သင်္ဘောသားအလုပ်အကိုင် အေဂျင်စီ နှင့် အေးဂျင့်များအနေဖြင့် မိမိတို့နှင့် လက်တွဲလုပ်ကိုင်နေသော နိုင်ငံခြားရောက် မြန်မာနိုင်ငံသားအလုပ်သမားလစာများကို USD ဖြင့် ပေးအပ်ရာတွင် အဆင်ပြေလွယ်ကူစေရန် ကမ္ဘောဇဘဏ်၏ USD Payroll ဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အေဂျင်စီ ကုမ္ပဏီများမှ မိမိတို့နှင့် တွဲဖက်လုပ်ကိုင်နေကြသော နိုင်ငံခြားရောက် မြန်မာနိုင်ငံအလုပ်သမားများ (သင်္ဘောသား) ၏ လစာများကို KBZ Payroll ဝန်ဆောင်မှုကို အသုံးပြု၍ USD အကောင့်အချင်းချင်းသို့ လွယ်ကူလျှင်မြန်စွာ လွှဲပြောင်းပေးနိုင်မည်ဖြစ်ပါသည်။
လစာငွေထုတ်ယူလိုသည့် သင်္ဘောသားများအနေဖြင့်လည်း ကမ္ဘောဇဘဏ်မှ အကောင်းမွန်ဆုံး ငွေလဲနှုန်းထားနှင့်အတူ အမေရိကန် ၁ ဒေါ်လာလဲတိုင်း နိုင်ငံတော်မှပေးအပ်မည့် အပိုဆောင်းငွေ ၃၀ကျပ် ထည့်ပေါင်း၍ လဲလှယ်နိုင်မည်ဖြစ်ပြီး လွှဲပြောင်းလိုက်သော မြန်မာကျပ်ငွေအား နီးစပ်ရာ ဘဏ်ခွဲများတွင် ရက်ချိန်းယူရန်မလိုဘဲ အကန့်အသတ်မရှိ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုအကြောင်း အသေးစိတ်သိရှိလိုပါက KBZ Bank Call Center: 09-951018555 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး Payroll ဝန်ဆောင်မှုကို ရယူလိုပါက အောက်ပါ လင့်ခ်မှတဆင့် Inquiry Form ဖြည့်စွက်ပြီး ဆက်သွယ်ရယူနိုင်ပါသည်