လစဥ်အတိုးများ Monthly Growth Fixed Deposit Account နဲ့ ဝေဆာတိုးပွား

ရက်တိုငွေစုပြီး အတိုးနှုန်းများများယူမလား။ 

ရက်ရှည်ငွေစုပြီး ဝေဆာတိုးပွားမလား။

ဘယ်လိုပဲ ငွေစုစု ကြိုက်နှစ်သက်ရာ သက်တမ်းကိုရွေးချယ်စုဆောင်းပြီး လစဉ်အတိုးနှုန်း အမြင့်မားဆုံးရရှိနိုင်မယ့် ကမ္ဘောဇဘဏ်ရဲ့ Monthly Growth Fixed Deposit Account ငွေစာရင်းသစ်တစ်မျိုးကိုမိတ်ဆက်ပေးလိုက်ပါပြီ။

Monthly Growth Fixed Deposit Account ရဲ့ထူးခြားချက်ကတော့ အတိုးနှုန်းကို ငွေစာရင်းသက်တမ်းပြည့်သည်အထိ စောင့်ဆိုင်းစရာမလိုဘဲ လစဉ်ရရှိမှာဖြစ်ပါတယ်။  ငွေစာရင်းဖွင့်လှစ်ချိန်နှင့် စာရင်းသက်တမ်းပြည့်ချိန်တို့မှာလည်း မိမိနှစ်သက်ရာ ငွေစာရင်းအကောင့်အမျိုးအစားဖြစ်သော Call ၊ Current ၊ Savings ကို အသုံးပြုနိုင်တာကြောင့် အဆင်အပြေဆုံးပါပဲ။

ရွေးချယ်နိုင်မယ့် အပ်ငွေကာလများနဲ့ တစ်နှစ်အတိုးနှုန်းများကတော့- 

✤ ရက်ပေါင်း ၉၀ ✤ 

သိန်း ၃၀၀၀ နှင့်အောက်: အတိုးနှုန်း 10.25%
သိန်း ၃၀၀၀ နှင့်အထက်: အတိုးနှုန်း 10.75%

✤ ရက်ပေါင်း ၁၈၀ ✤ 

သိန်း ၃၀၀၀ နှင့်အောက်: အတိုးနှုန်း 10.5%
သိန်း ၃၀၀၀ နှင့်အထက်: အတိုးနှုန်း 11%

✤ ရက်ပေါင်း ၂၇၀ ✤ 

သိန်း ၃၀၀၀ နှင့်အောက်: အတိုးနှုန်း 10.75%
သိန်း ၃၀၀၀ နှင့်အထက်: အတိုးနှုန်း 11.25%

✤ ရက်ပေါင်း ၃၆၀ ✤ 

သိန်း ၃၀၀၀ နှင့်အောက်: အတိုးနှုန်း 11.25%
သိန်း ၃၀၀၀ နှင့်အထက်: အတိုးနှုန်း 11.75%