စိတ်ကူးအိပ်မက်များကို ဖော်ဆောင် နှစ်သစ်အတွက် EV ကားနှစ်စီး လက်ဆောင် Campaign ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ စိတ်ကူးအိပ်မက်များကို ဖော်ဆောင် နှစ်သစ်အတွက် EV ကားနှစ်စီး လက်ဆောင် Campaign ကာလကို ​​၂၀၂၄ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားပါသည်။

၂။ စိတ်ကူးအိပ်မက်များကို ဖော်ဆောင် နှစ်သစ်အတွက် EV ကားနှစ်စီး လက်ဆောင် Campaign တွင် Personal Account အမျိုးအစား (Individual/Joint Account) များဖြစ်သည့် အပ်ငွေစာရင်းများ (Savings, Call and Current, Fixed) ဖွင့်လှစ်ထားသည့် Customer များဖြစ်စေ၊ Campaign ကာလအတွင်း ယင်းအပ်ငွေစာရင်းများ အသစ်ဖွင့်လှစ်မည့် Customer များဖြစ်စေ ပါဝင်နိုင်သည်။ Special Cash နှင့် Ordinary အမျိုးအစား ( ၂ ) မျိုးလုံးသည် ဤCampaignတွင် အကျုံးဝင်ပါသည်။

၃။ စိတ်ကူးအိပ်မက်များကို ဖော်ဆောင် နှစ်သစ်အတွက် EV ကားနှစ်စီး လက်ဆောင် Campaign၏ ရည်ရွယ်ချက်မှာ အပ်ငွေစာရင်းများတွင် လစဉ်ငွေသွင်းသော Personal Account (Individual/Joint) Customer များကိုကျေးဇူးတုံ့ပြန်သောအားဖြင့် ကံစမ်းရန် အခွင့်အရေးအား ပေးအပ်ပြီး လစဉ်ဆုလက်ဆောင်များနှင့် တန်ဖိုးကြီးအထူးဆုကြီးများကိုပါ နှစ်ထပ်ကွမ်း ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

၄။ ဤ Campaign ကာလအတွင်း Personal Account (Individual/Joint) Customer များသည် အောက်တိုဘာလမှစ၍ ကပ်လျှက်ရှိသော လနှစ်လအား နှိုင်းယှဉ်၍ ၎င်းတို့၏ အပ်ငွေစာရင်းများ၏ လစဉ်  ပျမ်းမျှအပ်ငွေပမာဏ ၁ သိန်း (၁၀၀,၀၀၀) ကျပ် တိုးလာသည့်အကြိမ်တိုင်းတွင် Lucky Draw  ကံစမ်းမဲ တစ်စောင်စီ ရရှိပါမည်။ [Customer တစ်ဦးလျှင် အများဆုံး ကံစမ်းမဲ အစောင်ရေ စုစုပေါင်း တစ်သောင်းခွဲ (၁၅,၀၀၀) ထိသာ တွက်ချက် ပေးမည်ဖြစ်ပါသည်။]

ရှင်းလင်းချက်။ ။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွက် Customer တစ်ယောက်၏ကံစမ်းမဲ အရေအတွက်အား တွက်ချက်ရာတွင်  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၏ တစ်လစာ ပျမ်းမျှလက်ကျန်ငွေနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၏တစ်လစာ ပျမ်းမျှလက်ကျန်ငွေပမာဏအား နှိုင်းယှဥ်၍ ခြားနားပြီး    ငွေပမာဏ ၁ သိန်း (၁၀၀,၀၀၀) ကျပ် တိုးလာတိုင်း Lucky Draw   ကံစမ်းမဲ တစ်စောင်စီ ရရှိမည်ဟုသတ်မှတ်သည်။ 

၅။  ဤ Campaign ကာလအတွင်း လစဉ် လဆန်း (၁) ရက်နေ့ မှ  (၃) ရက်နေ့အတွင်း  သတ်မှတ်ချက်ပြည့်မီသော Lucky Draw ကံစမ်းမဲ အစောင်အရေအတွက်စုစုပေါင်းအား ကမ္ဘောဇဘဏ်၏ Official Website တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

၆။ ဤ Campaign ကာလအတွင်း လစဉ်ဆုလက်ဆောင်များ၏ ကံထူးရှင်များအား လဆန်း ( ၇ )ရက်နေ့ နောက်ဆုံးထားရွေးချယ်မည်ဖြစ်သည်။ ကံထူးသူများကို  အပြာရောင်အမှန်ခြစ်ပါသော ကမ္ဘောဇဘဏ်၏ Social Media Channel မှတဆင့် ကြေညာပြီးနောက် ကံထူးရှင်များ ၏ Mobile ဖုန်းသို့ SMS ပေးပို့ အကြောင်းကြားမည် ဖြစ်ပါသည်။သို့သော် Campaign ၏ နောက်ဆုံးလဖြစ်သောဒီဇင်ဘာလ၏ ကံထူးရှင်များကို ၂၀၂၅ ဇန်နဝါရီလတွင် EV ကား များ၏ ကံထူးရှင် ရွေးချယ်ပွဲ နှင့်အတူ မဲဖောက်ပေးသွားမည်ဖြစ်ပါသည်။ (ကမ္ဘောဇဘဏ်အနေဖြင့် Customer ထံမှ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို တောင်းခံလေ့မရှိပါကြောင်း နှင့် လူကြီးမင်းတို့အနေဖြင့်လည်း မိမိတို့၏ OTP/ PIN စသည့် အချက်အလက်များကို မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။)

၇။ ဤ Campaignတွင် ပါဝင်သည့်  Customer များအတွက် Lucky Draw ကံစမ်းမဲများမှလစဉ် ဆုလက်ဆောင်များရနိုင်မည့် အခွင့်အရေးရှိမည့်အပြင် ဇန်နဝါရီလ အတွင်း တွင်ပြုလုပ်မည့်  Lucky Draw အခွင့်အရေးမှလည်း တန်ဖိုးကြီး EV  ကား အထူးဆုကြီးများကိုပါ နှစ်ထပ်ကွမ်း ထပ်မံ၍ရနိုင်မည့်အခွင့်အရေးပါရရှိနိုင်မည် ဖြစ်ပါသည်။

၈။ Campaign တွင် ပါဝင်သောဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Grand Prize – EV Car Geometry C

Second Prize – EV Car Geometry E

Monthly Prizes

Oct-24Nov-24Dec-24
1- Fuel Coupon1- Fuel Coupon1- Fuel Coupon
2- Sweety Home/ Pro1Gift Coupon2- Sweety Home/ Pro1Gift Coupon2- Sweety Home/ Pro1Gift Coupon
3- City Mart Gift Voucher3- City Mart Gift Voucher3- City Mart Gift Voucher
4- Wyndham Grand Hotel4- Pan Pacific Hotel4- Park Royal Hotel
Staycation Coupon – 2 peopleStaycation Coupon – 2 peopleStaycation Coupon – 2 people
(2 nights 3 days + dinner)(2 nights 3 days + dinner)(2 nights 3 days + dinner)
5- Airline Ticket ygn to bkk (round trip ticket)5- Airline Ticket ygn to bkk (round trip ticket)5- Airline Ticket ygn to bkk (round trip ticket)
6- Apple Watch 10 series6- M2 iPad Air 11″6- Apple Watch 10 series
7- Power Station7- Power Station7- Power Station
8- Infinix Note 40 Pro (8/256)8- Oppo A60 (8/256)8- Redmi 13C (8/256)
9- Refrigerator9- Washing Machine9- Air-Condition

၉။ စိတ်ကူးအိပ်မက်များကို ဖော်ဆောင် နှစ်သစ်အတွက် EV ကားနှစ်စီး လက်ဆောင် Campaign မှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၁၀။ လစဉ်ဆုလက်ဆောင်များ၏  ကံထူးရှင်များကို ရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၇)ရက် နောက်ဆုံးထားပြီး ဆုလက်ဆောင်ရရှိသော ကံထူးရှင်များကို  အပြာရောင်အမှန်ခြစ်ပါသော ကမ္ဘောဇဘဏ်၏  Social Media Channel မှ တဆင့် ကြေညာပြီး ကံထူးရှင်များ ၏ Mobile ဖုန်းသို့လည်း SMS ပေးပို့အကြောင်းကြားမည်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသောကံထူးရှင်များသည် မိမိ၏ ကိုယ်ရေးအချက် အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာ တို့အပြင် ကမ္ဘောဇဘဏ်မှ ပေးပို့အကြောင်းကြားထားသော အတည်ပြု SMS Screenshot နှင့် အတူ ကမ္ဘောဇဘဏ်၏ Hotline Phone No. +95 9 951018555 သို့ ဆက်သွယ်၍ သော်လည်းကောင်း၊ အပြာရောင် အမှန်ခြစ်ပါသော ကမ္ဘောဇဘဏ်၏ Facebook Page Messenger (သို့) [email protected] သို့ပေးပို့၍ ဆက်သွယ်ရပါမည်။

၁၁။ ကမ္ဘောဇဘဏ် မှ ဆုလက်ဆောင်ရရှိသောကံထူးရှင်များပေးပို့လာသော ကိုယ်ရေးအချက်အလက်များ စုံလင်စွာရရှိပြီးနောက် အတည်ပြုပြီးပါက ဆုလက်ဆောင်ရရှိသောကံထူးရှင်များထံသို့ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့် လိပ်စာအား ဆက်သွယ်အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၁၂။ ဆုလက်ဆောင်ရရှိသည့် ကံထူးရှင်များကို ကမ္ဘောဇဘဏ်၏ Social Media များနှင့် Official Website များတွင် ကြေညာရန်အလို့ငှာ  ဆုလက်ဆောင်ရရှိသော ကံထူးရှင်များ၏ အမည် နှင့် အပြည့်အစုံမဟုတ်သော မိုဘိုင်းဖုန်းနံပါတ်အား ကမ္ဘောဇဘဏ်မှ အသုံးပြုနိုင်သည်ကို ဆုလက်ဆောင်ရရှိသော ကံထူးရှင်များမှ သိရှိပြီး သဘောတူ ပါသည်။

၁၃။ ဆုလက်ဆောင်များအား ပိုင်ဆိုင်ခွင့်ရရှိသူသည် ဆုလက်ဆောင်အား လက်ခံရယူရန် ကမ္ဘောဇဘဏ် မှ ဆက်သွယ် အကြောင်းကြားပြီးနောက် ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လာရောက်ထုတ်ယူရမည့်လိပ်စာအတိုင်း ဆုလက်ဆောင်ရရှိသူကိုယ်တိုင် ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသည့် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဆုလက်ဆောင်အား လာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။ သတ်မှတ်ထားသောရက် (၁၀)ရက်အတွင်း လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုလက်ဆောင်ရရှိသူသည် မိမိရရှိသည့်ဆုလက်ဆောင်အားထုတ်ယူစဉ်တွင် သေချာစစ်ဆေးပြီးမှသာ လက်ခံရယူရမည်မှာ ဆုလက်ဆောင်ရရှိသူ၏ တာဝန်ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့် ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက် လာပါက ကမ္ဘောဇဘဏ်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၄။ ဆုလက်ဆောင်များအားလုံးသည် ကမ္ဘောဇဘဏ်၏ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်ပြီး ဆုလက်ဆောင်အမျိုးအစား  တစ်ခုစီတွင်သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ပါဝင်မည် ဖြစ်သည်။ ကူပွန်များနှင့် Ticketsများအား ကံထူးသော ဆုလက်ဆောင်ရရှိသူများအနေဖြင့် ထို ဆုလက်ဆောင်အတွက် သတ်မှတ်ထားသော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ အသုံးပြုနိုင်မည် ဖြစ်သည်။

၁၅။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်ရန် အကျုံးမဝင်ပါ။

၁၆။ ကမ္ဘောဇဘဏ် ဝန်ထမ်းများသည် ယခု Campaign တွင် ပါဝင်သူများအား ဆက်သွယ်ပြီး ၎င်းတို့၏ OTP သို့မဟုတ် PIN  နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၇။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၈။ ဤ Campaign  ကာလနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ် Customer များ နှင့် ကမ္ဘောဇဘဏ် တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား ကမ္ဘောဇဘဏ် ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customer များ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာစိစစ်၍ ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

၁၉။   ကမ္ဘောဇဘဏ် သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၀။   ကမ္ဘောဇဘဏ် အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၂၁။    ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် ဆုလက်ဆောင်များ အသီးသီးတွင် သတ်မှတ်ပါရှိသော စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင် စေရမည်။

၂၂။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၃။   ကမ္ဘောဇဘဏ် သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုး ကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ် မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ် အနေဖြင့် ကမ္ဘောဇဘဏ် Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၄။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသား ထားသည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။