KBZPay အသုံးပြုသူများ၏ စမတ်ဖုန်းသည် မိုဘိုင်းပိုက်ဆံအိတ်သာမက ATM ကတ်အဖြစ်ပါ အသုံးပြုနိုင်လာ
KBZPay သည် အသုံးပြုသူများအတွက် နိုင်ငံတစ်ဝန်းရှိ မည်သည့် ကမ္ဘောဇဘဏ် ATM စက်များတွင်မဆို ငွေသားချက်ချင်း ထုတ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသွားမည့် မြန်မာ၏ ပထမဦးဆုံး မိုဘိုင်းပိုက်ဆံအိတ် ဖြစ်ပါသည်
ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက် – KBZPay အသုံးပြုသူများအတွက်မြန်မာနိုင်ငံတစ်ဝန်းရှိ မည်သည့် ကမ္ဘောဇဘဏ် ATM စက် ၁,၅၀၀ တွင်မဆိုငွေသားချက်ချင်းထုတ်ယူနိုင်ရန် ဝန်ဆောင်မှု ပေးသွားမည့် KBZPay မိုဘိုင်းပိုက်ဆံအိတ်၏ စိတ်လှုပ်ရှားဖွယ်ရာ လုပ်ဆောင်ချက်အသစ်တစ်ခုကို ကမ္ဘောဇဘဏ်က စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် ဘဏ်အကောင့်ရှိမှသာ ATM စက်များမှ ငွေသားထုတ်ယူနိုင် မည်ဆိုသည့် အယူအဆဖောက်ထွက်ပြီး မိုဘိုင်းပိုက်ဆံအိတ်ဖြင့်ငွေသားချက်ချင်းထုတ်ယူနိုင်ရန် ချိတ်ဆက်ပေး လိုက်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘဏ် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ငွေသားကိုင်ဆောင် အသုံးပြုလိုမှု မြင့်တက်နေဆဲဖြစ်သောကြောင့် KBZPay ၏ အသုံးပြုသူ (၂) သန်းမှာ ကမ္ဘောဇဘဏ် ဘဏ်ခွဲများတွင်ဖြစ်စေ၊ KBZPay ကိုယ်စားလှယ်များထံတွင်ဖြစ်စေ ငွေသား ထုတ်ယူနိုင် ကြသော်လည်း ဘဏ်ဖွင့်ချိန်၊ ဆိုင်ဖွင့်ချိန်အတွင်းသာ ထုတ်ယူနိုင်ကြသည်။ ယခုအခါ အသုံးပြုသူများမှာ KBZPay ATM Cash Out ဝန်ဆောင်မှုဖြင့် အစိုးရရုံးပိတ်ရက်များ အပါအဝင် နေ့စဉ် အချိန်မရွေး အသုံးပြုနိုင်သည့် ATM စက် များဖြင့် အဆင်ပြေ လွယ်ကူစွာ ငွေထုတ်ယူနိုင်ကြပြီ ဖြစ်ပါသည်။
ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma က “ပုံမှန်ဆိုရင် ATM မှာ ငွေထုတ်ဖို့ ဘဏ် အကောင့်တွေနဲ့ ကတ်တွေရှိရမှာပါ။ အားလုံး အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့နဲ့ ဘဏ်ခွဲပြင်ပအထိ ဘဏ်ဝန်ဆောင်မှုပေးသွားဖို့ အကောင်းဆုံး ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒကြောင့် KBZPay အသုံးပြု သူတွေအတွက် ဘဏ်အကောင့်တွေ၊ ကတ်မဲ့ငွေထုတ်နိုင်တဲ့ နည်းပညာကို ဆန်းသစ်ဖန်တီးခဲ့တာပါ။ တိုးတက်နေတဲ့ ကမ္ဘာကြီးကို အမီလိုက်နိုင်အောင် KBZPay ရဲ့ စွမ်းဆောင်ရည်နဲ့ အသုံးချနိုင်စွမ်းကို စဉ်ဆက်မပြတ် တိုးချဲ့သွားမှာဖြစ်လို့ အခု စတင်ဝန်ဆောင်မှုပေးလိုက်တဲ့ ကတ်မဲ့စနစ်ကနေ ငွေသားမဲ့စနစ်ကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ လာမယ့်အနာဂတ်မှာ ပိုက်ဆံအိတ်အစား ဖုန်းကိုပဲ ဆောင်သွားကြမယ့်သူတွေ အများကြီးရှိလာမှာ ဖြစ်လို့ KBZPay လုပ်ဆောင်ချက်အသစ်တွေ ဝန်ဆောင်ပေးနိုင်အောင် ဆက်ပြီး ဖန်တီးပေးသွားမှာပါ” ဟု ပြောသည်။
KBZPay ကို မိုဘိုင်းပိုက်ဆံအိတ်နှင့် ATM ကတ်အဖြစ် နှစ်မျိုး အသုံးပြုနိုင်သောကြောင့် အသုံးပြု သူများအနေဖြင့် ငွေသားအရေးပေါ်လိုအပ်ချိန်တွင် ပိုက်ဆံအိတ်နှင့် ဘဏ်ကတ် မရှိသော်လည်း မိုဘိုင်းဖုန်းနှင့် အလွယ်တကူ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ KBZPay အသုံးပြုသူများသည် မိုဘိုင်းပိုက်ဆံအိတ်တွင် ငွေများ ထိန်းသိမ်းထားနိုင်ပြီး နေ့စဉ်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ငွေပေးချေနိုင်သည့်အပြင် လိုအပ်သည့်အခါ အချိန်မရွေး ငွေသားထုတ်ယူနိုင်မည် ဖြစ်ပါသည်။ ATM Cash Out ဝန်ဆောင်မှုသည် ပြည်သူများအတွက် ဒစ်ဂျစ်တယ်ဦးစားပေး လူနေမှုဘဝဆီသို့ မြှင့်တင်ပေးနိုင်ရေး ပံ့ပိုးကူညီလျက်ရှိသည့် KBZPay ၏ ဖုန်းငွေဖြည့်ခြင်း၊ အင်တာနက်ဒေတာများ ဝယ်ယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ငွေလွှဲခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်းနှင့် ဘေလ်ပေး ဆောင်ခြင်းစသည့် လုပ်ဆောင်ချက်များအတွင်း ထပ်မံထည့်သွင်းလိုက်သော နောက်ဆုံးပေါ် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။
KBZPay ဖြင့် ATM Cash Out လုပ်ဆောင်ချက် အသုံးပြုပုံ
ပုံမှန်အားဖြင့် ATM စက်တွင် ငွေထုတ်မည်ဆိုပါက ATM ကတ်၏ သံလိုက်အစင်းနေရာတွင် မှတ်သားထား သည့် ATM PIN တစ်ခုနှင့် အချက်အလက်များကို အသုံးပြုပြီး ကတ်ကိုင်ဆောင်သူဖြစ်ကြောင်း အတည်ပြုမှသာ စက်မှ လက်ခံမည်ဖြစ်ပါသည်။ KBZPay ATM Cash Out တွင် KBZPay အက်ပလီကေးရှင်းမှ ထုတ်ပေးလိုက်သည့် ကိန်းဂဏန်းကုဒ်များကို မိုဘိုင်းဖုန်းသို့ ပေးပို့မည် ဖြစ်သည်။ KBZPay ATM Cash Out အသုံးပြုရန် လွယ်ကူရိုးရှင်း သည့် အဆင့် အနည်းငယ်သာ လိုအပ်ပါသည်။
၁) KBZPay အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာတွင် “ငွေထုတ်” အား ရွေးချယ်ပါ။
၂) KBZPay အက်ပလီကေးရှင်း၏ “ATM” အား အသုံးပြုပြီး အနီးဆုံးတွင်ရှိသော ATM စက်ထံ သွားပါ။ (အကယ်၍ သင်က ATM စက်တွင် ရှိနေပါက နောက်အဆင့်ကို ချက်ချင်းလုပ်ဆောင်နိုင်ပါသည်။)
၃) ATM စက်သို့ ရောက်ရှိပါက KBZPay အက်ပလီကေးရှင်းမှ “ ကုတ်တောင်းခံခြင်း (Request Code)” အား နှိပ်ပြီး မိမိ၏ KBZPay အကောင့် လျှို့ဝှက်နံပါတ်အား ရိုက်ပါ။
၄) မိမိ၏ KBZPay အကောင့် လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးပါက အက်ပလီကေးရှင်းက ATM မှ ငွေထုတ်ရန် ကုဒ်နံပါတ် (၆) လုံး နဲ့ (၄) လုံး စသည့် PIN ကုဒ်နှစ်ခု ထုတ်ပေးပါမည်။
၅) ATM စက် မျက်နှာပြင်တွင် ‘KBZPay Cash out’ အားရွေးချယ်ပြီး အထက်ကပေးပို့ထားသည့် လျှို့ဝှက်နံပါတ် နှစ်ခုအား ရိုက်ထည့်ပါ။
၆) ထုတ်ယူလိုသော ပမာဏကို ရိုက်ထည့်ပြီး ငွေထုတ်ရန်အတွက် “လုပ်ဆောင်မည်” ကို နှိပ်ပါက ATM စက်မှ ငွေသားထွက်လာပါမည်။
![](https://www.kbzbank.com/wp-content/uploads/2019/08/Step-1_Select-the-‘Cash-Out’-option-on-the-KBZPay-main-interface_Credit-to-KBZ-Bank.jpg)
![](https://www.kbzbank.com/wp-content/uploads/2019/08/Step-2_Select-ATM-as-the-cash-out-option_Credit-to-KBZ-Bank.jpg)
![](https://www.kbzbank.com/wp-content/uploads/2019/08/Step-3_Use-the-‘Find-Nearby-ATM’-function-in-the-KBZPay-app-and-head-to-the-nearest-ATM_Credit-to-KBZ-Bank.jpg)
![](https://www.kbzbank.com/wp-content/uploads/2019/08/Step-4_Press-‘Request-Code’-in-the-KBZPay-app-and-enter-your-account-PIN_Credit-to-KBZ-Bank.jpg)
![](https://www.kbzbank.com/wp-content/uploads/2019/08/Step-5_Enter-the-two-PIN-codes-at-the-ATM-to-cash-out_Credit-to-KBZ-Bank.jpg)
![](https://www.kbzbank.com/wp-content/uploads/2019/08/Screen-Shot-2019-08-29-at-10.26.19-AM.png?w=1024)
ကြိုတင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးသွားသည့် PIN ကုဒ်တစ်ခုဖြင့် ငွေထုတ်ရန်ကြိုးပမ်းနေသည်ကို ATM စက်က စစ်ဆေးသိရှိပါက ငွေထုတ်မည့်လုပ်ဆောင်ချက်မှာ အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်ပါသည်။ ဝန်ဆောင်မှုစမ်းသပ်ကာလအတွင်း KBZPay Cash Out လုပ်ဆောင်ချက်ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်ပါသည်။ တစ်လအတွင်း ငွေသားပမာဏ အမြောက်အမြားထုတ်ယူရန်ဆန္ဒရှိသူများအတွက် ထပ်လောင်းဝန်ဆောင်ခကို နောက်ပိုင်းတွင် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါသည်။
KBZPay ဖြင့် စိတ်ချယုံကြည်စွာ ငွေထုတ်လိုက်ပါ
KBZPay မိုဘိုင်းပိုက်ဆံအိတ်နှင့် အသုံးပြုသူ၏ စမတ်ဖုန်းတွင် လက်ဗွေဖြင့် ဝင်ရောက်ရသည့်စနစ်နှင့် လျှို့ဝှက် နံပါတ် ကဲ့သို့ လုံခြုံရေး လုပ်ဆောင်ချက်များ ပါရှိပြီးဖြစ်သောကြောင့် အသုံးပြုသူများအနေဖြင့် ATM စက်မှ စိတ်ချ ယုံကြည်စွာ ငွေထုတ်ယူနိုင်ပါသည်။ သို့သော်လည်း မိမိဖုန်း ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း စသည်တို့ ဖြစ်ပွားနိုင်ပါ သောကြောင့် ကမ္ဘောဇဘဏ် အနေဖြင့် အသုံးပြုသူများအား ဖုန်းအတွင်း ဝင်ရောက်နိုင်သည့် လုံခြုံရေးစနစ်ကို တစ်ခု ထက်ပို၍ ထားရှိပါရန် တိုက်တွန်းလိုပါသည်။
KBZPay စာရင်းသွင်း အကောင့်ဖွင့်နည်း
လူတစ်ဦးတွင် ဘဏ်အကောင့်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MPT ၊ Telenor ၊ Ooredoo နှင့် MyTel မိုဘိုင်းဖုန်းနံပါတ် အသုံးပြုထားသော စမတ်ဖုန်းတစ်လုံး ရှိရုံဖြင့် KBZPay အကောင့်ကို အခမဲ့ စာရင်းသွင်း ဖွင့်လှစ်နိုင်သည်။ ပထမဦးစွာ KBZPay အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် Apple App Store သို့မဟုတ် http://www.kbzpay.com/ တွင် ဒေါင်းလုဒ်ပြုလုပ်ရမည် ဖြစ်သည်။
KBZPay ၏ အခြေခံဝန်ဆောင်မှုများ ရယူရန်အတွက် အသုံးပြုသူသည် အကောင့်အသစ်ဖွင့်ရန် အချိန် (၂) မိနစ်သာ လိုအပ်ပါသည်။ အခြေခံ ကိုယ်ရေးအချက်အလက်များဖြစ်သော မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ဖုန်းနံပတ်နှင့် အကောင့်အသုံးပြုရန် စကားဝှက်တစ်ခု ထည့်သွင်းပေးပြီး အကောင့်တစ်ခု စတင်ပြုလုပ်ရမည် ဖြစ်သည်။
KBZPay ဝန်ဆောင်မှုများဖြစ်သည့် ငွေသွင်း၊ ငွေထုတ်ခြင်းကို စတင်အသုံးပြုနိုင်ရန်အတွက် မိမိတို့နှင့် အနီးဆုံး ကမ္ဘောဇဘဏ်၊ ဘဏ်ခွဲ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်ထံသို့ သွားရောက်၍ နိုင်ငံသားမှတ်ပုံတင် ကတ်ဖြင့် သေချာစွာစစ်ဆေး စာရင်းပေးသွင်းရန် အကြံပြုပါသည်။ ကမ္ဘောဇဘဏ်၏ ဝန်ထမ်း များသည် အချိန်မရွေး၊ နေရာမရွေး သုံးစွဲသူ၏ မိုဘိုင်းပိုက်ဆံအိတ်အား အဆင့် (၁) မှ အဆင့် (၂) သို့ အဆင့်မြင့်ပေးနိုင်ပါသည်။ သုံးစွဲသူများ သည် KBZPay အက်ပလီကေးရှင်းသို့ ငွေသွင်းနိုင်ရန် ၎င်းတို့၏ ကမ္ဘောဇဘဏ်အကောင့်ဖြင့် ချိတ်ဆက် အသုံးပြု နိုင်ပါသည်။
KBZPay ၏ တရားဝင်ကိုယ်စားလှယ် သို့မဟုတ် မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရန် စိတ်ပါ ဝင်စားသူများအနေဖြင့် ကမ္ဘောဇဘဏ်အဖွဲ့သို့ +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ သို့မဟုတ် [email protected] မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
KBZPay အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.kbzpay.com တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။
KBZPay အကြောင်း
KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက် များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။
သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ် ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် http://www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။
ထပ်မံ မေးမြန်းစုံစမ်းလိုပါက ဆက်သွယ်ရန် –
Chilli Agency
မနှင်းနုလွင်
ဖုန်း – ၀၉ ၄၅၂၂၃ ၃၃၀၅
မေးလ် [email protected]
မမေလွင်ဦး
ဖုန်း – ၀၉ ၇၆၈၀၈ ၃၅၁၁
မေးလ် – [email protected]