ကမ္ဘောဇဘဏ်ရဲ့ အပ်ငွေစာရင်းဟောင်းများကို ပုံမှန်အတိုင်း အကန့်သတ်မရှိ အသုံးပြုနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ်အသုံးပြုသူ Customer များ      

ကမ္ဘောဇဘဏ် အသုံးပြုသူလူကြီးမင်းတို့ရဲ့ နေ့စဉ်ဘဏ်လုပ်ငန်းဆိုင်ရာများကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်စေတော့မယ့် သတင်းကောင်းအား ဝမ်းမြောက်စွာကြေညာလိုက်ပါသည်။ အပ်ငွေစာရင်းဟောင်းများဖြစ်သည့်   ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်း နှင့် စာရင်းသေအပ်ငွေစာရင်း တို့အား  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့ မှစတင်၍  မူလသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်ပြီဖြစ်ပါသည်။ ယခုကဲ့သို့ မူလသတ်မှတ်ချက်များအတိုင်းပြန်လည်အသုံးပြုရာတွင် ငွေသားထည့်သွင်းခြင်း၊ ငွေလွှဲခြင်း နှင့် ငွေသားထုတ်ယူခြင်း စသည့်လုပ်ဆောင်ချက်များပါဝင်မည်ဖြစ်ပါသည်။ 

ကမ္ဘောဇဘဏ်အား ယုံကြည်စိတ်ချရစွာ ရွေးချယ်သည့်အတွက်လည်း ကျေးဇူးတင်လျှက်ရှိပြီး ပိုမိုကောင်းမွန်သော  ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လည်း အစဉ်ကြိုးပမ်းလျှက်ရှိပါသည်။ 

ကမ္ဘောဇဘဏ်၏ အပ်ငွေစာရင်းဟောင်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များရှိပါက နီးစပ်ရာဘဏ်ခွဲ (သို့) Call Center နံပါတ် 09951018555 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;