လေးစားအပ်ပါသော ကမ္ဘောဇဘဏ် အသုံးပြုသူ customer များ
မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်ခွဲများတွင် Western Union (Inbound ငွေလွှဲပေးပို့ခြင်း) ဝန်ဆောင်မှုကို ပြန်လည်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။ ငွေထုတ်ယူမည့် customer များအနေဖြင့် ဘဏ်ခွဲများသို့ သွားရောက်သည့်အခါတွင် ငွေလက်ခံသူကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ပြီး ငွေလွှဲသူအမည် နှင့် ငွေလွှဲလိုက်သည့်နိုင်ငံအပါအဝင် အောက်ပါတို့ကို တပါတည်း ယူဆောင်သွားရမည်ဖြစ်ပါသည်။
– မှတ်ပုံတင်
– MTCN နံပါတ် (ငွေလွှဲသူမှ ငွေလွှဲလက်ခံမည့်သူထံသို့ ပေးပို့ထားသော ဂဏန်း၁၀လုံး ကုတ်နံပါတ်)
– ထုတ်ယူမည့်ငွေပမာဏ
ငွေသားထုတ်ယူရာတွင် မြန်မာကျပ်ငွေဖြင့်သာ ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ပတ်လျှင် ၅၀၀,၀၀၀ကျပ် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ငွေသားထုတ်ယူမည့်သူဘက်မှ ဝန်ဆောင်ခပေးဆောင်ရန်မလိုအပ်ပါ။
ဝန်ဆောင်မှုရရှိနိုင်သော ဘဏ်ခွဲများစာရင်းကို အောက်ဖော်ပြပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်သိရှိလို့ပါက Email: [email protected] (သို့)
Phone: 01-2307162, 09-443211683 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။