“KBZ ကတ်တွေနဲ့ Junction Center များမှာ ပြုံးပြုံးပျော်ပျော်စျေးဝယ် သိန်း (၂၀) အထိကံထူးမယ်” Campaign ၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။     “KBZ ကတ်တွေနဲ့ Junction Center များမှာ ပြုံးပြုံးပျော်ပျော်စျေးဝယ် သိန်း (၂၀)ထိ ကံထူးမယ်”   Campaign ကာလကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရရီလ ၂၈ ရက်နေ့  အထိ (ရက်ပေါင်း ၄၅ ရက်) သတ်မှတ်ထားပါသည်။

၂။ ဤ Campaign ကာလအတွင်း အသုံးပြုနိုင်သော KBZ Bank Debit Cards နှင့် Credit Cards များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

                        Debit Cards                              Credit Cards
1.  MPU-UnionPay Asia Prestige Diamond     Debit Card1.  Visa Credit Cards (Classic, Platinum)
2.  MPU Debit Card2.  MPU-UnionPay Credit Cards (Classic, Platinum)
3.  MPU Teen Debit Card3.  MPU Credit Cards (Classic, Gold, Platinum)
4.  MPU Business Debit Card

၃။ အထက်ဖော်ပြပါ ကတ်ကိုင်ဆောင်သူများသည် သတ်မှတ်ထားသော Junction Center များရှိ KBZ POS တပ်ဆင်ထားသော merchant ဆိုင်များတွင် သတ်မှတ်ထားသော ငွေပမာဏအား KBZ POS အသုံးပြု၍ ငွေပေးချေခြင်းဖြင့်  ဤ Campaign တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။

၄။ ဤ Campaign တွင် ပါဝင်သည့် သတ်မှတ်ထားသော Junction Center များမှာ-

  • Junction City
  • Junction Square
  • Junction 8
  • Junction Mawtin
  • Junction Nay Pyi Taw တို့ဖြစ်ပါသည်။

၅။ ဤ Campaign ကာလအတွင်း  KBZ Bank Debit Cards နှင့် KBZ Bank Credit Cards  ကတ် ကိုင်ဆောင်သူများ အနေဖြင့် အထက်ဖော်ပြပါ  Junction Center များရှိ  KBZ POS အသုံးပြုထားသော merchant ဆိုင်များတွင် တစ်ရက်အတွင်း စုစုပေါင်းငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) နှင့်အထက် KBZ POS စက်များတွင် ငွေပေးချေမှု ပြုလုပ်ပြီး ကံစမ်းမဲကူပွန်များရယူကာ ငွေသားဆုများအား  ကံထူးခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။

Coupon များကို  KBZ POS စက်များတွင် ငွေပေးချေမှုပြုလုပ်ထားသော KBZ logo ပါသည့် Sales Slip များနှင့် မိမိတို့၏ KBZ Cards ကို Junction Center များ၏ Counters တွင် ပြသပြီး ထုတ်ယူနိုင်ပါသည်။

၆။ ဤ Campaign ကာလအတွင်း ဘောင်ချာတစ်စောင်တွင် အနည်းဆုံးအသုံးပြုရမည့်‌‌‌ ငွေပမာဏဟူ၍ သတ်မှတ် ထားခြင်းမရှိပါ။ ကတ်တစ်ကတ်လျှင် ဘောင်ချာများ၏ စုစုပေါင်းအသုံးပြုငွေပမာဏ ငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) ပြည့်သည့် Customer တိုင်းသည်  ကံစမ်းမဲကူပွန် တစ်စောင်စီ ရရှိမည်ဖြစ်ပြီး တစ်ရက်အတွင်းကတ်တစ်ကတ်လျှင် အများဆုံးရယူနိုင်မည့် ကံစမ်းမဲကူပွန်အ‌‌ရေ အတွက်မှာ (၁၀)ခု ဖြစ်ပါသည်။    

၇။      တစ်ရက်တာ‌အတွင်း ဝယ်ယူထားသော ဘောင်ချာများကိုပြသပြီး Junction Center များ၏ Counter ‌ဖွင့်ချိန် နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ Coupon များရယူနိုင်မှာဖြစ်ပြီး ‌Counter ဖွင့်ချိန် ကျော်လွန်သွားပါက Campaign ကာလအတွင်း နောက်ရက်များတွင် ပြန်လည်ရယူ နိုင်ပါသည်။  

၈။ ဤ Campaign  ပါဝင်ခွင့်ရရှိသူများအနေဖြင့် အောက်ပါ ငွေသားဆုများအား  ကံထူးခွင့်ရရှိနိုင်မည်          ဖြစ်ပါသည်။ 

  • ပထမဆု – သိန်းနှစ်ဆယ် (၂,၀၀၀,၀၀၀) ကျပ်     (၁)ဆု 
  • ဒုတိယဆု – ဆယ်သိန်း (၁,၀၀၀,၀၀၀) ကျပ်      (၁)ဆု  
  • တတိယဆု – ငါးသိန်း (၅၀၀,၀၀၀) ကျပ်           (၁)ဆု 
  • စတုတ္ထဆု – တစ်သိန်း (၁၀၀,၀၀၀) ကျပ်           (၅)ဆု 
  • ပဉ္စမဆု – ငါးသောင်း (၅၀,၀၀၀) ကျပ်              (၁၀)ဆု 
  • နှစ်သိမ့်ဆု                              –  မိတ်ဖက်လုပ်ငန်းရှင်များမှချီးမြှင့်သော ဆုလက်ဆောင်များ

၉။ ဤ Campaign ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် (၁၀)ရက်အတွင်းတွင် ဆုရရှိသည့် ကံထူးရှင်များကို  မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု နှင့် ပဉ္စမဆု ကံထူးသည့်ကံထူးရှင်များ၏ ငွေသားဆုများကို  ၄င်းတို့၏ KBZ Bank Debit Cards and Credit Cards အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ငွေသားဆုများ ထည့်သွင်းပြီးပါက ကံထူးသူထံသို့  SMS ပေးပို့အကြောင်းကြားမည်ဖြစ်ပြီး  ထို SMS တွင်  ကံထူးသူသည် မည်သည့် ငွေသားဆုလက်ဆောင် ရရှိသည်ကိုပါ အသိပေးသွားမည်ဖြစ်ပါမည်။ 

၁၀။ နှစ်သိမ့်ဆုကံထူးသူများသည် တိုက်အမှတ် (MS-4)၊ ဒုတိယထပ်၊ ကန်တော်ကြီးရိပ်မွန်၊ အထက်မန္တလေးလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်တွင် ဆုကြေညာပြီးရက်မှစ၍ ၂၀၂၅ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ နောက်ဆုံးထား၍ နှစ်သိမ့်ဆုလက်ဆောင် များကို လာရောက် ထုတ်ယူပေး ရပါမည်။ သတ်မှတ်ကာလအတွင်း လာရောက် ထုတ်ယူခြင်းမရှိ‌‌သော ဆုလက်ဆောင် များကို KBZ Bank ဘက်မှတာဝန်ယူမည် မဟုတ်ပါ။ နှစ်သိမ့်ဆုများအား ကံထူးသူ ကတ်ပိုင်ရှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်းဖြင့် လာ‌ရောက်ထုတ်ယူ ရမည်ဖြစ်ပြီး  ကိုယ်စားထုတ်ယူ ခွင့်မပြုပါ။ ဆုလက်ဆောင် ရရှိသူသည် မိမိရရှိသည့်ဆုလက်ဆောင် အား ထုတ်ယူစဉ်တွင် သေချာစစ်ဆေး ပြီးမှသာ လက်ခံရယူရမည်မှာ ဆုလက်ဆောင်ရရှိသူ၏ တာဝန်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့် ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၁။ ကံထူးသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော) နှင့်  Official Website များတွင် ကြေညာပေးမည် ဖြစ်ပါသည်။ ထို့ကြောင့်  ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် Official Website များတွင် ကြေညာရန်အလို့ငှာ ငွေသားကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ ကံထူးသူ၏ KBZ Bank Debit Card နှင့် Credit Cardများသည် Active ဖြစ်ရမည်။ ကံထူးသူသည် Credit Card user ဖြစ်ပါက Non-Delinquent user ဖြစ်ရပါမည်။ 

၁၂။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များအား ကြေညာမည့် အချိန်နှင့် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၃။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။

၁၄။ ဤအစီအစဥ်ကာလအတွင်းသာလျှင်  KBZ Bank Debit Cards and KBZ Bank Credit Cards ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံး သည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံး သွားမည် ဖြစ်ပါသည်။

၁၅။ ဤ Campaign အတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။  ဤ Campaign နှင့်ပတ်သက်၍ KBZ Bank  ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၇။   KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) Campaign အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။   KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၉။   KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Merchant ဆိုင်များ၏ စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၂၀။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၁။   KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၂။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင်အတည်ယူမည် ဖြစ်သည်။