အပ်ငွေထည့်သွင်းပြီးတာနဲ့ အတိုးချက်ချင်းရယူနိုင်မယ့် KBZ Instant Cash Fixed Deposit Account

အတိုးနှုန်းတွေဝေဝေဆာဆာရရှိဖို့ ကမ္ဘောဇဘဏ်ရဲ့ အပ်ငွေထည့်သွင်းပြီးတာနဲ့ အတိုးချက်ချင်းရယူနိုင်မယ့် KBZ Instant Cash Fixed Deposit Account ရှိလို့နေပါပြီ။ 

Instant Cash Fixed Deposit Account ဆိုတာ စာရင်းသေအပ်ငွေစာရင်းတစ်ခုဖြစ်ပြီး Customer များအနေဖြင့် စာရင်းဖွင့်ချိန်တွင် အတိုးအား ချက်ချင်းရရှိခံစားနိုင်မှာဖြစ်ပါတယ်။ စာရင်းတွင်းသို့ ကနဦးအပ်နှံငွေထည့်သွင်းရာမှာ ငွေစာရင်းအကောင့်များဖြစ်သည့် ငွေစုဘဏ်အပ်ငွေစာရင်း၊ ခေါ်ယူအပ်ငွေစာရင်း၊ စာရင်းရှင်အပ်ငွေစာရင်းတို့မှ ထည့်သွင်းနိုင်ပြီး ၁,၀၀၀,၀၀၀ ကျပ် ဖြင့် နီးစပ်ရာကမ္ဘောဇဘဏ်ခွဲများအားလုံးတွင် စတင်ဖွင့်လှစ်နိုင်ပါတယ်။

ရက် ၉၀ နှင့် ရက် ၁၈၀ ငွေစာရင်းသက်တမ်းနှစ်မျိုးဖွင့်လှစ်နိုင်ပြီး အတိုးနှုန်းများကတော့ –

  • ရက် ၉၀အကောင့်အတွက် သိန်း ၃၀၀၀ နှင့်အောက် – တစ်နှစ်လျှင် ၁၀%၊ သိန်း ၃၀၀၀ နှင့်အထက် – တစ်နှစ်လျှင် ၁၀.၅%
  • ရက် ၁၈၀ အကောင့်အတွက် သိန်း ၃၀၀၀ နှင့်အောက် – တစ်နှစ်လျှင် ၁၀.၅%၊ သိန်း ၃၀၀၀ နှင့်အထက် – တစ်နှစ်လျှင် ၁၀.၇၅% ဖြစ်ပါတယ်။

*အတိုးနှုန်းများ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၄ မှ စတင်၍ အကျုံးဝင်ပါသည်။

Instant Cash Fixed Deposit Account ကို လူပုဂ္ဂိုလ်များ (Individual Account)၊ တွဲဖက်စာရင်းများ (Joint Account)၊ ကုမ္ပဏီများ / အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများ (Corporate/ Association and Business Account) ဖွင့်လှစ်နိုင်ပါတယ်။