၁။ KBZ Mobile Banking – Other Bank Transfer (Banking Hours) Campaign ကာလသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သတ်မှတ်ထားပါသည်။
၂။ KBZ Mobile Banking – Other Bank Transfer (Banking Hours) Campaign ၏ ရည်ရွယ်ချက်မှာ KBZ Mobile Banking မှတဆင့် KBZ ဘဏ်စာရင်းမှ အခြားပြည်တွင်းဘဏ်၏ ဘဏ်စာရင်းထဲသို့ ငွေလွှဲပေးပို့လေ့ရှိသော customer မျာအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ကျပ်ငွေ ၁,၀၀၀,၀၀၀ တန်ဖိုးရှိသော ငွေသားလက်ဆောင်ဆုမဲပေါင်း (၁၆) ဆုအား ကံထူးရှင် customer များခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။
၃။ ဤအစီအစဉ်၌ သတ်မှတ်ထားသော အထူးအစီအစဥ် ကာလအတွင်း KBZ Mobile Banking မှတစ်ဆင့် Other Bank Transfer (Banking Hours) ဝန်ဆောင်မှုအားအသုံးပြု၍ မည်သည့်ငွေပမာဏမဆို ငွေလွှဲပေးပို့သူများ အားလုံးအတွက် အကျုံးဝင်ပါသည်။
၄။ ဤ campaign ကာလအတွင်း KBZ Mobile Banking မှတဆင့် Other Bank Transfer (Banking Hours) ဝန်ဆောင်မှုအားအသုံးပြု၍ မည်သည့်ပမာဏမဆို ငွေလွဲပေးပို့သူများအားလုံးထဲမှ ကျပ်ငွေ ၁,၀၀၀,၀၀၀ တန်ဖိုးရှိသော ငွေသားလက်ဆောင်ဆုမဲပေါင်း (၁၆) ဆုအား ကံထူးနိုင်မည်ဖြစ်ပြီး ငွေလွှဲခြင်း အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။
၅။ ဤ Campaign မှ ငွေသားလက်ဆောင်ကံထူးရရှိသည့် ကံထူးရှင်များကို KBZ Bank Official Social Media Channel (အပြာရောင်အမှတ်ခြစ်ပါသော) များ နှင့် KBZ Bank Official Website တို့မှ တဆင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် (ဒီဇင်ဘာလ၏ ပထမအပတ်) ကြေငြာရန်အလို့ငှာ ဆုလက်ဆောင်ရရှိသော ကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်ကို ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုလက်ဆောင်ရရှိသော ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။ ငွေသားလက်ဆောင်ကံထူးရရှိသည့် ကံထူးရှင်များအားကြေငြာပြီးသည့်နောက် သတ်မှတ်ရုံးဖွင့်ရက် (၅) ရက်အတွင်း ဆုငွေများကို ကံထူးသူများ၏ KBZ Mobile banking account သို့ ထည့်သွင်းပေးသွားပါမည်။ အစိုးရ ရုံးပိတ်ရက်များ သို့မဟုတ် ကမ္ဘောဇဘဏ် မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားလက်ဆောင်များအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။
၆။ ကံထူးရှင်များအားငွေသားလက်ဆောင်ထည့်သွင်းပေးပြီးနောက် SMS မှတဆင့်လည်း အတည်ပြုသည့် အနေဖြင့် အသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။
၇။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ် Customerများ အနေဖြင့် ဤစည်းမျဥ်း စည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaignကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၈။ KBZ Bank ဝန်ထမ်းများသည် အထူးအစီအစဉ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၉။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၀။ ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၁။ ကမ္ဘောဇဘဏ်အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၂။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် Campaign အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၃။ ယခုအစီအစဉ်ကို ပါဝင်သူများသည် ကမ္ဘောဇဘဏ် ငွေလွှဲဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကိုလဲ လိုက်နာရမည် ဖြစ်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ် ဖွင့်ဆိုရမည်။
၁၄။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲ ခွင့်ရှိပါသည်။ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ ။ အင်္ဂလိပ်၊ မြန်မာ နှစ်မျိုးဖြင့်ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။
၁၆။ ဤ Campaign အစီအစဥ်နှင့် ပက်သက်၍ ပိုမိုသိရှိလိုပါက KBZ Call Center ဖုန်းနံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။