ကြိုတင်ကာတွေး ရင်သွေးစုဘူးအကောင့်ဖွင့်ကာ မိဘများဖန်တီးရယူနိုင်မယ့်အခွင့်အရေး

နှစ်ကိုယ်တူဘဝထဲကိုရောက်ရှိလာမယ့် ရင်သွေးကမ္ဘာငယ်လေးအတွက် အစီအစဥ်တွေဆွဲလို့နေပြီလား။ 

ဒါဆိုရင်တော့ ကလေးလေးအတွက် ဖေဖေမေမေတို့စိတ်ကူးမျှော်လင့်ချက်အပြည့်နဲ့အကောင်းဆုံးတွေ ပိုမိုဖန်တီးနိုင်အောင်လို့ ကမ္ဘောဇဘဏ်ရဲ့ ရင်သွေးစုဘူးအကောင့်ကို အခုပဲဖွင့်လိုက်ပါ။

ရင်သွေးစုဘူးအကောင့်ဆိုတာ ကလေးမီးဖွားဖို့ရည်ရွယ်ပြီး ငွေစု‌ဆောင်းလိုတဲ့ မိဘများ (သို့မဟုတ်)  မိခင်လောင်းများ ကလေးမီးဖွားဖို့ အထောက်အပံ့ စုငွေစုဆောင်းလိုတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေများ ဖွင့်လှစ်နိုင်တဲ့ အပ်ငွေစာရင်းဖြစ်ပါတယ်။ စုဆောင်းတဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ငွေပမာဏကို လစဉ်ပုံမှန်စုဆောင်းနိုင်မှာဖြစ်လို့ မီးဖွားစဉ်ကုန်ကျမယ့် ငွေကြေးကုန်ကျစရိတ်တို့ကို ပူပန်ဖို့ မလိုတော့ပါဘူး။ 

အပ်နှံရမယ့် ကာလအပိုင်းအခြားနဲ့  အတိုးနှုန်းတွေအနေနဲ့- 

✔️ ၆ လ – တစ်နှစ်လျှင်အတိုးနှုန်း ၉.၅%
✔️ ၉ လ – တစ်နှစ်လျှင်အတိုးနှုန်း ၉.၇၅%
✔️ ၁ နှစ် – တစ်နှစ်လျှင်အတိုးနှုန်း ၁၀% ရရှိနိုင်မှာဖြစ်ပါတယ်။ 

ဒါ့အပြင် ဒီအပ်ငွေစာရင်းရဲ့ထူးခြားချက်ကတော့ – 

♥︎ ရည်ရွယ်ထားသည့် ရည်မှန်းချက်ပန်းတိုင်ရောက်စေဖို့ ပုံမှန်စုဆောင်းသွားနိုင်ခြင်း
♥︎ လစဉ်ပုံမှန်ငွေပမာဏ အနည်းဆုံး ၃၀,၀၀၀ ကျပ်မှစတင် စုဆောင်းနိုင်ခြင်း
♥︎ မိတ်ဖက်ကုန်သည်များထံမှ အထူးကမ်းလှမ်းချက်များနဲ့ ပရိုမိုးရှင်းများကိုလည်း ရယူခံစားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ဒါကြောင့်ကိုယ်ဝန်ဆောင်ချိန်မှသည် မီးဖွားချိန်အတွင်း ကလေးငယ်လေးအတွက် ကြိုတင်ပြင်ဆင်စုဆောင်းနိုင်အောင် နီးစပ်ရာ ကမ္ဘောဇဘဏ်များကိုအရောက်သွားပြီး ရင်သွေးစုဘူးအကောင့်ဖွင့်လိုက်ပါ။