လေးစားအပ်ပါသော ကမ္ဘောဇဘဏ်သုံးစွဲသူ ပြည်သူများ
ကမ္ဘောဇဘဏ်သုံးစွဲသူ customer များအနေဖြင့် KBZ iBanking၊ KBZ mBanking နှင့် KBZPay တို့ကို MPT၊ Telenor, Ooredoo and Mytel မိုဘိုင်းအင်တာနက်ဖြင့် အချိန်နေရာမရွေးအသုံးပြုနိုင်ပြီဖြစ်ကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။ Login ဝင်ရောက်သည့်အခါတွင် WiFi နှင့် VPN ပိတ်ထားပြီး အသုံးပြုရန် အကြုံပြုလိုပါသည်။
KBZ Online Banking (i/mBanking) ကိုအသုံးပြု၍ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ နှင့် အကောင့်လက်ကျန်ငွေ စစ်ဆေးခြင်းတို့ကို ဘဏ်ခွဲများသို့ သွားရောက်စရာမလိုဘဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။
KBZPay အားအသုံးပြု၍ အချင်းချင်း ငွေလွှဲခြင်း(အခမဲ့) ၊ ဖုန်းငွေဖြည့်ခြင်း၊ KBZ ATM များတွင်ငွေထုတ်ယူခြင်းအပြင် အခြား လုပ်ဆောင်မှုများ ကိုပြုလုပ်နိုင်ပါသည်။
ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။