မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက်ဘဏ်ဝန်ဆောင်မှုများကို စတင်ရယူနိုင်ပါပြီ

လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူများ

မြန်မာ-ထိုင်း နယ်စပ်ဒေသကုန်သွယ်ရေး (Border Trade) လုပ်ငန်းများအတွက် ဘဏ်ဝန်ဆောင်မှုများကို ကမ္ဘောဇဘဏ်တွင် ရယူနိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ကမ္ဘောဇဘဏ်မှ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဘတ်စာရင်းဖွင့်လှစ်ခြင်း
  • ကျပ်ငွေစာရင်း နှင့် ဘတ်စာရင်း တိုက်ရိုက်လွှဲပြောင်းနိုင်ခြင်း
  • ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသော ကုန်ဖိုးငွေလွှဲ ဝင်ရောက်လာပါက Customer ၏ ဘဏ်စာရင်းသို့ ထည့်သွင်းပေးခြင်း
  • ကုန်ပစ္စည်းတန်ဖိုးပေးချေရန်အတွက် ထိုင်းနိုင်ငံရှိကုန်ရောင်းသူထံသို့ ငွေလွှဲပေးပို့ခြင်း

Customer များအနေဖြင့် ကမ္ဘောဇဘဏ်တွင် ထိုင်းဘတ်အကောင့် ဖွင့်လှစ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ-

၁)ကုမ္ပဏီ ဘတ်စာရင်းဖွင့်ခွင့် လျှောက်လွှာအား ဖြည့်စွက်ရန်

၂) သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်

၃) Company Extract from DICA

၄) ကုမ္ပဏီ၏ Constitution

၅) ကုမ္ပဏီအစည်းအဝေးဆုံးဖြတ်ချက်

၆) ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်

၇) စာရင်းပိုင်ရှင်များ၏ မှတ်ပုံတင် စသည်တို့ ဖြစ်ပါသည်။ 

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် ဘဏ်ဝန်ဆောင်မှုပေးနိုင်သော ကမ္ဘောဇဘဏ်ခွဲများမှာ –

ဘဏ်ခွဲအမည်လိပ်စာ
တာချီလိတ်ဘဏ်ခွဲ ၂နံပါတ် ၃၊ ၄၊ ၁၃၊ ၂၀၊ ၂၉ ၊ ဗိုလ်ချူပ်ေအာင်ဆန်းလမ်း၊ မဲခေါင်ရပ်ကွက်၊ တာချီလိတ်မြို့နယ်
မြ၀တီ ဘဏ်ခွဲ ၃နံပါတ် ၃၄၅၊ ၃၄၆၊ ၃၄၇၊ ၃၄၈၊ အာရှလမ်းမ၊ ၄ ရပ်ကွက်၊ မြ၀တီမြို့နယ်
မြိတ် ဘဏ်ခွဲ ၁နံပါတ် ၁၃/ဘီ၊ ပြည်ေတာ်သာလမ်း၊ ဆိတ်ငယ်မြို့မရပ်ကွက်၊ မြိတ်မြို့နယ်
ကော့သောင်းဘဏ်ခွဲနံပါတ် ၂၀၅/၁၊ ဗိုလ်ချုပ်လမ်း၊ ဘုရင့်နောင်ရပ်ကွက်၊ ကော့သောင်းမြို့
ရန်ကုန်ဘဏ်ခွဲ ၂၀၆ (IBD)အမှတ် ၅၃၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်
မန္တလေးဘဏ်ခွဲ ၃၆ (IBD)အကွက် ၇၊ ၇၃ လမ်း၊ သဇင်လမ်းနှင့် ‌ရွှေ၀ါလမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ မင်္ဂလာမန္တလေး, ချမ်းမြသာစည်မြို့နယ်

ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက Trade Sales phone: 09880593363, 09880593364, 09880593367, 09880593360 (သို့) email: [email protected] နှင့် [email protected] သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။  

if ( is_front_page() ) : if(get_locale() == 'en_US'){ }else { } endif;