လေးစားအပ်ပါသော ကမ္ဘောဇဘဏ်ငွေစုဘဏ်အပ်ငွေစာရင်းသုံးစွဲသူ customer များ
ကမ္ဘောဇဘဏ် ငွေစုဘဏ်အပ်ငွေစာရင်းသုံးစွဲသူ customer များအတွက် စိတ်လှုပ်ရှားစရာကောင်းသော အစီအစဉ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။
ပုံမှန်ငွေစုဘဏ်အပ်ငွေစာရင်းcustomer များအနေဖြင့် မိမိတို့၏ ဒီဇင်ဘာလ နှင့် နိုဝင်ဘာလ ၂၀၂၁ ခုနှစ်အတွင်း ပျှမ်းမျှသတ်မှတ်ချက်ပြည့်မီသော တိုးမြင့်လာသည့် လက်ကျန်ငွေအပေါ်တွင် အပိုဆောင်းအတိုးငွေ တစ်နှစ်လျှင် ၃% အား ထပ်မံပေးအပ်သွားပါမည်။
လိုအပ်သည့်အချက်အလက်များ ပြည့်စုံပါက ငွေစုဘဏ်အပ်ငွေစာရင်း၏ တိုးမြင့်လာသော လက်ကျန်ငွေပေါ်တွင် တစ်နှစ်လျှင်အတိုးနှုန်း ၈% အထိ ( ပုံမှန်အတိုးနှုန်း တစ်နှစ်လျှင် ၅% + အပိုဆောင်း အတိုးနှုန်း တစ်နှစ်လျှင် ၃%) ရရှိမည်ဖြစ်ပါသည်။
အပိုဆောင်းအတိုးငွေအား ရယူရန် customer များအနေဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၅ ရက်နောက်ဆုံးထား၍ အပ်နှံရမည်ဖြစ်ပါသည်။
ငွေစုဘဏ်အတိုးနှုန်း ၅% အား၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အပိုဆောင်း အတိုးနှုန်း ၃% အား သတ်မှတ်ချက်ပြည့်မီပါက ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်း ရုံးဖွင့်ရက် (၇) ရက်အတွင်း ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
***အတိုးနှုန်းအား မည်သည့်အချိန်၌မဆို ပြင်ဆင်ရန် (သို့မဟုတ်) ဖြည့်စွက်ရန် ကမ္ဘောဇဘဏ်တွင် အခွင့်အာဏာရှိပါသည်။ ဘဏ်သည် ပြင်ဆင်သည့် စည်းကမ်းချက်များအား ဘဏ်၏ Website တွင် ထုတ်ပြန်ခြင်း (သို့မဟုတ်) ဘဏ်မှသင့်တော်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်သည်။ Website ပေါ်တွင် ထုတ်ပြန်သည့် ပြင်ဆင်ချက်များအပါအဝင် အဆိုပါစည်းကမ်းချက်များကို ပုံမှန်စစ်ဆေးရန် ငွေအပ်နှံသူတွင် တာဝန်ရှိပါသည်။