ပြည်ပနိုင်ငံများသို့ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ရောင်းချပေးနေပါပြီ

ကမ္ဘောဇဘဏ်အနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများ၏ အသေးသုံးနိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ အကြောင်းအရာများနှင့် ကိုက်ညီသူများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀ အထိ (သို့) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေအား ရောင်းချပေးလျက်ရှိပါသည်။

၁။ အလုပ်လုပ်ကိုင်ရန်ထွက်ခွာသူများ
၂။ ပညာတော်သင်ရန်ထွက်ခွာသူများ
၃။ ဆေးကုသမှုခံယူရန်ထွက်ခွာသူများ
၄။ ဘုရားဖူးထွက်ခွာသူများ
၅။ ပြည်ပနိုင်ငံအစိုးရ၊ အသင်းအဖွဲ့များ၏ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများ

ဝယ်ယူရရှိနိုင်သောနေရာများ

ရန်ကုန်    ကိုးမိုင်ဘဏ်ခွဲ
ပြည်သူ့ရင်ပြင်ဘဏ်ခွဲ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်)
မန္တလေး      မန္တလေးဘဏ်ခွဲ (၃၆) (Mandalay IBD)
မန္တလေးဘဏ်ခွဲ (၂၂)
မန္တလေးဘဏ်ခွဲ (၄)
နေပြည်တော်နေပြည်တော်ဘဏ်ခွဲ (၅)
တောင်ကြီး   တောင်ကြီးဘဏ်ခွဲ (၁)

ဝယ်ယူလိုသည့် customer များအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများပြည့်စုံစွာ တင်ပြ၍ လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက KBZ Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။