ယခုပြုလုပ်သောအစီအစဉ်၏အမည်မှာ ငွေလွှဲခ အခမဲ့ မဟာသင်္ကြန်ကာလ အထူးအစီအစဉ် ဖြစ်ပြီး ကမ္ဘောဇဘဏ် နှင့် ၎င်း၏ မိတ်ဖက်ငွေလွှဲဝန်ဆောင်မှုများဖြစ်သော Ria၊ Thunes နှင့် Tranglo တို့ကို အသုံးပြုသော customer များအတွက် ဖြစ်ပါသည်။
နိုင်ငံရပ်ခြားမှ customer များအနေဖြင့် မြန်မာနိုင်ငံရှိ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကို ငွေလွှဲရာတွင် ငွေလွှဲခအခမဲ့ (၁၀၀ ရာခိုင်နှုန်းအခမဲ့ဖြင်) လွယ်ကူလျင်မြန်စွာ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်မည့် “ ငွေလွှဲခအခမဲ့” မဟာသင်္ကြန်အထူးအစီအစဉ် ဖြစ်ပါသည်။
ငွေလွှဲခအခမဲ့ မဟာသင်္ကြန်အထူးအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဧပြီလ ၄ ရက်မှ ၁၈ ရက်အထိ ၂ ပတ်ကြာပြုလုပ်သွားမှာဖြစ်ပါသည်။
ဤအအစီအစဉ်၌ Ria၊ Thunes နှင့် Tranglo တို့မှ ငွေလွှဲများသာ အကျုံးဝင်ပါသည်။
ပြည်ပမှ ငွေလွှဲသူများအတွက် ငွေလွှဲခ အခမဲ့ဖြင့် မြန်မာပြည်ရှိ ကမ္ဘောဇဘဏ်အကောင့်သို့ တိုက်ရိုက် ငွေလွှဲနိုင်ခြင်း ဖြစ်ပါသည်။