“ငွေကျပ် ၃ သိန်းဆု နှင့် အခြား ငွေသားဆုများ ဆွတ်ခူးဖို့ KBZ Card များနဲ့ ငွေရှင်းလိုက်ပါ” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

အစီအစဥ်အား KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် အနည်းဆုံး ၃၀,၀၀၀ ကျပ်နှင့်အထက်ငွေပေးချေသူများအားလုံး ဤအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

အစီအစဥ်ကာလသည်  ၁၄.၀၇.၂၀၂၃ မှ ၁၄.၀၈.၂၀၂၃  အထိ တစ်လတိတိ ကြာမြင့်မှာဖြစ်သည်။

သတ်မှတ်ထားသော အထူးအစီအစဥ် ကာလအတွင်း သတ်မှတ်ထားသော Merchant ဆိုင်များ၏ KBZ POS machine တွင် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် အနည်းဆုံး ၃၀,၀၀၀ ကျပ်ရှိသော ငွေပေးချေမှုများကို ပြုလုပ်ပါက ဤကံစမ်းမဲ အစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ‌

 အစီအစဥ်တွင် ပါဝင်သော Merchant ဆိုင်များမှာ – 

အစီအစဥ်တွင် အောက်ပါ ‌ငွေသားဆုများ ကံထူးနိုင်မည်ဖြစ်ပါသည်။ 

–            ၃ သိန်းတန် ငွေသား ဆုကြီး (၁) ဆု

– ၂ သိန်းတန် ငွေသား ဆုကြီး (၂) ဆု

– ၁ သိန်းတန် ငွေသား ဆုကြီး (၅) ဆု

– ၅ သောင်းတန် ငွေသား ဆုကြီး (၁၀) ဆု

– ၁ သောင်းတန် ငွေသား ဆုကြီး (၁၂) ဆု

အစီအစဥ်တွင် ငွေပေးချေသူသည် KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် အနည်းဆုံး ၃၀,၀၀၀ ကျပ်ရှိသော ငွေပေးချေမှုများကို KBZ ၏ POS Machine စက်ဖြင့် သတ်မှတ်ထားသော Merchant ဆိုင်များတွင်  အထူးအစီအစဥ် ကာလအတွင်း ပြုလုပ်ရပါမည်။ 

အကြိမ်ရေ အရေအတွက် ကန့်သတ်ထားတာ မရှိပါ။ KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU) ဖြင့် ငွေ (၁) ခါပေးချေတိုင်း ကံထူးခွင့် (၁) ခါရရှိနိုင်မှာဖြစ်တဲ့အတွက် များများဝယ်ယူပါက ကံထူးခွင့်တွေ များများရရှိမည်ဖြစ်ပါသည်။

ကံထူးသူများကို KBZ Bank Facebook Official Page  (အပြာရောင်အမှတ်ခြစ်ပါသော) နှင့် offical website တို့တွင် ကြေညာပေးပါမည်။ ထို့နောက် KBZ Bank နာမည်ဖြင့် လက်ဆောင်ကံထူးသူများကို SMS ပို့ပေးပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးသွားမည်ဖြစ်ပြီး Customer များထံမှ လျှို့ဝှက်နံပါတ်တောင်းခံခြင်းကို မည်သည့်အခါမှ မပြုလုပ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ လူကြီးမင်းတို့အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

ငွေသားဆုများကို ကံထူးသူ၏ Card (KBZ Bank Debit Card နှင့် KBZ Bank Credit Card များ (VISA, MPU-UnionPay & MPU)) ထဲသို့သာ သတ်မှတ်ရုံးဖွင့်ရက် (၁၀) ရက်အတွင်း တိုက်ရိုက် ထည့်ပေးမည် ဖြစ်ပါသည်။  Card ထဲသို့ထည့်ပြီးပါက SMS ပို့ပေးပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ Bankမှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

သတိပြုရန်။ KBZ Bankသည် ယခု အစီအစဉ်​၏ တစိတ်တဒေသဖြစ်သည့် အသုံးပြုသူတို့​၏ အကောင့်အချက်အလက်များ ၊ OTP သို့မဟုတ် စကားဝှက်များ ကို အသုံးပြုသူများထံမှ မည်သည့်အခါမျှ ဖုန်းဆက်ခေါ်ယူ မေးမြန်းတောင်းယူမည်မဟုတ်ပါ။ ထိုကဲ့သို့သော သတင်းအချက် အလက်များကို တစ်စုံတစ်ယောက်မှ ဖုန်းဆက်မေးမြန်းလာပြီဆိုပါက ထိုသူတို့​၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မပြုခြင်းဖြင့် လိမ်လည်မှုများကို ရှောင်ရှားပါ။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;