၁။ ကမ္ဘောဇဘဏ်၏ အသက် (၆၀) နှင့်အထက် Customer များအနေဖြင့် ငွေစုဘဏ်အပ်ငွေစာရင်း အမျိုးအစားတစ်ခုဖြစ်သော Senior Care – Savings Account အားဖွင့်လှစ်၍ ဤ Campaign ကာလအတွင်း မိမိတို့၏ မွေးနေ့တွင်ဆုလက်ဆောင်များစွာ ရရှိနိုင်မည့် Campaign ကာလကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှစတင်ပြီး ၂၀၂၅ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
၂။ ယခု Campaign တွင်ပါဝင်ရန် Customer များသည် အသက် (၆၀) နှင့်အထက် ဖြစ်ရန်လိုအပ်ပြီး ဤ Campaign ကာလအတွင်း ကမ္ဘောဇဘဏ်၏ ငွေစုဘဏ်အပ်ငွေစာရင်း အမျိုးအစားတစ်ခုဖြစ်သော Senior Care – Savings Account ဖွင့်လှစ်ရမည်ဖြစ်ပြီး အနည်းဆုံးအပ်နှံ ငွေပမာဏ တစ်သိန်း (၁၀၀,၀၀၀) ကျပ်မှစတင်၍ ထည့်သွင်းစုဆောင်း ထားရှိရပါမည်။
၃။ ဤ Campaign ကာလစတင်သည့်နေ့ရက်မှစ၍ ပြီးဆုံးသည့်နေ့ရက်အထိ ဤ Campaign တွင်ပါဝင်သော Senior Care – Savings Account Customer များ ၏နေ့ထူးနေ့မြတ်များ ဖြစ်သော မွေးနေ့အထိမ်းအမှတ်အဖြစ်ကမ္ဘောဇဘဏ်မှ ရန်ကုန်မြို့တွင် ဘဏ်စာရင်းဖွင့်လှစ်သော Customer များကို (50,000) ကျပ်တန်ဖိုးရှိသော Medical Check-up Coupon ၊ ရန်ကုန်မြို့ပြင်ပဘဏ်ခွဲများတွင် ဘဏ်စာရင်းဖွင့်လှစ်သော Customer များကို (50,000) ကျပ်တန်ဖိုးရှိသော အားဖြည့် ဖြည့်စွက်အစားအစာ များကို လက်ဆောင်အဖြစ် ကျေးဇူးတုန့်ပြန်သောအားဖြင့် ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
၄။ ဤ Campaign ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဖေဖော်ဝါရီလတွင် Senior Care Savings Account အသစ် ပထမဆုံး စတင်ဖွင့်လှစ်သော ၎င်းလ၏ မွေးနေ့ရှင် အယောက် (၄၀)၊ မတ်လတွင် Senior Care Savings Account အသစ် ပထမဆုံး စတင်ဖွင့်လှစ်သော ၎င်းလ၏မွေးနေ့ရှင် အယောက် (၆၀) အသီးသီးကို ဘဏ်ခွဲမှတဆင့် အပိုဒ် ၃ တွင် ဖော်ပြထားသော လက်ဆောင်များ ပေးအပ်သွားမှာဖြစ်ပါသည်။
၅။ ဤ Campaign ကာလအတွင်း မိမိမွေးနေ့ မကျရောက်မီ Account ဖွင့်လှစ်သော customer များသာ အပိုဒ် ၃ တွင် ဖော်ပြထားသော လက်ဆောင်များကို ရရှိနိုင်မည်ဖြစ်ပါသည်။
၆။ ဤ Campaign ကာလအတွင်း လက်ဆောင်ရရှိသည့် Senior Care – Savings Account Customer ကံထူးရှင်များကို ကမ္ဘောဇဘဏ်၏ Call Center မှ ဖုန်းဆက်၍ မွေးနေ့ဆုတောင်းစကားပြောကြားပေးသွားမည်ဖြစ်ပြီး လက်ဆောင်ထုတ်ယူနိုင်ရန်နှင့် ပတ်သက်၍ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
၇။ ထို့အပြင် ကမ္ဘောဇဘဏ်မှ Senior Care Savings Account Customer ကံထူးရှင်များထံသို့ Viber/ SMS တို့မှတဆင့်လည်း အလျှင်းသင့်သလို ပေးပို့၍ မွေးနေ့ဆုတောင်းစကားပြောကြားပေးသွားမည်ဖြစ်ပါသည်။
၈။ လက်ဆောင်ရရှိသော Senior Care Savings Account Customer ကံထူးရှင်များမှ ထုတ်ယူပြီးသော လက်ဆောင်များနှင့်ပတ်သက်၍ ချို့ယွင်းမှု (သို့မဟုတ်) ပျက်စီးမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။
၉။ လက်ဆောင်ရရှိသော ကံထူးရှင်များသည် ၎င်းတို့ရရှိသောလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။
၁၀။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။
၁၁။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။
၁၂။ ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၃။ ဤအစီအစဥ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ Customer နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၅။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၆။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင်များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၈။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ်သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထား သည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။