန် ဂိမ်းကစားနည်းများ၊ အသင်းအဖွဲ့နှင့်ကစားရသော ဂိမ်းများအပြင်၊ ကြက်တောင်၊ Yoga၊ စက်ဘီးနင်း စသည့် အားကစားများ စုံလင်စွာ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ကြသည်။ ဤသို့ စုပေါင်း၍ အတူတကွ ပျော်ရွှင်စွာ အားကစားများပြုလုပ်ခြင်းက ကမ္ဘောဇဘဏ်ဝန်ထမ်းများ ၏ တစ်ဦးချင်းစွမ်းရည်၊ အများနှင့်စုပေါင်းလုပ်ဆောင်နိုင်သည့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည် နှင့် စိတ်အားထက်သန်မှုတို့ကို ကိုယ်စားပြုနေခြင်းဖြစ်သည်။

ပွဲအစီအစဥ်တွင် အဖွင့်စကားပြောကြားပေးခဲ့သော KBZ Bank၏ Managing Diector Mr. Devan နှင့် Head of Human Resources Business Partner ဒေါ်လဲ့ရည်မွန်၊ ဂိမ်းကစားနည်းများကို အစမှအဆုံး စီစဥ်ပေးထားသော ပွဲစီစဥ်သူများနှင့် ပျော်ရွှင်စွာ ပါဝင်ပေးကြသော ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါသည်။

ကမ္ဘောဇဘဏ်တွင် ကိုယ်ရော၊စိတ်ပါ ကျန်းမာကြံ့ခိုင်သော အသင်းအဖွဲ့ ၏စွမ်းအားကို ယုံကြည်ကာ ကျွန်ုပ်တို့ လူမှုပတ်ဝန်းကျင်အတွင်း စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာသော စုံလင်ကွဲပြားသူများအားလုံးအတူပါဝင်နိုင်မည့် အဖွဲ့အစည်းတစ်ခုဖြစ်တည်လာရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်နေဆဲ၊ ဆက်လက်ဆောင်ရွက်နေမည် ဖြစ်ပါသည်။
#KBZBank #KBZPay #KBZMonsoonIndoorSportsEvent #MentalHealthAwareness #Yoga #Badminton #SpinningBike