“စာအိတ်ထဲမှာ ပျော်စရာ” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay မှ  ၂၀၂၄ခုနှစ်  မတ်လ (၂၈)ရက်နေ့မှ ၂၀၂၄ခုနှစ် ဧပြီလ (၃)ရက်နေ့ အား “စာအိတ်ထဲမှာ ပျော်စရာ” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများ အားလုံး KBZPayအသုံးပြုသူ သူငယ်ချင်းအသစ်ဖိတ်ခေါ်ခြင်းနှင့် ဤအစီအစဉ်အား သူငယ်ချင်းများ ထံ မျှဝေေခြင်းဖြင့် “စာအိတ်ထဲမှာ ပျော်စရာ”ဖြစ်သည့် ဆုငွေ ၁,၀၀၀ကျပ်အား ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ဤအစီအစဥ် စာမျက်နှာအား ပထမဦးစွာ ဝင်ရောက်ရောက်ချင်း ဝင်ရောက်သူမှ စာအိတ်တစ်ခုရရှိမည် ဖြစ်ပြီး စာအိတ်တွင် ကျပန်းဆုငွေ ပမာဏတစ်ခု ပါရှိနေမည်ဖြစ်သည်။  

၅။ စာအိတ်ထဲတွင် ဆုငွေ ၁,၀၀၀ကျပ်အထိ ရောက်ရှိမှသာ ဆုငွေအား ထုတ်ယူကာ အသုံးပြုနိုင်မည် ဖြစ်သည်။ စာအိတ်ထဲမှဆုငွေများသည် ၁,၀၀၀ကျပ်အထိ မရောက်ရှိထားပါက ဆုငွေအား ထုတ်ယူကာ အသုံးပြုနိုင်မည်မဟုတ်ပါ။

၆။ စာအိတ်ထဲမှ ဆုငွေများ ၁,၀၀၀ကျပ်အထိ တိုးရန် အောက်ပါလုပ်ဆောင်ချက် တစ်ခုချင်းစီအား ပြီးမြောက်အောင် ပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည်ဖြစ်သည်။ 

  • ဤအစီအစဥ်အား Group Chat တွင် မျှဝေမည် (စာအိတ်သက်တမ်းတစ်ခုလျှင် ၂ ကြိမ်အထိ)
  • ဤအစီအစဥ်အား Social Media တွင် မျှဝေမည် (စာအိတ်သက်တမ်းတစ်ခုလျှင် ၁ ကြိမ်အထိ)
  • ဤအစီအစဥ်အား သူငယ်ချင်းများနှင့် မျှဝေမည် (အကြိမ်အရေအတွက် အကန့်အသတ်မရှိ)
  • KBZPay အသုံးပြုအသစ်များ ဖိတ်ခေါ်မည် (အကြိမ်အရေအတွက် အကန့်အသတ်မရှိ)

၇။ အစီအစဉ်ကာလတစ်လျှောက်အတွင်း ရရှိလာမည့်စာအိတ်သည် သက်တမ်းရှိပြီး စာအိတ်အား ရရှိပြီးချိန်မှ ၄၈နာရီပြီးလျှင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ၄၈နာရီဟု သတ်မှတ်ထားသော်လည်း အစီအစဉ်ပြီးဆုံးသည့် နောက်ဆုံးရက်တွင် စာအိတ်အား လက်ခံရရှိခဲ့ပါက အစီအစဉ် ပြီးဆုံးချိန်တွင် စာအိတ် သက်တမ်းသည်လည်း ကုန်ဆုံးသွားမည်ဖြစ်သည်။

၈။ စာအိတ်သက်တမ်းကုန်ဆုံးခဲ့လျှင် လုပ်ဆောင်ချက်များ ပြီးမြောက်အောင် ပြုလုပ်ကာ စုဆောင်းရရှိ ထားသော စာအိတ်ထဲမှဆုငွေများပါ တစ်ပါးတည်း ကုန်ဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် စာအိတ် သက်တမ်း မကုန်ဆုံးခင် စာအိတ်ထဲမှ ဆုငွေများ ၁,၀၀၀ကျပ်အထိ ရောက်ရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။ 

၉။ “ဤအစီအစဥ်အား သူငယ်ချင်းများနှင့် မျှဝေမည်” လုပ်ဆောင်ချက်မှ ဖိတ်ခေါ်ခံရသူသည်  စာအိတ်သက်တမ်း ၄၈နာရီအတွင်းတွင် ဖိတ်ခေါ်သူတစ်ဦးအား တစ်ကြိမ်သာ ကူညီပေးနိုင်မည်ဖြစ်သည်။ ဖိတ်ခေါ်ခံရသူသည် တစ်ရက်လျှင် ဖိတ်ခေါ်သူ  (၃)ယောက်အထိသာ ကူညီနိုင်မည်ဖြစ်သည်။

၁၀။ စာအိတ်ထဲမှ ဆုငွေများ ၁,၀၀၀ကျပ်အထိ ရောက်ရှိခဲ့လျှင် ဆုငွေအား အစီအစဉ် စာမျက်နှာမှတစ်ဆင့် ဝင်ရောက်ရယူရန် လိုအပ်ပြီး ဝင်ရောက် ရယူပြီးပြီချင်း KBZPay walletထဲသို့  တိုက်ရိုက်ထည့်သွင်း ပေးသွားမည် ဖြစ်ကာ “မှတ်တမ်း”တွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။

၁၁။ ဤအစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၂။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၃။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ် ပါ။

၁၄။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤအစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၆။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;