Campaign အမည်က ဘာလဲ။
Campaign အမည်မှာ “ပြည်ပမှ လွှဲပို့လိုက်သော ငွေလွှဲအဝင်များအတွက် ဝန်ဆောင်ခအခမဲ့ အထူးအစီအစဉ်” ဖြစ်ပါသည်။
ဘယ်လိုအထူးအစီအစဉ်မျိုးလဲ။
ပြည်ပမှ လွှဲပို့လိုက်သော လွှဲပို့ငွေများကို ငွေလွှဲလက်ခံသူများ အနေနှင့် ဝန်ဆောင်ခ အခမဲ့ဖြင့် ထုတ်ယူနိုင်မည့် အစီအစဉ် ဖြစ်ပါသည်။
ပရိုမိုးရှင်းကာလ ဘယ်တော့စမလဲ။ ဘယ်လောက်ကြာမလဲ။
ပရိုမိုးရှင်းကာလသည် ယနေ့မှစ၍ နောက်ထပ် ထပ်မံအကြောင်းမကြားခင်အချိန်အထိ ဖြစ်ပါသည်။
မည့်သည့် ငွေလွှဲအမျိုးအစားမဆို ဤအစီအစဉ်၌ အကျုံးဝင်ပါသလား။
အားလုံး မပါဝင်ပါ။ ဤအစီအစဉ်၌ Exporterများ၊ CMP Inwards များ၊ NGO နှင့် INGO Inwards များ၊ Other Inwardများ ) တို့မှ ငွေလွှဲများသာ အကျုံးဝင်ပါသည်။
ဤအစီအစဉ်မှာ customer အတွက် ဘာအခွင့်အရေးတွေ ရနိုင်ပါသလဲ။
ငွေလွှဲလက်ခံသူအနေနှင့် နိုင်ငံရပ်ခြားမှမြန်မာနိုင်ငံသို့ လွှဲပို့ငွေများကို ဝန်ဆောင်ခပေးစရာမလိုဘဲ ထုတ်ယူနိုင်မှာ ဖြစ်ပါသည်။
Inward လက်ခံရရှိခြင်းအပေါ် ငွေပမာဏ ကန့်သတ်ချက်ရှိပါသလား။
ငွေပမာဏ ကန့်သတ်ချက် မရှိပါ။
ဤအစီအစဉ်အတွက် မည်သည့်ဘဏ်ခွဲများ အကျုံးဝင်ပါသနည်း။
International Trade Service ရရှိသော ကမ္ဘောဇဘဏ်ခွဲများ၌ အကျုံးဝင်ပါသည်။