ကမ္ဘောဇဘဏ် နှစ် (၃၀) ပြည့်အထိမ်းအမှတ်

ကမ္ဘောဇဘဏ် နှစ် (၃၀) ပြည့်အထိမ်းအမှတ် နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးသည့်အစီအစဉ်

Nationwide Tree Planting Program to Commemorate the 30th Anniversary of KBZ Bank

ကမ္ဘောဇဘဏ်ဟာ လူကြီးမင်းတို့နဲ့ အတူရှိခဲ့တာ ယနေ့ဆိုရင် နှစ်ပေါင်း (၃၀) တိုင်ခဲ့ပါပြီ။ Customer များအား ဝန်ဆောင်မှုပေးခြင်း နှစ် (၃၀) ပြည့်အထိမ်းအမှတ်အနေနဲ့ ကမ္ဘောဇဘဏ်၏ ကတိကဝတ်တစ်ခုဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်အားပုံဖော်သည့်အားဖြင့်  မြန်မာနိုင်ငံအနှံ့မှာ  သစ်ပင်ပေါင်း ၃၀,၀၀၀ စိုက်ပျိုးရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ 

နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးပွဲကို တောင်ကြီး ၊ မန္တလေး ၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် စတင်ကျင်းပခဲ့ကြပြီး ကမ္ဘောဇဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်နှင့် အကြီးတန်းအရာရှိများ အပါအဝင် ဘဏ်အရာထမ်း၊ ဝန်ထမ်းများစွာတို့က တက်တက်ကြွကြွ ပါဝင်စိုက်ပျိုးခဲ့ကြပါတယ်။ 

သစ်ပင်စိုက်ပွဲတွင်  တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသူ လုပ်ဖော်ကိုင်ဖက်များအားလုံးနှင့်အတူ သစ်ပင်စိုက်ခြင်းအခမ်းအနားဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်စကားဆိုရင်း နှစ်ပေါင်း (၃၀) မှသည် နောက်နှစ်ပေါင်းများစွာ လူမှုအကျိုးပြုလုပ်ငန်းများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ကတိစကားပါးလိုက်ရပါတယ်။