Campaign အမည်မှာ Western Union ၏ အပိုဆုငွေရနိုင်မည့် နှစ်ကုန်အထူးအစီအစဉ် ဖြစ်ပါသည်။
ရွေးချယ်ထားသောနိုင်ငံများမှ ၅၀၀,၀၀၀ ကျပ် (သို့မဟုတ်) ထို့ထက်ပို၍ Western Union ငွေလွှဲ လက်ခံရရှိသည့်အခါ ထိုနေ့တွင် ငွေလွှဲလက်ခံသူက အပိုထပ်ဆောင်းအနေဖြင့် ၁၀,၀၀၀ ကျပ် ရရှိပါမည်။
ပရိုမိုးရှင်းကာလသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၁၅ ရက်အထိ ဖြစ်ပါသည်။(ငွေလွှဲပေးပို့ခြင်းနှင့် ငွေလွှဲလက်ခံသည့် ရက်စွဲ နှစ်ခုစလုံးသည် ဤရက်စွဲများအတွင်း အကျုံးဝင်ရမည်၊ ရက်စွဲနှစ်ခုလုံး အပါအဝင်)။
အားလုံး မပါဝင်ပါ။ ဤအပိုဆုအစီအစဉ်၌ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံ စသည့် (၃) နိုင်ငံမှ ငွေလွှဲများသာ အကျုံးဝင်ပါသည်။
ငွေလွှဲလက်ခံသူအတွက် တစ်ရက်လျှင် သတ်မှတ်ချက်ပြည့်မီသော ငွေလွှဲတစ်ခုအတွက် အကျုံးဝင်ပါသည်။ (ဥပမာ- ငွေကျပ် ၅၀၀,၀၀၀ နှင့်အထက် ငွေလွှဲများသာ)
ငွေပမာဏ ၅၀၀,၀၀၀ ကျပ် နှင့်အထက် ငွေလွှဲများသာသတ်မှတ်ထားပါသည်။
Western Union ငွေလွှဲထုတ်ခွင့်ပြုထားသည့် KBZ ဘဏ်ခွဲပေါင်း ၂၁၇ ခု ၌သာ အကျုံးဝင်ပါသည်။
ငွေလွှဲလာရောက်ထုတ်ယူမည့်သူသည် ငွေလွှဲသူအမည်၊ ငွေလွှဲသည့် ပမာဏ၊ ငွေလွှဲသည့်နိုင်ငံ၊ လျှို့ဝှက်ကုတ် (၁၀)လုံး၊ မှတ်ပုံတင်မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာရပါမည်။(ဥပမာ-ငွေလွှဲထုတ်ယူမည့်သူမှ လွှဲပို့ငွေ ၅၀၀,၀၀၀ ကျပ် ထုတ်ယူမည်ဆိုပါက ၅၀၀,၀၀၀ ကျပ် + အပိုဆုငွေ ၁၀,၀၀၀ ကျပ် စုစုပေါင်း ၅၁၀,၀၀၀ ကျပ်ကို ရရှိမည် ဖြစ်ပါသည်။) ငွေလွှဲလက်ခံသူသည် အပိုဆုငွေ ရရှိပြီးပါက ငွေလွှဲလက်ခံဖြတ်ပိုင်းပေါ်တွင် အပိုဆုငွေ ၁၀,၀၀၀ ကျပ် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးရပါမည်။
ငွေလွှဲလက်ခံသူတစ်ဦးအနေနှင့် တစ်ရက်လျှင် တစ်ကြိမ်သာ bonus ရရှိနိုင်ပါသည်။