“သီတင်းကျွတ်အကြို အထူးပရိုမိုးရှင်းအနေဖြင့် သတ်မှတ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်းများနှင့် Special Cash Fixed Deposit စာရင်းများအတွက် အတိုးနှုန်းတိုးမြှင့်ပေးခြင်း” အစီအစဉ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။    ဤအစီအစဉ်ကာလသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ထိ ဖြစ်ပါသည်။ (အများပြည်သူအလုပ်ပိတ်ရက်များ၊ ဘဏ်ပိတ်ရက်များနှင့် အစိုးရရုံးပိတ်ရက်များ မပါဝင်ပါ။)

၂။     ဤအစီအစဉ်​၏ ရည်ရွယ်ချက်မှာ အစီအစဉ်ကာလအတွင်း ပုံမှန်စာရင်းသေအပ်ငွေစာရင်း ရက် (၉၀) သို့မဟုတ် ရက် (၁၈၀) စာရင်းအသစ်ဖွင့်လှစ်သော Customer များ၊ Special Cash Fixed Deposit စာရင်း ရက် (၉၀) စာရင်းအသစ်ဖွင့်လှစ်သော Customer များနှင့် ဤအစီအစဉ်ကာလတွင်း သက်တမ်းစေ့ရောက်သည့် Auto Rollover Option ဖြင့် ဖွင့်လှစ်ထားသော ပုံမှန်စာရင်းသေအပ်ငွေစာရင်း ရက် (၉၀)ရက် သို့မဟုတ် (၁၈၀)နှင့်  Special Cash Fixed Deposit စာရင်း ရက် (၉၀) စာရင်းစာရင်းပိုင်ရှင်များဖြစ်သည့် Customer များအား အထူးအတိုးနှုန်းကို ရရှိခံစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၃။ ဤအစီအစဉ်တွင် ပါဝင်လိုသော Customerများအနေဖြင့် ပုံမှန်စာရင်းသေအပ်ငွေစာရင်း ရက်(၉၀)ရက် သို့မဟုတ်  ရက် (၁၈၀) အသစ်တစ်ခု သို့မဟုတ် Special Cash Fixed Deposit စာရင်း ရက် (၉၀) အသစ်တစ်ခု ဖွင့်လှစ်ရမည် ဖြစ်ပြီး ထိုစာရင်းအတွင်းသို့ထည့်သွင်းသည့် ငွေပမာဏအပေါ်တွင် Customerများမှ ရွေးချယ်ထားသည့် စာရင်း သက်တမ်းအတွင်း ဤအစီအစဉ်အရ ခံစားခွင့်ပြုသည့် အထူးအတိုးနှုန်းအား ခံစားခွင့်ရရှိမည်ဖြစ်သည်။ သို့ရာတွင် ဤအစီအစဉ်ကာလအတွင်း Auto Rollover Option ဖြင့် ဖွင့်လှစ်ခဲ့သော်လည်း ပုံမှန်စာရင်းသေအပ်ငွေစာရင်း အသစ်များနှင့် Special Cash Fixed Deposit စာရင်းအသစ်များ၏ သက်တမ်းတိုးကာလအတွက် အတိုးနှုန်း ခံစားခွင့်သည် အစီအစဉ်ကာလပြီးဆုံးချိန်တွင် ပုံမှန်အတိုးနှုန်းအတိုင်းသာ ရရှိမည်ဖြစ်သည်။ 

၄။ ထို့အပြင် Auto Rollover Option ဖြင့် ဖွင့်လှစ်ထားသော တည်ရှိဆဲ ပုံမှန်စာရင်းသေအပ်ငွေစာရင်း ရက်(၉၀) စာရင်းများ၊ ပုံမှန်စာရင်းသေအပ်ငွေစာရင်း ရက် (၁၈၀)စာရင်းများနှင့် Special Cash Fixed Deposit စာရင်း ရက် (၉၀)အပ်ငွေစာရင်းများသည်လည်း ဤအစီအစဉ်ကာလတွင်း သက်တမ်းစေ့ရောက်၍ သက်တမ်းတိုးခြင်းဖြစ်ပါက စာရင်းပိုင်ရှင် Customerများသည်လည်း အပ်နှံထားသောငွေပမာဏအပေါ်တွင် သက်တမ်းတိုးသည့် စာရင်းသက်တမ်းအတိုင်း ဤအစီအစဉ်အရခံစားခွင့်ပြုသည့် အထူးအတိုးနှုန်းအား ရရှိခံစားနိုင်မည်ဖြစ်သည်။ 

၅။ ဤအစီအစဉ်ကာလအတွင်း Customer တစ်ဉီးထဲမှ ပုံမှန်စာရင်းသေအပ်ငွေစာရင်းသစ်တစ်ခုနှင့် Special Cash Fixed Deposit စာရင်းသစ်တစ်ခုတို့အား တစ်ပြိုင်တည်း ဖွင့်လှစ်ခြင်းဖြစ်ပါက Customer သည် ထိုစာရင်းသေအပ်ငွေစာရင်း နှစ်ခုလုံး အတွက် ဤအစီအစဉ်အရသတ်မှတ်ထားသည် အထူးအတိုးနှုန်းအား ခံစားခွင့်ရရှိမည်ဖြစ်သည်။ 

၆။ ဤအစီအစဉ်အရ သတ်မှတ်ထားသည့် အထူးအတိုးနှုန်းခံစားခွင့်သည် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွင် ဖော်ပြထားသည့် စာရင်းသေအပ်ငွေစာရင်းအမျိုးအစားများအတွက်သာလျှင် ရရှိနိုင်မည်ဖြစ်ပြီး အခြားသော အပ်ငွေ စာရင်းအမျိုးအစားများသည်  ပုံမှန်အတိုးနှုန်းအတိုင်းကိုသာလျှင်ရရှိနိုင်မည်ဖြစ်သည်။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်အရခံစားခွင့်ပြုထားသော အတိုးနှုန်းသတ်မှတ်ချက်နှင့် အပ်ငွေစာရင်း သက်တမ်းသတ်မှတ်ချက်များအား ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်သည်။

၇။ ဤအစီအစဉ်အရ အသစ်ဖွင့်လှစ်သည့် စာရင်းသေအပ်ငွေစာရင်းများသည်လည်း သက်တမ်းစေ့ရောက်ခြင်းမရှိမှီ စာရင်းပိတ်သိမ်းခြင်းအား ကမ္ဘောဇဘဏ်မှခွင့်ပြုမည်မဟုတ်ပါ။ ဤအစီအစဉ်သည် အသစ်ဖွင့်လှစ်သည့် စာရင်းသေအပ်ငွေစာရင်းအမျိုးအစားများအတွက် အထူးအတိုးနှုန်း ခံစားခွင့်ပေးအပ်ခြင်းအတွက်သာ ပြုလုပ်ခြင်းဖြစ်ပြီး Customerများသည် စာရင်းသေအပ်ငွေစာရင်းအသစ်များ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ ပုံမှန်စာရင်းသေအပ်ငွေစာရင်း စည်းကမ်းသတ်မှတ်ချက်များ နှင့်/သို့မဟုတ် Special Cash Fixed Deposit စာရင်းစည်းမျဉ်းစဉ်းကမ်းသတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

၈။ ဤအစီအစဉ်ကာလအတွင်းသာလျှင် Customerများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလကုန်ဆုံးပြီးနောက် ဖွင့်လှစ်သည့် စာရင်းသေ အပ်ငွေစာရင်း များသည် ပုံမှန်အတိုးနှုန်းသတ်မှတ်ချက်အတိုင်းသာလျှင်ရရှိမည်ဖြစ်သည်။

၉။      ကမ္ဘောဇဘဏ် ​နှင့် ဘဏ်၏ ဝန်ထမ်းများသည် ဤအစီအစဉ်တွင် ပါဝင်သူ Customer များကို မည်သည့် OTP သို့မဟုတ် PIN အချက်အလက်များကို ဆက်သွယ်တောင်းခံမည်မဟုတ်ပါ။

 ၁၀။    ဤအစီအစဉ်တွင် ကမ္ဘောဇဘဏ် Customers များ​၏ အချက်အလက်များကို လိမ်ညာခြင်းမပြုလုပ်ရန် တင်းကြပ်စွာ တားမြစ်ထားပါသည်။ Customer များ​၏ အချက်အလက်များကို လိမ်ညာသည်ဟု သံသယရှိသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ်မှ လိုအပ်သလို အရေးယူ‌ဆောင်ရွက်ပိုင်ခွင့်တို့ရှိသည်။

၁၁။  ဤ Campaign နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များနှင့် ကမ္ဘောဇဘဏ်တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ်၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၂။  ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်း မရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့် ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ  ဤအစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။   ကမ္ဘောဇဘဏ်၏ ပုံမှန်စာရင်းသေအပ်ငွေစာရင်းစည်းကမ်းသတ်မှတ်ချက်များနှင့် Special Cash Fixed Deposit စာရင်းစည်းမျဉ်းစဉ်းကမ်းသတ်မှတ်ချက်များအားလုံးလည်း ဤအစီစဉ်တွင် သက်ဆိုင်စေမည်ဖြစ်သည်။ 

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။  ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ်အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ကမ္ဘောဇဘဏ်မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။     ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များသာလျှင် အတည်ဖြစ်သည်။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;