လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူများ
မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်ရေး (Border Trade) လုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Customer များအနေဖြင့် ကမ္ဘောဇဘဏ်တွင် တရုတ်ယွမ်အကောင့် ဖွင့်လှစ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ –
၁)ကုမ္ပဏီ ယွမ်စာရင်းဖွင့်ခွင့် လျှောက်လွှာအား ဖြည့်စွက်ရန်
၂) သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်
၃) Company Extract from DICA
၄) ကုမ္ပဏီ၏ Constitution
၅) ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်
၆) ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်
၇) စာရင်းပိုင်ရှင်များ၏ မှတ်ပုံတင် စသည်တို့ ဖြစ်ပါသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် ဘဏ်ဝန်ဆောင်မှုပေးနိုင်သော ကမ္ဘောဇဘဏ်ခွဲများမှာ –
ဘဏ်ခွဲအမည် | လိပ်စာ |
မူဆယ်ဘဏ်ခွဲ ၁ | ဟ – ၁/၁၊ ပြည်ထောင်စုလမ်းနှင့် ခွာညို လမ်းထောင့်၊ ဟိုမွန်ရပ်ကွက်၊ မူဆယ် |
မူဆယ်ဘဏ်ခွဲ ၂ | ကလ-၂၁/ကောင်းမှုလွယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ မူဆယ် |
ရန်ကုန်ဘဏ်ခွဲ ၂၀၆ (IBD) | အမှတ် ၅၃၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ် |
မန္တလေးဘဏ်ခွဲ ၃၆ (IBD) | အကွက် ၇၊ ၇၃ လမ်း၊ သဇင်လမ်းနှင့် ရွှေ၀ါလမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ မင်္ဂလာမန္တလေး, ချမ်းမြသာစည်မြို့နယ် |
ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက Trade Sales phone: 09880593363, 09880593364, 09880593367, 09880593360 (သို့) email: [email protected] နှင့် [email protected] သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။