KBZ Visa နှင့် Mastercard Prepaid Card ကိုင်ဆောင်ထားသည့် ကမ္ဘောဇဘဏ် Customer များအနေဖြင့် မိမိနှင့်နီးစပ်ရာ မည်သည့်ကမ္ဘောဇဘဏ်ခွဲတွင်မဆို အောက်ဖော်ပြပါဝန်ဆောင်မှုများ ရရှိနိုင်ပြီဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါတယ်။
ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ရရှိနိုင်မည့် KBZ Visa နှင့် Mastercard Prepaid Card ဝန်ဆောင်မှုများအနေဖြင့် –
(၁) Card KYC Update (အချက်အလက်များပြင်ဆင်ခြင်း)
(၂) Card Block/ Unblock (ကတ်ယာယီပတ်ခြင်း/ ပြန်လည်ဖွင့်ခြင်း)
(၃) Card PIN Renew (ကတ် Pin နံပါတ်အသစ်ပြန်လည်တောင်းခံခြင်း)
(၄) Card Close (ကတ်ပိတ်သိမ်းခြင်း) စသည့် လုပ်ငန်းစဥ်ဝန်ဆောင်မှု ၄ မျိုးကို ရယူနိုင်မှာဖြစ်ပါတယ်။
ဖော်ပြပါဝန်ဆောင်မှုများအပြင် သတ်မှတ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ(၃၀)မှာတော့ KBZ Visa နှင့် Mastercard Prepaid Card များနှင့်ပတ်သက်၍ အောက်တွင် ဖော်ပြထားသည့်ဝန်ဆောင်မှုများကို ထပ်ဆောင်းရယူနိုင်မှာဖြစ်ပါတယ်။
သတ်မှတ်ထားသော ကမ္ဘောဇဘဏ်ခွဲ (၃၀) တွင်သာ ရရှိနိုင်မည့် ထပ်ဆောင်းဝန်ဆောင်မှုများအနေဖြင့် –
(၁) Card Issuing (ကတ်အသစ်ထုတ်ပေးခြင်း)
(၂) Card Replacement (ကတ်ပျက်၊ ကတ်ပျောက် လျှောက်ထားခြင်း)
(၃) Card Renewal (ကတ်သက်တမ်းကုန်၍ ပြန်လည်လျှောက်ထားခြင်း)
(၄) Card Balance Inquiry (ကတ်လက်ကျန်စစ်ဆေးခြင်းကိစ္စ)
(၅) Card Top Up (ကတ်အတွင်းငွေလက်ကျန် ဖြည့်သွင်းခြင်း) လုပ်ငန်းစဥ်ဝန်ဆောင်မှုများပဲဖြစ်ပါတယ်။
သတ်မှတ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ (၃၀) ကို ယခုလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
(လင့်ခ်ထည့်ရန်)
Visa/ Mastercard Prepaid Card ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကမ္ဘောဇဘဏ် ၏ Customer Service သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အီးမေးလ် : [email protected]
ဖုန်းနံပါတ် : +959951018555