၁။ အစီအစဥ်ကာလသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ အထိဖြစ်သည်။
၂။ ဤအစီအစဥ်တွင် KBZ Bank Credit Card များ (VISA, UnionPay & MPU) ဖြင့် KBZ POS တွင် ငွေပေးချေသည့် ကတ်ကိုင်ဆောင်သူများအားလုံး ပါဝင်နိုင်မည်ဖြစ်ပါသည်။
၃။ အစီအစဥ်တွင် ပါဝင်ရန်အတွက် –
၃၊၁။ ဤအစီအစဥ်ကာလအတွင်း KBZ Bank Credit Card ကတ်ကိုင်ဆောင်သူများအနေဖြင့် KBZ POS စက်များတွင် အစီအစဥ်ကာလ တစ်လအတွင်း စုစုပေါင်း အနည်းဆုံး ငွေကျပ် ၁၅၀,၀၀၀ ပြည့်သည်အထိ (ပြေစာတစ်စောင်လျှင် အနည်းဆုံးငွေကျပ် ၅၀,၀၀၀ ဖြစ်ရန်လိုအပ်ပါသည်) ငွေပေးချေမှု ပြုလုပ်ခြင်းဖြင့် ဤအစီအစဥ်တွင် အလိုအလျောက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပါသည်။
၃၊၂။ KBZ Bank Credit Card (VISA, UnionPay & MPU) များဖြင့် ငွေပေးချေမှုများ များပြုလုပ်ပြီး ငွေသားဆုများအား ကံစမ်းနိုင်မည့်အခွင့်အရေးပိုမို ရယူနိုင်မည် ဖြစ်ပါသည်။
၄။ ဤအစီအစဥ်တွင် ပါဝင်ခွင့်ရရှိသူများအနေဖြင့် အောက်ပါ ငွေသားဆုများအား ကံထူးခွင့် ရရှိ နိုင်မည် ဖြစ်ပါသည်။
- Grand Prize ဆုကြီး (၁)ဆု – ကတ်အသုံးပြုမှုပမာဏ၏ (၃)ဆ (အများဆုံး ငွေကျပ် ၅၀၀,၀၀၀ အထိ)
- 1st Runner Up ဆုကြီး (၁)ဆု – ကတ်အသုံးပြုမှုပမာဏ၏ (၂)ဆ (အများဆုံး ငွေကျပ် ၃၀၀,၀၀၀ အထိ)
- 2nd Runner Up ဆုကြီး (၁)ဆု – ကတ်အသုံးပြုမှုပမာဏ၏ (၁)ဆ (အများဆုံး ငွေကျပ် ၁၅၀,၀၀၀ အထိ)
၅။ ငွေသားဆုကံထူးသူများကို KBZ Bank Official Facebook Page (အပြာရောင်အမှန်ခြစ်ပါသော)နှင့် Official Website များတွင် ကြေညာပေးမည် ဖြစ်ပါသည်။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် Website များတွင် ကြေညာရန်အလို့ငှာ ငွေသားကံထူးသူများ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ) တို့အား KBZ Bank မှ အသုံးပြုနိုင်သည်ကို ကံထူးသူမှ သိရှိပြီး သဘောတူပါသည်။ ကံထူးသူ၏ Credit Card သည် Active ဖြစ်ရမည်။ Non-Delinquent user ဖြစ်ရပါမည်။
၆။ ထို့နောက် KBZ Bank မှ ကံထူးသူများကို SMS ပေးပို့၍အကြောင်းကြားသွားမည်ဖြစ်ပြီး ထို SMS တွင်ကံထူးသူသည်မည်သည့် ငွေသားဆုလက်ဆောင်ရရှိသည်ဆိုသည်ကိုအသိပေး သွားမည်ဖြစ်သည်။
၇။ KBZ Bank ဝန်ထမ်းများသည် အစီအစဥ်တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ၊OTP (သို့မဟုတ်) PIN နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကို မျှ တောင်းခံမည်မဟုတ်ပါ။
၈။ ဆုရရှိသည့် ကံထူးရှင်များကို Social Media များနှင့် Official Website များ၌ အစီအစဥ် ပြီးဆုံးပြီး (၁၀)ရက်တွင် ကြေညာပြီးနောက် သတ်မှတ်ရုံးဖွင့်ရက်(၅)ရက်အတွင်း ငွေသားဆုများကို ကံထူးသူ၏ KBZ Bank Credit Card များ (VISA, UnionPay & MPU) Card နှင့် ချိတ်ဆက်ထားသော ဘဏ်အကောင့်ထဲသို့သာ ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ဘဏ်အကောင့်ထဲသို့ ငွေသား ဆုများထည့်သွင်းပြီးပါက ကံထူးသူထံသို့ SMS ပေးပို့အကြောင်းကြား မည်ဖြစ်ပါမည်။ အစိုးရရုံး ပိတ်ရက်များ (သို့မဟုတ်) KBZ Bank မှထိန်းချုပ်၍မရနိုင်သော အခြေအနေများတွင် ကံထူးရှင်များအား ကြေညာမည့်အချိန်နှင့် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။
၉။ ငွေသားဆုများအား ကံထူးသူမှလွဲ၍ ကိုယ်စားထုတ်ယူ ခွင့်မပြုပါ။
၁၀။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZ Bank Credit Card များ (VISA, UnionPay & MPU) ကတ်ကိုင်ဆောင်သူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကိုရရှိနိုင် မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံး သွားမည်ဖြစ်ပါသည်။
၁၁။ ဤအစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ Bank က ပယ်ဖျက်ခြင်း နှင့် သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၂။ ဤအစီအစဉ်နှင့်ပတ်သက်၍ KBZ Bank ကတ်ကိုင်ဆောင်သူများ နှင့် KBZ Bank တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ Bank ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZ Bank ကတ်ကိုင်ဆောင်သူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက် နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
၁၃။ KBZ Bank သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့်စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲ ခြင်း၊ ရပ်စဲခြင်း နှင့် (သို့မဟုတ်) အစီအစဉ်အားပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုး ခံစားခွင့် (သို့မဟုတ်) သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့် (သို့မဟုတ်) ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၄။ KBZ Bank အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤအစီအစဉ်အားပယ်ဖျက်ခြင်း ၊ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZ Bank ကတ်ကိုင်ဆောင်သူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၅။ KBZ Bank Card နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။
၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ ကလွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၇။ KBZ Bank သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ (သို့မဟုတ်) KBZ Bank အနေဖြင့် ထိန်းချုပ် ၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း KBZ Bank မှ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း (သို့မဟုတ်) နှောင့်နှေးခြင်းများအတွက် KBZ Bank အနေဖြင့် KBZ Bank ကတ်ကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ (သို့မဟုတ်) အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုး ဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေး သားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့်ရေးသားထားသည့်စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။