ယနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကမ္ဘောဇဘဏ်နှင့် တောင်ကိုရီးယားနိုင်ငံ Jeonbuk ဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှု စာချွန်လွှာ (MOU) ရေးထိုးခဲ့ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။
ယခုကဲ့သို့ နည်းဗျူဟာကျ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ခြင်းမှတဆင့် အောက်ပါ ကဏ္ဍများကို အဓိက ထား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကမ္ဘောဇဘဏ်၏ မြန်မာနိုင်ငံဈေးကွက်အပေါ် နားလည်မှုနှင့် Jeonbuk ဘဏ်၏ ဆန်းသစ်သောနည်းပညာ နှင့် ဆက်သွယ်မှုတို့ကို ပေါင်းစပ်ခြင်းဖြင့် ယခု မိတ်ဖက်ပူးပေါင်းမှုသည် မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ပြီး Korea ရောက် မြန်မာနိုင်ငံသားများ နှင့် မြန်မာပြည်တွင်းနေ ၎င်းတို့မိသားစုဝင်များအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူချောမွေ့စွာ ပေးအပ်ရန် ရည်ရွယ်ပါသည်။
“ ယခုလို Jeonbuk ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်တွေကို ဖော်ထုတ်ပေးပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ငွေကြေးဆက်ဆံရေးကို ခိုင်မာစေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ customer တွေအတွက် ကမ္ဘာ့အဆင့်မီ ငွေကြေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ” ဟု ကမ္ဘောဇဘဏ် အလုပ်အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်က ပြောကြားခဲ့သည်။
ကမ္ဘောဇဘဏ်အနေဖြင့် ယခု ပူးပေါင်းဆောင်ရွက်မှုသည် ကျွန်ုပ်တို့၏ တူညီသောရည်မှန်းချက်များကို ထင်ဟပ်စေပြီး ဆက်လက်၍ တိုးတက်မှုနှင့် အောင်မြင်မှုအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ပါသည်။