KBZ Credit Card များဖြင့် ငွေပေးချေပြီး ပြန်အမ်းငွေ  ၃ဆ အထိ ကံစမ်းရယူမယ်

ငွေရှင်းဖို့လိုအပ်တိုင်း KBZ Credit Card များနဲ့ ငွေပေးချေကာ ၅၀၀,၀၀၀ ကျပ်အထိကံစမ်းရယူနိုင်မယ့် ကမ္ဘောဇဘဏ်ရဲ့ Thadingyut  အထူးအစီအစဥ်တစ်ခုနဲ့ မိတ်ဆက်လို့ပေးချင်ပါတယ်။ ဒီအစီအစဥ်မှာပါဝင်ဖို့အတွက် စျေးဝယ်ထွက်တိုင်း လူကြီးမင်းတို့ရဲ့ KBZ Credit Card တွေကိုအသုံးပြုပြီး KBZ POS စက်များမှာ ငွေပေးချေလိုက်ရုံနဲ့ ပါဝင်နိုင်မှာဖြစ်ပါတယ်။ 

သတ်မှတ်ချက်အနေနဲ့ – 

✦ ဘောင်ချာတစ်စောင်ကို ၅၀,၀၀၀ ကျပ်နှင့်အထက်ငွေရှင်းဖို့လိုအပ်ပြီး အစီအစဥ်ကျင်းပနေစဥ်ကာလ တစ်လအတွင်းမှာ ၁၅၀,၀၀၀ ကျပ် နှင့်အထက်ဝယ်ယူထားမှာသာ အစီအစဥ်မှာပါဝင်ခွင့်ရှိမှာဖြစ်ပါတယ်။ 

✦ သတ်မှတ်ချက်များနှင့်ပြည့်စုံပါက ကမ္ဘောဇဘဏ်ရဲ့ Thadingyut Lucky Draw အစီအစဥ်ရဲ့ ငွေသားအထူးဆုများကို ရယူခံစားနိုင်မှာပဲဖြစ်ပါတယ်။ 

ဆုလက်ဆောင်များကတော့ – 

✤ အထူးဆုလက်ဆောင် ပထမဆုအတွက် မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၃) ဆကိုပေးမည်ဖြစ်ပြီး အများဆုံးသတ်မှတ်ချက် ၅၀၀,၀၀၀ ကျပ် အထိ 

✤ အထူးဆုလက်ဆောင် ဒုတိယဆုအတွက် မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၂) ဆကိုပေးမည်ဖြစ်ပြီး အများဆုံးသတ်မှတ်ချက် ၃၀၀,၀၀၀ ကျပ် အထိ 

✤ အထူးဆုလက်ဆောင် တတိယဆုအတွက် မိမိသုံးစွဲထားသောငွေပမာဏရဲ့ (၁) ဆကိုပေးမည်ဖြစ်ပြီး အများဆုံးသတ်မှတ်ချက် ၁၅၀,၀၀၀ ကျပ် အထိ တို့ကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဥ်ကို အောက်တိုဘာ ၁ရက်မှ ၃၁ ရက် ၂၀၂၄ ခုနှစ်အထိပြုလုပ်သွားမှာဖြစ်ပြီး အမြင့်မားဆုံး ၅၀၀,၀၀၀ ကျပ်အထိ ကံစမ်းမဲဆုကြီးကို ကံထူးဖို့ စျေးဝယ်ထွက်ရင်း KBZ Credit Cards များ နဲ့ KBZ POS စက်မှာ ငွေများများပေးချေလိုက်ပါ။ စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များရှိပါသည်။ 


အစီအစဥ်အကြောင်း အသေးစိတ်ကို ဤလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။