ခံစားခွင့်တွေအများကြီးရတဲ့ ကမ္ဘောဇဘဏ်ရဲ့ Eaxi Account နဲ့ဆို ငွေကြေးဆိုင်ရာ လုပ်ငန်းကိစ္စအဝဝကို လွယ်ကူချောမွေ့စေမယ့်အပြင် Dai-ichi Guard (KBZ Protect) အသက်အာမခံကိုပါ အခမဲ့ရယူနိုင်မယ့် အခွင့်အရေးရှိလို့နေပါပြီ။
အစီအစဉ်ကာလအတွင်းမှာ Eaxi Account (လူပုဂ္ဂိုလ်စာရင်းရှင်အပ်ငွေစာရင်း – Current Account Individual) ကို အသစ်ဖွင့်လှစ်ပြီး ငွေကျပ် သိန်း (၂၀) နှင့်အထက်ကိုအပ်နှံကာ ( ၂) လတိတိထားရှိသူတိုင်း Dai-ichi Guard (KBZ Protect) အသက်အာမခံကို ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။
ပါဝင်ရန် (၁ စက်တင်ဘာ ၂၀၂၄ မှစတင်၍)
အစီအစဉ်ကာလအတွင်းမှာ Eaxi Account (လူပုဂ္ဂိုလ်စာရင်းရှင်အပ်ငွေစာရင်း – Current Account Individual) ကို အသစ်ဖွင့်လှစ်ပြီး ငွေ ၁ သိန်းကျပ်နှင့်အထက်ကိုအပ်နှံကာ ( ၂) လတိတိထားရှိသူတိုင်း Dai-ichi Guard (KBZ Protect) အသက်အာမခံကို ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။
ပါဝင်ရန် (၁ အောက်တိုဘာ ၂၀၂၄ မှစတင်၍)
အစီအစဉ်ကာလအတွင်းမှာ Eaxi Account (Current Account Individual) သို့မဟုတ် Savings Account ကို အသစ်ဖွင့်လှစ်ပြီး ငွေ ၁ သိန်းကျပ်နှင့်အထက်ကိုအပ်နှံကာ ( ၂) လတိတိထားရှိသူ Individual Customer တိုင်း Dai-ichi Guard (KBZ Protect) အသက်အာမခံကို ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။
Dai-ichi Guard (KBZ Protect) အသက်အာမခံမှာ –
- အသက်ဆုံးပါးမှု၊
- ထာဝစဉ် မသန်စွမ်းဖြစ်မှုများအတွက် အကာအကွယ်ပေးအပ်ထားပြီး
- (၆) လတိတိ Eaxi Account ဖွင့်လှစ်ခဲ့သည့် စာရင်းပိုင်ရှင်ကိုယ်တိုင်အတွက် အထက်ပါ အာမခံအကာအကွယ်များ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Eaxi Account နဲ့ လွယ်ကူစွာငွေကြေးစီမံပြီး စိတ်အေးချမ်းသာမှုကိုပါ တစ်ပါတည်း ခံစားနိုင်ဖို့ Dai-ichi Counter ရှိသော ကမ္ဘောဇဘဏ်ခွဲများသို့ လာရောက်ငွေစာရင်းဖွင့်လှစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်လိုက်ရအောင်။ (Dai-ichi Counter ရှိသော ဘဏ်ခွဲစာရင်းကို ကြည့်ရှုရန် – https://bit.ly/4c6FMwo)