ကမ္ဘောဇဘဏ် Customer များနှင့် KBZPay အသုံးပြုသူများအတွက် –
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ KBZPay Center (၂၈) ခုမှာ KBZ Credit Card နှင့် ပတ်သက်သော ဝန်ဆောင်မှုများကို နိုဝင်ဘာ ၅ ရက် ၂၀၂၄ ခုနှစ်မှ စတင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
KBZPay Center တွေမှာ ကမ္ဘောဇဘဏ်၏ Visa, MPU-UPI, MPU အကြွေးဝယ်ကတ်များနှင့် ပတ်သက်သော အောက်ပါ ဝန်ဆောင်မှုများကို လျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။
(၁) New Secured Credit Card Application (အပ်ငွေနောက်ခံပြုထားသော အကြွေးဝယ်ကတ် လျှောက်ထားခြင်း)
(၂) Supplementary Card Application (ဆင့်ပွားအကြွေးဝယ်ကတ် လျှောက်ထားခြင်း)
(၃) Credit Card Replacement (အကြွေးဝယ်ကတ် အစားထိုးလျှောက်ထားခြင်း)
(၄) Credit Card Renewal (အကြွေးဝယ်ကတ် သက်တမ်းတိုးလျှောက်ထားခြင်း)
Credit Card Renewal (အကြွေးဝယ်ကတ် သက်တမ်းတိုးလျှောက်ထားခြင်း)အား Credit Limit ၂၄ သိန်းနှင့်အောက် ရှိသောကတ်များကိုသာ KBZPay Center (၂၈) ခုတွင် လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။
လူကြီးမင်းတို့၏ လိုအပ်ချက်နှင့်အညီ ရွေးချယ်နိုင်သည့် KBZ Credit Card အမျိုးအစားများကတော့ –
✤ ပြည်တွင်းသာမက နိုင်ငံပေါင်း ၁၈၃ နိုင်ငံကျော်တွင် အသုံးပြုနိုင်သည့် KBZ MPU-UnionPay Credit Card
✤ ပြည်တွင်းအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ VISA အမှတ်တံဆိပ်ရှိ မည်သည့်ဆိုင်တွင်မဆို ငွေပေးချေနိုင်သည့် KBZ Visa Credit Card
✤ MPU နှင့် ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံအတွင်း မည်သည့်နေရာမှာမဆို လွယ်ကူစွာအသုံးပြုနိုင်သည့် KBZ MPU Credit Card တို့ပဲဖြစ်ပါတယ်။
ဝန်ဆောင်မှုရယူနိုင်သော KBZPay Center စာရင်းကို သိရှိလိုပါက ဒီလင့်ခ် မှတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။
KBZ Credit Card များအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ဒီလင့်ခ် မှတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။
ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက – KBZPay Call Center 3211 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။