KBZ Credit Card များဖြင့် ငွေပေးချေပြီး ပြန်အမ်းငွေ  ၃ဆ အထိ ကံစမ်းရယူမယ်

ငွေရှင်းဖို့လိုအပ်တိုင်း KBZ Credit Card များနဲ့ ငွေပေးချေကာ ၁,၀၀၀,၀၀၀ ကျပ်အထိကံစမ်းရယူနိုင်မယ့် ကမ္ဘောဇဘဏ်ရဲ့ ဒီဇင်ဘာလ အထူးအစီအစဥ်တစ်ခုနဲ့ မိတ်ဆက်လို့ပေးချင်ပါတယ်။ ဒီအစီအစဥ်မှာပါဝင်ဖို့အတွက် လူကြီးမင်းတို့ရဲ့ KBZ Credit Card တွေကိုအသုံးပြုပြီး KBZ POS စက်များမှာ ငွေပေးချေလိုက်ရုံနဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်။ 

သတ်မှတ်ချက်အနေနဲ့ – 

✦ အစီအစဉ်ကျင်းပနေစဉ် ကာလအတွင်းမှာ ဘောင်ချာတစ်စောင်ကို ၁၀၀,၀၀၀ ကျပ်နှင့်အထက်ငွေပေးချေမှု ပြုလုပ်ထားမှသာ အစီအစဥ်မှာပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်။ 

✦ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ကမ္ဘောဇဘဏ်ရဲ့ December Lucky Draw အစီအစဥ်ရဲ့ ငွေသားအထူးဆုများကို ရယူခံစားနိုင်မှာပဲဖြစ်ပါတယ်။ 

ဆုလက်ဆောင်များကတော့ – 

✤ အထူးဆုလက်ဆောင် ပထမဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၃) ဆကိုပေးမည်ဖြစ်ပြီး အများဆုံးသတ်မှတ်ချက် ၁,၀၀၀,၀၀၀ ကျပ် အထိ 

✤ အထူးဆုလက်ဆောင် ဒုတိယဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၂) ဆကိုပေးမည်ဖြစ်ပြီး အများဆုံးသတ်မှတ်ချက် ၅၀၀,၀၀၀ ကျပ် အထိ 

✤ အထူးဆုလက်ဆောင် တတိယဆုအတွက် အစီအစဉ်ကာလအတွင်း မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၁) ဆကိုပေးမည်ဖြစ်ပြီး အများဆုံးသတ်မှတ်ချက် ၃၀၀,၀၀၀ ကျပ် အထိ တို့ကို မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဥ်ကို ဒီဇင်ဘာ ၁ရက်မှ ၃၁ ရက် ၂၀၂၄ ခုနှစ်အထိပြုလုပ်သွားမှာဖြစ်ပြီး အမြင့်မားဆုံးဆုလက်ဆောင် ၁,၀၀၀,၀၀၀ ကျပ်အထိ ကံထူးဖို့ KBZ Credit Cards များ နဲ့ KBZ POS စက်များမှာ ငွေများများပေးချေလိုက်ပါ။ 

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ 
အစီအစဥ်အကြောင်း အသေးစိတ်ကို ဤလင့်ခ်တွင် ကြည့်ရှုနိုင်ပါတယ်။