Western Union နှင့် ငွေလွှဲထုတ်ယူပြီး အပိုဆုငွေ ၁၀,၀၀၀ ကျပ် ရယူလိုက်ပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ Western Union သုံးစွဲသူ ကမ္ဘောဇဘဏ် customer များအတွက် နှစ်ကုန်အကူး နှစ်သစ်ကူးအဖြစ် အပိုဆုငွေပေးအပ်သွားမည့် အစီအစဉ်ကာလသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ထိ ဖြစ်ပါသည်။

၂။ Western Union ၏ အပိုဆုငွေပေးအပ်သွားမည့် အစီအစဉ်၏ ရည်ရွယ်ချက်မှာ Western Union သုံးစွဲသူ ကမ္ဘောဇဘဏ် customer များအတွက်  ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြည်ပလွှဲပို့ငွေများ လာရောက်ထုတ်ယူရင်း အပိုဆုငွေရရှိနိုင်စေရန် ရည်ရွယ်ပါသည်။

၃။ Western Union ကနေတစ်ဆင့် စင်္ကာပူ၊မလေးရှားနှင့် ထိုင်းနိုင်ငံ (၃) နိုင်ငံကနေ  လွှဲပို့ငွေ (၅၀၀,၀၀၀) ကျပ်နှင့်အထက်ထုတ်ယူမှသာ အပိုဆောင်းငွေ ၁၀,၀၀၀ ကျပ်ထပ်မံရရှိနိုင်မှာဖြစ်ပါသည်။ 

၄။ ငွေလွှဲလက်ခံသူသည် တစ်ရက်လျှင် တစ်ကြိမ်သာ အပိုဆုငွေကို ရရှိနိုင်ပြီး Western Union ငွေလွှဲထုတ်ခွင့်ပြုထားသည့် KBZ ဘဏ်ခွဲပေါင်း ၂၁၇ ခု ၌သာ အကျုံးဝင်ပါသည်။

၅။ ငွေလွှဲလာရောက်ထုတ်ယူမည့်သူသည် ငွေလွှဲသူအမည်၊ ငွေလွှဲသည့် ပမာဏ၊ ငွေလွှဲသည့်နိုင်ငံ၊ လျှို့ဝှက်ကုတ် (၁၀)လုံး၊ မှတ်ပုံတင်မူရင်း တို့ကို တစ်ပါတည်း ယူဆောင်လာရပါမည်။(ဥပမာ-ငွေလွှဲထုတ်ယူမည့်သူမှ လွှဲပို့ငွေ ၅၀၀,၀၀၀ ကျပ် ထုတ်ယူမည်ဆိုပါက ၅၀၀,၀၀၀ ကျပ် + အပိုဆုငွေ ၁၀,၀၀၀ ကျပ် စုစုပေါင်း ၅၁၀,၀၀၀ ကျပ်ကို ရရှိမည် ဖြစ်ပါသည်။)

၆။ ငွေလွှဲလက်ခံသူသည် အပိုဆုငွေ ရရှိပြီးပါက ငွေလွှဲလက်ခံဖြတ်ပိုင်းပေါ်တွင် အပိုဆုငွေ ၁၀,၀၀၀ ကျပ် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးရပါမည်။

၇။ ယခု Western Union ၏ အပိုဆုငွေပေးအပ်သွားမည့် ကာလအတွင်း ကမ္ဘောဇဘဏ်Customersများ၏ အချက်အလက်များကို လိမ်ညာခြင်းမပြုနိုင်ရန်အတွက် တင်းကျပ်စွာ တားမြစ်ထားပါသည်။ Customerများ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယ ရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်မှ လိုအပ်သလိုအရေးယူပိုင်ခွင့်ရှိသည်။

၈။ ကမ္ဘောဇဘဏ်Customerများနှင့် ကမ္ဘောဇဘဏ်တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် ကမ္ဘောဇဘဏ်တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၉။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၀။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၂။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;