နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့် ပတ်သက်၍ အသိပေးကြေငြာခြင်း

ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံခြားငွေနှင့်ပတ်သက်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော ဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများအား တိကျစွာလိုက်နာ၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီးဆောင်ရွက်နေသော Online Trading Platform တွင် Exporter နှင့် Importer တို့၏ ဝယ်ယူ/ ရောင်းချခြင်းများကိုလဲ နေ့စဉ်ထုတ်ပြန်သော Online Trading Weighted Average Rate အား အခြေခံ၍ (၂၉.၅.၂၀၂၄) ရက်နေ့တွင် အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။

CurrencyBuySell
USD33263331
CNY475476
THB97.898.2

ပြည်ပနိုင်ငံများရှိ ရွှေ့ပြောင်းလုပ်သားများမှ မြန်မာနိုင်ငံအတွင်းသို့လွှဲပြောင်းမှုများ (Worker Remittance) များကိုလဲ Worker Remittance Rate ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ (၂၉.၅.၂၀၂၄) ရက်နေ့အတွက် Worker Remittance Rate မှာ အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၃၀ ကျပ် ဖြစ်ပါသည်။

ထို့အပြင် ကမ္ဘောဇဘဏ်အနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများ၏ အသေးသုံးနိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ကိုက်ညီသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ရောင်းချပေးလျက်ရှိပါသည်။

၁။ အလုပ်လုပ်ကိုင်ရန်ထွက်ခွာသူများ
၂။ ပညာတော်သင်ရန်ထွက်ခွာသူများ
၃။ ဆေးကုသမှုခံယူရန်ထွက်ခွာသူများ
၄။ ဘုရားဖူးထွက်ခွာသူများ
၅။ ပြည်ပနိုင်ငံအစိုးရ၊ အသင်းအဖွဲ့များ၏ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများ

အသေးသုံးနိုင်ငံခြားငွေ ရောင်းချခြင်းကိုလည်း Online Trading Weighted Average Rate အား အခြေခံ၍ ဝယ်ဈေး/ ရောင်းဈေးသတ်မှတ် ရောင်းချပေးလျက်ရှိပါသည်။ (၂၉.၅.၂၀၂၄) ရက်နေ့အတွက် အသေးသုံးနိုင်ငံခြားငွေ ဝယ်ယူရောင်းချသည့် ဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

CurrencyBuySell
USD33263331
EUR36073617
SGD24602470
CNY474.57477.43
THB97.7198.29

Online Trading Weighted Average Rate အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင်လည်းကောင်း၊ Worker Remittance Rate နှင့် အသေးသုံးနိုင်ငံခြားငွေရောင်းချသော Exchange Rate အား KBZ Website တွင်လည်းကောင်း အချိန်နှင့်တပြေးညီ တင်ပြကြော်ငြာလျက်ရှိကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။