Special Call Deposit Account မှာ ထပ်ဆင့်အတိုးနှုန်းရယူပါ

Special Call Deposit Account မှာ ထပ်ဆင့်အတိုးနှုန်းရယူပါ

နေ့စဉ်အတိုးနှုန်းရရှိပြီး ငွေကြေးအလွယ်တကူစီမံနိုင်တဲ့ Special Call Deposit Account (Cash Call Deposit Account) ကို အသုံးပြုသူများအတွက် အပိုဆောင်းအတိုး ရယူနိုင်မယ့် အစီအစဉ်သစ်ကို ကမ္ဘောဇဘဏ်မှ မိတ်ဆက်လိုက်ပါပြီ။

ပါဝင်ရန်

လတစ်လအတွက် အကောင့်တွင်းရှိပျမ်းမျှအပ်ငွေကို ယခင်လပျမ်းမျှအပ်ငွေနဲ့ နှိုင်းယှဉ်ပြီး တိုးပွားလာတဲ့ အပ်ငွေပမာဏအတွက် အများဆုံးတစ်နှစ်လျှင် ၁% နဲ့တွက်ချက်ကာ တစ်လစာ ထပ်ဆောင်းအတိုးရရှိနိုင်မှာဖြစ်ပါတယ်။ ဤအစီအစဉ်မှာ Special Call Deposit Account  အမျိုးအစားအားလုံး အကျုံးဝင်ပါတယ်။

ဥပမာ – ဇူလိုင်လကုန်တွင် Special Call Deposit Account မှာ တစ်လစာပျှမ်းမျှအပ်ငွေ သိန်း ၂၀၀ ရှိပြီး ဩဂုတ်လကုန်တွင် ငွေစာရင်းမှာ တစ်လစာပျှမ်းမျှအပ်ငွေ သိန်း ၃၀၀ ရှိပါက တိုးတက်လာသော ပျမ်းမျှအပ်ငွေ သိန်း ၁၀၀ အတွက် တစ်နှစ်လျှင် ၁% နှုန်းနဲ့တွက်ချက်ကာ တစ်လစာ ထပ်ဆောင်းအတိုးရရှိနိုင်မှာဖြစ်ပါတယ်။

အစီအစဉ်ကာလကတော့ ဩဂုတ်လ ၁ ရက်နေ့ မှ စက်တင်ဘာလ ၃၀ ရက် ၂၀၂၄ ခုနှစ်အထိဖြစ်တာမို့ ပုံမှန်အပြင် ထပ်ဆင့် အတိုးနှုန်းရယူပြီး အပ်ငွေများပိုပြီးပွားများနိုင်ဖို့ ဒီအစီအစဉ်မှာပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များရှိပါသည်။