KBZ Bank မှ Banking Partner အဖြစ် ပါဝင်ပံ့ပိုးသွားမည့် PARKROYAL Happily Ever After Wedding Fair

PARKROYAL Yangon ရဲ့  Happily Ever After Wedding Fair မှာ KBZ Bank မှ Banking Partner အဖြင့် တာဝန်ယူထားပြီး မင်္ဂလာမောင်နှံတို့ရှေ့ဆက်ရမယ့်အချစ်ခရီးလမ်းတစ်လျှောက် ချောမွေ့ဖို့အတွက် ပါဝင်အားဖြည့်သွားမှာဖြစ်ပါတယ်။ 

Wedding Fair မှာ မင်္ဂလာဆောင်အစီအစဥ်မှသည် ချစ်စံအိမ်လေးကိုပိုင်ဆိုင်ဖို့အထိ KBZ Bank ရဲ့ ဝန်ဆောင်မှုများကိုရွေးချယ်ရယူနိုင်ပြီး အထူးဆုလက်ဆောင်နှင့် ခံစားခွင့်များစွာကိုလည်း ရရှိမှာဖြစ်ပါတယ်။ PARKROYAL: Happily Ever After Wedding Fair အား ဇွန်လ ၂၂ နှင့် ၂၃ ရက် ၂၀၂၄ ခုနှစ် (၂) ရက်တိတိပြုလုပ်သွားမှာဖြစ်ပြီး

KBZ Bank ရဲ့ Booth မှာ လာရောက်ရယူနိုင်တဲ့ ဝန်ဆောင်မှုများနဲ့ အထူးအစီအစဥ်အသေးစိတ်မှာ- 

KBZ Card များဖြင့် ရရှိနိုင်သော ခံစားခွင့်များ

✦ Happily Ever After Wedding Fair အတွင်းရှိ မည်သည့် Partner Booth တွင်မဆို KBZ Card များကို အသုံးပြုပြီး ၃၀,၀၀၀ ကျပ်နှင့်အထက်ငွေရှင်းပါက Spin Wheel လှည့်ခွင့်ရရှိမှာဖြစ်ပါတယ်။ 

ကံထူးနိုင်မယ့် ဆုလက်ဆောင်များကတော့

  • Notebook 
  • Tote Bag 
  • ထီး နှင့်
  • ရေဘူးများ ဖြစ်ပါတယ်။ 

✦  PARKROYAL မှ ပြုလုပ်သွားမည့် Lucky Draw အစီအစဥ်တွင်လည်း မိမိနှစ်သက်ရာ Wedding Package များကိုဝယ်ယူခဲ့ကြတဲ့ မင်္ဂလာမောင်နှံများအတွက် အထူး  Lucky Draw အစီအစဥ်အနေနဲ့ ကတ်တစ်ကတ်ရှိရုံနဲ့ အထူးသီးသန့်အခွင့်အရေးများစွာကို ခံစားရရှိနိုင်မယ့် KBZ Asia Prestige Diamond Debit Card (၃) ကတ်ကိုလဲ ကံထူးခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီကတ်ထဲမှာဆိုရင်လဲ ကနဦး အသုံးပြုလို့ရနိုင်မယ့် ငွေသားလက်ဆောင် (၁) သိန်းကျပ် တိတိ တောင် ပါဝင်ဦးမှာပဲဖြစ်ပါတယ်။ 

အပ်ငွေစာရင်းများဖွင့်ရုံဖြင့် ရရှိနိုင်သော ခံစားခွင့်များ

✦ Eaxi Account ဖွင့်ပြီး MPU Debit Card အခမဲ့ရယူနိုင်ခွင့် 
✦ Eaxi Account (သို့မဟုတ်) Wedding Savings Account ဖွင့်ပြီး ကနဦးအပ်ငွေ ၁၀၀,၀၀၀ ကျပ်နှင့်အထက်ထားရှိပါက Lucky Draw အစီအစဥ်တွင်ပါဝင်နိုင်ခွင့်
✦ Lucky Draw တွင် ကံထူးနိုင်မယ့် ဆုလက်ဆောင်များ ✦ 

– New Chaung Tha Hotel တွင် ၂ ညအိပ် ၃ ရက်‌နေနိုင်မည့် လက်‌ဆောင်ကူပွန်

– XO X23 TWS Earbuds

– Infinix Backpack များဖြစ်ပါတယ်။ 

အိမ်ရာချေးငွေများလျှောက်ထားရုံဖြင့် ရရှိနိုင်သောခံစားခွင့်များ

အစီအစဥ်ကျင်းပသည့်အချိန်ကာလအတွင်း KBZ Bank ရဲ့ Booth တွင် စာရင်းသွင်းပြီး ရက်ပေါင်း ၃၀ အတွင်းအိမ်ရာချေးငွေလျှောက်ထားပါက- 

✦ မူရင်း ၁.၅% ဘဏ်ဝန်ဆောင်ခအား ၁% ဖြင့် ရယူနိုင်ခွင့် 
✦ မူရင်း ၃၀%  Down Payment အား ၂၅% ဖြင့်ရယူနိုင်ခွင့်များပဲဖြစ်ပါတယ်။